လွင်မိုးက သူပိုင်ဆိုင်သော ရန်ကုန်မြို့က Paradiso ရုပ်ရှင်ရုံများကို ကိုဗစ်ကုသရေးစင်တာတွေအဖြစ် အသုံးပြုခွင့်ပေး




CRD: CELE STAR

UNICODE

အခုလို မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ အနုပညာရှင်တွေပါ အင် တိုက်အားတိုက် ပါဝင်လာကြတာမို့ ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေချောမွေ့လာတော့မှာ အမှန်ပါပဲ ပရိသတ်ကြီး ရေ..။ ကိုဗစ်ကာကွယ်ကုသရေးအတွက် တကယ်ကို အကျိုးရှိတဲ့အလှူလေးလှူဒါန်းပေးနိုင်ခဲ့တဲ့ လွင်မိုးရဲ့အလှူလေးကို ပရိသတ်ကြီး လည်း သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပရိသတ်ရဲ့အချစ်တော် မင်းသားကြီးလွင်မိုးကတော့ ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဆက်တိုက်ကူညီနေသလို ဒီ တစ်ခေါက်မှာလည်း သူပိုင်ဆိုင်တဲ့ ရန်ကုန်မြို့က ပါရာဒီဆိုရုပ်ရှင်ရုံများကို ကိုဗစ်ရောဂါကုသရေးစင်တာတွေအဖြစ် အသုံးပြုနိုင်ရန်အ တွက် ကိုဗစ်ကာကွယ်ကုသမရေးကော်မတီသို့ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ရန်ကုန်မြို့အတွင်းမှာ ရှိတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း ပါ ရာဒီဆိုရုပ်ရှင်ရုံ၊ ပုလဲမြို့သစ် ပါရာဒီဆိုရုပ်ရှင်ရုံ၊ လှိုင်သာယာ ပါရာဒီဆိုရုပ်ရှင်ရုံ၊ သံလျင်ပါရာဒီဆိုရုပ်ရှင်ရုံ များကို လှူဒါန်းပေးခဲ့တာပါ။

ဒီရုပ်ရှင်ရုံတွေကတော့ လုံးဝအသုံးမပြုရသေးတဲ့ရုပ်ရှင်ရုံတွေဖြစ်တာကြောင့် လိုအပ်သလိုအသုံးပြုနိုင်ဖို့ လှူဒါန်းရခြင်းဖြစ်သလို ကား ရပ်နားရတာ အဆင်ပြေခြင်း၊ အဲယားကွန်းတပ်ဆင်ပြီးဖြစ်ခြင်း၊ အိမ်သာရေချိုးခန်း အတွက်လည်း အဆင်ပြေတာကြောင့် ကိုဗစ်ကာ ကွယ်ရေးစင်တာအဖြစ် တစ်ခါတည်း အသုံးပြုနိုင်တာမို့ ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးအတွက် တကယ်ကို တန်ဖိုးရှိတဲ့အလှူလေး ပါပဲနော်။

CRD:  CELE  STAR