ဘဂၤလားပင္လယ္ေအာ္ရွိ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းရာမွ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိ

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၁:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း(Low Pressure Area)သည္ ဘဂၤလား ပင္လယ္ေအာ္အေနာက္အလယ္ပိုင္းတြင္ မုန္တိုင္းငယ္(Depression)အျဖစ္သို႔ ေရာက္ရွိခဲ့ပါသည္။ အဆိုပါ မုန္တိုင္းငယ္ (Depression) သည္ အိႏၵိယႏိုင္ငံ၊ ဗီဆာကာပတၱနမ္ၿမိဳ႕(Vishakhapatanam)၏ ေတာင္- အေရွ႕ေတာင္ဘက္ ေရမိုင္(၂၃၅) မိုင္ခန႔္ႏွင့္ ကာကီနာဒါၿမိဳ႕ (Kakinadaha)၏ အေရွ႕ေတာင္ဘက္ ေရမိုင္(၂၆၅) မိုင္ခန႔္အကြာပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားနည္းေနပါသည္။ထူးျခားသည့္အေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္(၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ အပူပိုင္းမုန္တိုင္း“လင္ဖ”(Linfa)သည္ ဗီယက္နမ္ႏိုင္ငံကမ္း ေျခကို ကြမ္ႏိုင္းၿမိဳ႕(Quang Ngai)အနီးမွ ကုန္းတြင္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး၊ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ တစ္ျဖည္း ျဖည္း အားေလ်ာ့သြားမည္ဟု ခန႔္မွန္းရပါသည္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ တနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာအႏွံ႔အျပား၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္ တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ တနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။

REF: မိုး/ဇလ

UNICODE

ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatanam)၏ တောင်- အရှေ့တောင်ဘက် ရေမိုင်(၂၃၅) မိုင်ခန့်နှင့် ကာကီနာဒါမြို့ (Kakinadaha)၏ အရှေ့တောင်ဘက် ရေမိုင်(၂၆၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“လင်ဖ”(Linfa)သည် ဗီယက်နမ်နိုင်ငံကမ်း ခြေကို ကွမ်နိုင်းမြို့(Quang Ngai)အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တစ်ဖြည်း ဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

REF:  မိုး/ဇလ