ကိုဗစ္ကာလ ေျပာင္းလဲ တိုးတက္လာတဲ့ အလုပ္အကိုင္မ်ား ႏွင့္ လူငယ္ေတြ အတြက္ အနာဂတ္ ပုံစံ အေၾကာင္း

ကိုဗစ္ေၾကာင့္အလုပ္ေတြနားရတယ္ အလုပ္ေတြျပဳတ္တယ္ဆိုတဲ့အခါမွာလည္း အမ်ား အားျဖင့္အလုပ္ေတြက အိမ္ကေနလုပ္ေပးလို႔ မရတဲ့ ဒစ္ဂ်စ္တယ္နည္းပညာကို အသုံးခ်လို႔မရတဲ့ အလုပ္အကိုင္မ်ိဳးေတြမ်ားတယ္။ အိမ္ကေန ဟန္မပ်က္ဆက္လုပ္သြားလို႔ရတဲ့ အ လုပ္ေတြက အိမ္ကလုပ္ရင္း ဆက္သြားေနတာပဲ။ ဒါက အဆင့္ျမႇင့္ရမယ္ဆိုတာကိုျပတာ။ ဒီလိုအေျပာင္းအလဲမ်ိဳးကလည္း ေနာက္ျပန္ လွည့္ေတာ့မွာမဟုတ္ဘူး။ နည္းပညာကို သုံးၿပီး အလုပ္ကိုေရွ႕ဆက္ၾကေတာ့မွာ။

ဒီအခ်ိန္မွာ ကိုယ္က ကိုယ့္ကိုယ္ကိုယ္အဆင့္ျမႇင့္ထားႏိုင္မယ္ နည္းပညာ၊ ဒစ္ဂ်စ္တယ္ နဲ႔ အဂၤလိပ္စာလိုမ်ိဳး မရွိမျဖစ္အရာေတြကို တတ္ ေျမာက္ကြၽမ္းက်င္ေအာင္လုပ္ထားမယ္ဆိုရင္ ျဖစ္လာမယ့္အလုပ္အသစ္ေတြအတြက္ အဆင္သင့္ျဖစ္ေနလိမ့္မယ္။ အခက္အခဲႀကဳံရတာ အမ်ားနဲ႔ျဖစ္တဲ့အတြက္ ကိုယ္ျပင္ဆင္ႀကိဳးစားထားမယ္ ဆိုရင္ အခြင့္အေရးရတဲ့အခါ ေရွ႕တန္းက ျဖစ္ေနမွာပဲ။ လက္ေလွ်ာ့ၿပီး ညည္းညဴ ေနရင္ေတာ့လည္း ဘာမွ ဆက္မျဖစ္လာေတာ့ဘူးေပါ့။

ေမာ္ေတာ္ကားေတြ ေပၚလာတဲ့အခ်ိန္မွာ ျမင္းလွည္းေမာင္းသူေတြ အလုပ္ျပဳတ္ သြားမွာပဲ။ စက္တပ္ေလွေတြေပၚလာတဲ့အခါ လက္ခတ္ ေလွေမာင္းသမားေတြ အလုပ္မရွိျဖစ္သြားမွာပဲ။ ဒါေပမယ့္ ဒီအေျပာင္းအလဲေတြဟာ ေနာက္ျပန္လွည့္လို႔မရဘူး။ ေမာ္ေတာ္ကားေတြပိတ္ ေပးဖို႔ စက္တပ္ေလွေတြအသုံးမျပဳၾကဖို႔ ေတာင္းဆိုလို႔ရတဲ့အရာမဟုတ္ဘူး။ တကယ္တမ္းမွာေတာ့ အလုပ္က ေပ်ာက္သြားတာ မဟုတ္ ဘူး။ အဆင့္ျမင့္သြားတာ။ ေပ်ာက္သြားတဲ့အလုပ္ေနရာတိုင္းအတြက္ အလုပ္အသစ္အသစ္ေတြဆက္ျဖစ္ေပၚလာတယ္။

အဲဒီအတြက္ ကိုယ့္အရည္အခ်င္းကို အဆင့္ျမႇင့္တင္ထားၿပီး အဆင္သင့္ျဖစ္ေနဖို႔ေတာ့လိုတယ္။ ဥပမာ ျမင္းလွည္းေမာင္းတဲ့သူက သူ႔ အလုပ္ေနရာေပ်ာက္လို႔ဆိုၿပီး ထိုင္ညည္းညဴေနမဲ့အစား ေမာ္ေတာ္ကားဘယ္လိုေမာင္းလဲဆိုတာကို ေလ့လာသင္ယူမယ္ဆိုရင္ သူ႔နဂိုအ ရည္အခ်င္းနဲ႔ကိုက္ညီၿပီးသားျဖစ္လို႔ အဆင္ေျပမွာပဲ။ ဒါဆိုရင္ သူက ျမင္းလွည္းေမာင္းတဲ့သူဘဝကေန ေမာ္ေတာ္ကားေမာင္းတဲ့ သူတစ္ ေယာက္ျဖစ္လာမွာပဲ။ ဒါက အလုပ္အဆင့္အတန္းျမင့္လာတာ။

