သတင်းကောင်း အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ကာကွယ်ဆေး ဖြန့်ဝေပေး မည့် (၉၂)နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်




UNICODE

ကိုဗစ်-၁၉နှင့် ပတ်သက်ပြီး COVAX အဖွဲ့အစည်း သည် ကာကွယ်ဆေးထိုးစီမံချက်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အ စည်းဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားသော အဖွဲ့အစည်းဖြစ်ကာ အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျ သော နိုင်ငံများလည်း ပါဝင်ကြောင်း သိရှိရပါသည်။(၉၂)နိုင်ငံတွင်ရှိသော လူဦးရေ (၂၀)%ကို လွှမ်းခြုံနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင် ငံအနေနှင့် ပထမဦးစားပေးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် သက်ကြီးရွယ်အို များဖြစ်ကာ တတိယဦးစားပေးအနေဖြင့် ရောဂါအခံရှိသူများကို အသီးသီးရွေးချယ်ထားကြောင်း သိရှိရပါသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များမှ လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက် သော ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင်အားထုတ်ကြိုးပမ်းလျက်ရှိနေပြီး လာမည့်နှစ်တွင် WHO မှ ကာကွယ်ဆေး သန်း( ၂၀၀၀ ) ဖြန့်ဝေပေးမည့် အစီအစဉ်ရှိနေပြီး အဆိုပါအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ ပြောကြားခဲ့ပါသည်။

CRD:  ရန်ကုန်သတင်းဌာနခွဲ