ေန႔ စား၊ အေႏွးယာဥ္ နဲ႔ ဆိုင္ကယ္ကယ္ရီ အလုပ္သမား မ်ား ေထာက္ပံ့ေၾကး (၃၀၀၀၀) အ တြက္ စာ ရင္းေပးႏိုင္ၿပီဟု ထုတ္ျပန္

ကိုဗစ္-၁၉ေၾကာင့္ ရန္ကုန္မွာေတာ့ အစိုးရခြင့္ျပဳထားတဲ့လုပ္ငန္းေတြကလြဲၿပီး က်န္တဲ့လုပ္ငန္းကဝန္ထမ္းေတြ အလုပ္မသြားၾကဖို႔နဲ႔ အ ထည္ခ်ဳပ္လုပ္ငန္းကဝ န္ထမ္းေတြအေနနဲ႔လည္း ေအာက္တိုဘာ(၂၁)ရက္ေန႔အထိ အလုပ္မသြားဖို႔ က်န္းမားေရးနဲ႔ အားကစားဝန္ႀကီးဌာ နက အမိန႔္ထုတ္ျပန္ထားပါတယ္။ရန္ကုန္ တိုင္းေဒသႀကီးထဲမွာ စားဝတ္ေနေရးခက္ခဲၿပီး လူမႈဖူလုံေရးစနစ္မွာ အက်ဳံးမဝင္တဲ့ အလုပ္သ မားေတြ အေနနဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္စက္မႈဇုန္ စီမံခန႔္ခြဲမႈ ေကာ္မတီ႐ုံးေတြကို စာရင္းေပးသြင္းႏိုင္ၿပီလို႔ ျမန္မာႏိုင္ငံ စားေသာက္ ကုန္အ လုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(FWFM)ထုတ္ျပန္ ထားပါတယ္။

လူမႈဖူလုံေရးစနစ္မွာအက်ဳံးမဝင္တဲ့ ေဆာက္လုပ္ေရးလုပ္သား၊ ေန႔စား၊ ယာယီ၊ ပုတ္ျပတ္၊ အေႏွးယာဥ္နဲ႔ ဆိုင္ကယ္တကၠစီ အလုပ္သမား ေတြကို ႏိုင္ငံေတာ္က တစ္ေယာက္ကို က်ပ္(၃၀၀၀၀)ေထာက္ပံ့မွာျဖစ္တဲ့အတြက္ေလွ်ာက္ထားၾကဖို႔ တိုက္တြန္းလိုက္တာ ပါ။ လူမႈစီးပြား ေရးအေျခအေန ၾကပ္တည္းေနၾကတဲ့ အလုပ္သမားေတြအေနနဲ႔ နာမည္၊ အေဖနာမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္၊ ေနရပ္လိပ္ စာ၊ အလုပ္အကိုင္နဲ႔ လက္မွတ္၊ မွတ္ခ်က္ပါတဲ့ Form ကို ျဖည့္သြင္းၿပီးေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္စက္မႈဇုန္စီမံခန႔္ခြဲမႈ ေကာ္မတီ႐ုံးေတြ ကို ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

လူမႈဖူလုံေရး အက်ဳံးမဝင္တဲ့ အလုပ္သမားေတြ တစ္ေယာက္ကို က်ပ္(၃၀၀၀၀)ေပးမယ္လို႔ ေအာက္တိုဘာလ (၈)ရက္ေန႔က ျမန္မာႏိုင္ငံ လုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္နဲ႔ အစိုးရတာဝန္ရွိသူေတြ ေတြ႕ဆုံခ်ိန္ အလုပ္သမားလူဝန္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာခဲ့တာပါ။

REF: SHWE WIKI

UNICODE

ကိုဗစ်-၁၉ကြောင့် ရန်ကုန်မှာတော့ အစိုးရခွင့်ပြုထားတဲ့လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းကဝန်ထမ်းတွေ အလုပ်မသွားကြဖို့နဲ့ အ ထည်ချုပ်လုပ်ငန်းကဝ န်ထမ်းတွေအနေနဲ့လည်း အောက်တိုဘာ(၂၁)ရက်နေ့အထိ အလုပ်မသွားဖို့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာ နက အမိန့်ထုတ်ပြန်ထားပါတယ်။ရန်ကုန် တိုင်းဒေသကြီးထဲမှာ စားဝတ်နေရေးခက်ခဲပြီး လူမှုဖူလုံရေးစနစ်မှာ အကျုံးမဝင်တဲ့ အလုပ်သ မားတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးတွေကို စာရင်းပေးသွင်းနိုင်ပြီလို့ မြန်မာနိုင်ငံ စားသောက် ကုန်အ လုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FWFM)ထုတ်ပြန် ထားပါတယ်။

လူမှုဖူလုံရေးစနစ်မှာအကျုံးမဝင်တဲ့ ဆောက်လုပ်ရေးလုပ်သား၊ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ အနှေးယာဉ်နဲ့ ဆိုင်ကယ်တက္ကစီ အလုပ်သမား တွေကို နိုင်ငံတော်က တစ်ယောက်ကို ကျပ်(၃၀၀၀၀)ထောက်ပံ့မှာဖြစ်တဲ့အတွက်လျှောက်ထားကြဖို့ တိုက်တွန်းလိုက်တာ ပါ။ လူမှုစီးပွား ရေးအခြေအနေ ကြပ်တည်းနေကြတဲ့ အလုပ်သမားတွေအနေနဲ့ နာမည်၊ အဖေနာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ် စာ၊ အလုပ်အကိုင်နဲ့ လက်မှတ်၊ မှတ်ချက်ပါတဲ့ Form ကို ဖြည့်သွင်းပြီးတော့ သက်ဆိုင်ရာ မြို့နယ်စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံးတွေ ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

လူမှုဖူလုံရေး အကျုံးမဝင်တဲ့ အလုပ်သမားတွေ တစ်ယောက်ကို ကျပ်(၃၀၀၀၀)ပေးမယ်လို့ အောက်တိုဘာလ (၈)ရက်နေ့က မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံချိန် အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာပါ။

REF:  SHWE  WIKI