ေဒါက္တာသူရိန္လႈိင္ဝင္း

UNICODE

ကိုဗစ်ကြောင့်အလုပ်တွေနားရတယ် အလုပ်တွေပြုတ်တယ်ဆိုတဲ့အခါမှာလည်း အများ အားဖြင့်အလုပ်တွေက အိမ်ကနေလုပ်ပေးလို့ မရတဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချလို့မရတဲ့ အလုပ်အကိုင်မျိုးတွေများတယ်။ အိမ်ကနေ ဟန်မပျက်ဆက်လုပ်သွားလို့ရတဲ့ အ လုပ်တွေက အိမ်ကလုပ်ရင်း ဆက်သွားနေတာပဲ။ ဒါက အဆင့်မြှင့်ရမယ်ဆိုတာကိုပြတာ။ ဒီလိုအပြောင်းအလဲမျိုးကလည်း နောက်ပြန် လှည့်တော့မှာမဟုတ်ဘူး။ နည်းပညာကို သုံးပြီး အလုပ်ကိုရှေ့ဆက်ကြတော့မှာ။

ဒီအချိန်မှာ ကိုယ်က ကိုယ့်ကိုယ်ကိုယ်အဆင့်မြှင့်ထားနိုင်မယ် နည်းပညာ၊ ဒစ်ဂျစ်တယ် နဲ့ အင်္ဂလိပ်စာလိုမျိုး မရှိမဖြစ်အရာတွေကို တတ် မြောက်ကျွမ်းကျင်အောင်လုပ်ထားမယ်ဆိုရင် ဖြစ်လာမယ့်အလုပ်အသစ်တွေအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်။ အခက်အခဲကြုံရတာ အများနဲ့ဖြစ်တဲ့အတွက် ကိုယ်ပြင်ဆင်ကြိုးစားထားမယ် ဆိုရင် အခွင့်အရေးရတဲ့အခါ ရှေ့တန်းက ဖြစ်နေမှာပဲ။ လက်လျှော့ပြီး ညည်းညူ နေရင်တော့လည်း ဘာမှ ဆက်မဖြစ်လာတော့ဘူးပေါ့။

မော်တော်ကားတွေ ပေါ်လာတဲ့အချိန်မှာ မြင်းလှည်းမောင်းသူတွေ အလုပ်ပြုတ် သွားမှာပဲ။ စက်တပ်လှေတွေပေါ်လာတဲ့အခါ လက်ခတ် လှေမောင်းသမားတွေ အလုပ်မရှိဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီအပြောင်းအလဲတွေဟာ နောက်ပြန်လှည့်လို့မရဘူး။ မော်တော်ကားတွေပိတ် ပေးဖို့ စက်တပ်လှေတွေအသုံးမပြုကြဖို့ တောင်းဆိုလို့ရတဲ့အရာမဟုတ်ဘူး။ တကယ်တမ်းမှာတော့ အလုပ်က ပျောက်သွားတာ မဟုတ် ဘူး။ အဆင့်မြင့်သွားတာ။ ပျောက်သွားတဲ့အလုပ်နေရာတိုင်းအတွက် အလုပ်အသစ်အသစ်တွေဆက်ဖြစ်ပေါ်လာတယ်။

အဲဒီအတွက် ကိုယ့်အရည်အချင်းကို အဆင့်မြှင့်တင်ထားပြီး အဆင်သင့်ဖြစ်နေဖို့တော့လိုတယ်။ ဥပမာ မြင်းလှည်းမောင်းတဲ့သူက သူ့ အလုပ်နေရာပျောက်လို့ဆိုပြီး ထိုင်ညည်းညူနေမဲ့အစား မော်တော်ကားဘယ်လိုမောင်းလဲဆိုတာကို လေ့လာသင်ယူမယ်ဆိုရင် သူ့နဂိုအ ရည်အချင်းနဲ့ကိုက်ညီပြီးသားဖြစ်လို့ အဆင်ပြေမှာပဲ။ ဒါဆိုရင် သူက မြင်းလှည်းမောင်းတဲ့သူဘဝကနေ မော်တော်ကားမောင်းတဲ့ သူတစ် ယောက်ဖြစ်လာမှာပဲ။ ဒါက အလုပ်အဆင့်အတန်းမြင့်လာတာ။

ဒေါက်တာသူရိန်လှိုင်ဝင်း