ကိုယ့္ႏိုင္ငံ၊ ကိုယ့္အေျခအေနနဲ႔ ဘယ္ေလာက္ထိေမွ်ာ္ လင့္ေနတာလဲ လို႔ ေဒါက္တာခင္ခင္ႀကီး ဒဲ့ေမးၿပီ

တခ်ိဳ႕ေသာအရာေတြဟာ ေပါ့ေစလိုလို႔ေၾကာင္႐ုပ္ထိုး ေဆးအတြက္ေလးဆိုသလိုပဲ ကိုယ္ျဖစ္ေစခ်င္တာက တျခား ျဖစ္ေပၚလာတဲ့ အ က်ိဳးရလဒ္ကတျခား ျဖစ္ေစၿပီး အားလုံးကို ဒုကၡေရာက္ေစႏိုင္တာမို႔ ျပည္သူလူထုအေနနဲ႔ သူမ်ားေျပာတိုင္းမေယာင္ပဲ မိမိအသက္ကို ဉာဏ္နဲ႔ခ်င့္ခ်ိန္ၿပီး အရာရာမွာစဥ္းစားဆုံးျဖတ္ေစလိုပါတယ္။ဆိုလိုရင္းအခ်ဳပ္ကေတာ့ ေရာဂါမကူးစက္ေအာင္ တတ္ႏိုင္သမွ် ၫႊန္ၾကား ခ်က္ေတြလိုက္နာပါ ေရာဂါလကၡဏာခံစားရၿပီဆိုတာနဲ႔ ေဆး႐ုံျပသဖို႔ ဝန္မေလးပါနဲ႔လို႔ ေမတၱာနဲ႔ ထပ္မံအသိေပးအပ္ပါတယ္။တ ခါတ ေလ လူနာေတြကိုေရာ လူနာရွင္ေတြကိုေရာ တခ်ိဳ႕ေသာသူေတြကိုေရာ နားမလည္ႏိုင္ေအာင္ျဖစ္မိပါတယ္။

ကိုယ့္ႏိုင္ငံအေျခအေန ကိုယ့္လူေတြရဲ႕အေၾကာင္း သိရက္သားနဲ႔ ဘယ္ေလာက္ထိမ်ား ေမွ်ာ္လင့္ေနတာပါလိမ့္လို႔ ေတြးမိတယ္။လက္ရွိမွာ အားလုံးတက္ညီလက္ညီေဆာင္႐ြက္ေနၾကတယ္ ကိုယ့္မွာရွိတဲ့စြမ္းပကားနဲ႔ ကိုယ္စီကိုယ္ငွ အေကာင္းဆုံး စြမ္းေဆာင္ေနၾကတယ္။ ဒါ ဆိုသိပ္ေကာင္းၿပီး သိပ္ျပည့္စုံေနၿပီလားဆိုရင္ေတာ့ လိုအပ္ခ်က္ေတြ ေနရာတိုင္းမွာ ရွိေနပါတယ္ ဒီလိုအပ္ခ်က္ေတြကိုလဲ ႏိုင္ငံေတာ္အ စိုးရနဲ႔ ႏိုင္ငံသားအလႉရွင္ေတြ volunteer ေတြက ႀကိဳးစားပမ္းစား ေဆာင္႐ြက္ေနၾကတယ္ ဒါကိုအားလုံးအသိပဲျဖစ္ပါတယ္။ ကုသေရး ပိုင္းဆိုင္ရာမွာဆိုလဲ သက္ဆိုင္ရာ ဆရာဝန္ က်န္းမာေရးဝန္ထမ္းေတြဟာ ေန႔မနား ညမအား အဆိုင္းလိုက္။

အားႀကိဳးမာန္တက္ ေဆာင္႐ြက္ေနၾကတာဟာ တကယ့္ကို အံ့ခ်ီးမကုန္ႏိုင္ဖြယ္ျဖစ္ပါတယ္ သူတို႔စိတ္ထဲမွာ ျပည္သူအတြက္ စိတ္ထဲထည့္ ၿပီး ေဆာင္႐ြက္ေန တာျဖစ္ပါတယ္။ခုအေျခအေနသည္ သာမန္အေျခအေနမဟုတ္ပါ ကပ္ေဘးနဲ႔ ႀကဳံေနတာပါ ။သို႔ေသာ္တခ်ိဳ႕ေသာ သူ မ်ားရဲ႕ ေရးသားခ်က္ မ်ားဟာ သူတို႔ရဲ႕ စိတ္ထား ခံယူခ်က္အေပၚပဲ မူတည္ပါတယ္ အားလုံးကို ကိုယ္စားမျပဳပါ။ဒီေနရာမွာ တခုပဲ ေျပာ ခ်င္တာက ဒီလိုေတြ ျဖစ္ေနပါတယ္ေျပာလို႔ နဂိုထဲက ေဆး႐ုံ/ေဆးခန္းသြားရမွာ ဝန္ေလးေနတဲ့ ျပည္သူေတြကို ဗူးေလးရာ ဖ႐ုံဆင့္သလို ျဖစ္ၿပီး အိမ္မွာပဲ ေရာဂါဆိုးေနရက္နဲ႔ ေနၾကမယ္ဆိုရင္ ေသဆုံးမႈနဲ႔ ဒီေသဆုံးသူရဲ႕မိသားစု ေရာဂါကူးစက္ျဖစ္ပြားမႈဟာ ေၾကာက္ခမန္းလိ လိ တက္လာမွာျဖစ္တယ္ဆိုတာကို သတိခ်ပ္ေစခ်င္ပါတယ္။

