အဆင်ပြေစ ပြု လာပြီဖြစ် တဲ့ ရန်ကုန် အဆင့်(A) အဖြစ် သတ်မှတ်ပြီ ဖြစ်ကြောင်း ထုတ်ပြန်



Credit : O media

UNICODE

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်မှု ရှိမရှိကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီးတော့ အဆင့်(A)ရတဲ့လုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနက CMP လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စက်တင် ဘာလ(၂၄)ရက်နေ့က စပြီးတော့ အလုပ်မသွားကြဖို့ တား မြစ်ထားတာကို အောက်တိုဘာလ (၂၁) ရက်နေ့အထိ သက်တမ်းတိုးခဲ့ပေမဲ့ ဒီနေ့မှာတော့ စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာတော့ အောက်တိုဘာလ (၁၀) ရက်ညပိုင်းအထိ ပိုးတွေ့လူနာ (၂၆၀၆၄) ဦးရှိနေပြီးတော့ ရောဂါကပြန်လည် သက်သာ လာလို့ ဆေးရုံဆင်းခွင့်ရသူ (၇၀၅၀) ဦးနဲ့ သေဆုံးသူ (၅၉၈) ဦးရှိနေပါတယ်။ အဲဒီထဲမှာတော့ ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာစုစုပေါင်းဟာ (၂)သောင်းနီးပါးအထိ ရှိနေပါတယ်။ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် အဆင့်(A)ရအောင်ပြင်ဆင် ထားတဲ့ ကုန်ကြမ်းယူကုန်ချော ပေး လက်ခစား လုပ်ငန်း(CMP)စက်ရုံအလုပ်ရုံတွေနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို အောက်တိုဘာလ(၁၂)ရက်နေ့ကစပြီး ပြန်လုပ်ကိုင်ခွင့်ပြုမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

Credit :  O media