ေဒါက္တာခင္ခင္ႀကီး

UNICODE

တချို့သောအရာတွေဟာ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးအတွက်လေးဆိုသလိုပဲ ကိုယ်ဖြစ်စေချင်တာက တခြား ဖြစ်ပေါ်လာတဲ့ အ ကျိုးရလဒ်ကတခြား ဖြစ်စေပြီး အားလုံးကို ဒုက္ခရောက်စေနိုင်တာမို့ ပြည်သူလူထုအနေနဲ့ သူများပြောတိုင်းမယောင်ပဲ မိမိအသက်ကို ဉာဏ်နဲ့ချင့်ချိန်ပြီး အရာရာမှာစဉ်းစားဆုံးဖြတ်စေလိုပါတယ်။ဆိုလိုရင်းအချုပ်ကတော့ ရောဂါမကူးစက်အောင် တတ်နိုင်သမျှ ညွှန်ကြား ချက်တွေလိုက်နာပါ ရောဂါလက္ခဏာခံစားရပြီဆိုတာနဲ့ ဆေးရုံပြသဖို့ ဝန်မလေးပါနဲ့လို့ မေတ္တာနဲ့ ထပ်မံအသိပေးအပ်ပါတယ်။တ ခါတ လေ လူနာတွေကိုရော လူနာရှင်တွေကိုရော တချို့သောသူတွေကိုရော နားမလည်နိုင်အောင်ဖြစ်မိပါတယ်။

ကိုယ့်နိုင်ငံအခြေအနေ ကိုယ့်လူတွေရဲ့အကြောင်း သိရက်သားနဲ့ ဘယ်လောက်ထိများ မျှော်လင့်နေတာပါလိမ့်လို့ တွေးမိတယ်။လက်ရှိမှာ အားလုံးတက်ညီလက်ညီဆောင်ရွက်နေကြတယ် ကိုယ့်မှာရှိတဲ့စွမ်းပကားနဲ့ ကိုယ်စီကိုယ်ငှ အကောင်းဆုံး စွမ်းဆောင်နေကြတယ်။ ဒါ ဆိုသိပ်ကောင်းပြီး သိပ်ပြည့်စုံနေပြီလားဆိုရင်တော့ လိုအပ်ချက်တွေ နေရာတိုင်းမှာ ရှိနေပါတယ် ဒီလိုအပ်ချက်တွေကိုလဲ နိုင်ငံတော်အ စိုးရနဲ့ နိုင်ငံသားအလှူရှင်တွေ volunteer တွေက ကြိုးစားပမ်းစား ဆောင်ရွက်နေကြတယ် ဒါကိုအားလုံးအသိပဲဖြစ်ပါတယ်။ ကုသရေး ပိုင်းဆိုင်ရာမှာဆိုလဲ သက်ဆိုင်ရာ ဆရာဝန် ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့မနား ညမအား အဆိုင်းလိုက်။

အားကြိုးမာန်တက် ဆောင်ရွက်နေကြတာဟာ တကယ့်ကို အံ့ချီးမကုန်နိုင်ဖွယ်ဖြစ်ပါတယ် သူတို့စိတ်ထဲမှာ ပြည်သူအတွက် စိတ်ထဲထည့် ပြီး ဆောင်ရွက်နေ တာဖြစ်ပါတယ်။ခုအခြေအနေသည် သာမန်အခြေအနေမဟုတ်ပါ ကပ်ဘေးနဲ့ ကြုံနေတာပါ ။သို့သော်တချို့သော သူ များရဲ့ ရေးသားချက် များဟာ သူတို့ရဲ့ စိတ်ထား ခံယူချက်အပေါ်ပဲ မူတည်ပါတယ် အားလုံးကို ကိုယ်စားမပြုပါ။ဒီနေရာမှာ တခုပဲ ပြော ချင်တာက ဒီလိုတွေ ဖြစ်နေပါတယ်ပြောလို့ နဂိုထဲက ဆေးရုံ/ဆေးခန်းသွားရမှာ ဝန်လေးနေတဲ့ ပြည်သူတွေကို ဗူးလေးရာ ဖရုံဆင့်သလို ဖြစ်ပြီး အိမ်မှာပဲ ရောဂါဆိုးနေရက်နဲ့ နေကြမယ်ဆိုရင် သေဆုံးမှုနဲ့ ဒီသေဆုံးသူရဲ့မိသားစု ရောဂါကူးစက်ဖြစ်ပွားမှုဟာ ကြောက်ခမန်းလိ လိ တက်လာမှာဖြစ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

ဒေါက်တာခင်ခင်ကြီး