Deliveryပို့တဲ့ ချာတိတ်လေး ကိုမှ လမ်းထဲဝင်လို့ဆိုပီး ဝိုင်းသမ လိုက်ကြတာတဲ့ မြန်မာတွေ အဲလိုကြောင့် ကမ္ဘာကအထင်သေးတာ
REF: SHWE WIKI
UNICODE
food delivery သမားတွေက တရားဝင်မည်သည့်လမ်းမည်သည့် မြို့နယ်ကိုမဆိုလိုက်လံပို့ဆောင်ပေးလို့ ရတယ်ဆိုတာကို သိစေချင်တာ ပါ။အာဏာပြတဲ့ သူတောင်းစားက မက်စ်ကိုမေးချိတ် လက်ထဲမှာလဲဓါးလား။ဘောပင်လားမသိ ဒီလိုမတရားမှုမျိုးကို မဖြေရှင်းနိုင်တဲ့ ကြည့်မြင်တိုင် အတွက် ရှက်စရာပါ။Deli ပို့ ပီး မိဘ လုပ်ကျွေး နေ တဲ့ ချာတိတ်လေး ကိုမှ လမ်းထဲဝင်လို့ဆိုပီး ဝိုင်းသမ လိုက်ကြတာတဲ့။ မနေ့ညနေ ပိုင်းလောက်ကကွမ်းရွဲတန်း အောက်လမ်းအပေါ်ထိပ်မှာ grab food delivery ပို့တဲ့ကောင်လေးကိုအဲ့လမ်း ထဲဝင်လို့ဆိုပြီး အဲ့ လမ်းထဲကလူက ထိုးလိုက်တာdeli ပို့တဲ့ ကောင်လေးမျက်လုံး တစ်လုံးပိတ်သွားတဲ့ထိပဲ။
ပြီးတော့မှလမ်း ထဲကလူကြီးတွေက အထိုးခံရ တဲ့ကောင်လေးကို လမ်းထိပ်ကရွက်ဖျင်တဲထဲမှာ ထိုင်ခိုင်းပြီး ဝိုင်းတရားချနေကြလေရဲ့။ ကောင်လေးခမျာသနားပါတယ်ဗျာ။မျက်လုံးတစ်လုံးပိတ်ပြီးမျက်ကွင်းလဲ ညိုမဲသွားတယ်။အဲ့လောက်ထိတော့လုပ်စရာ မလိုဘူးလို့တော့ ထင်ပါတယ်။ကျွန်တော် လဲရွေတိုင် သားစစ်စစ်ပါလမ်းထဲဝင်တာ။မကြိုက်ရင်လဲစကားနဲ့ပြောလို့ရပါတယ်။ခုဟာကcovid 19 ကိုအ ကြောင်းပြပြီး သက်သက်မဲ့မင်းမဲ့စရိုက် ဆန်ဆန်အနိုင် ကျင့်တာပါ။ရွေတိုင်သိက္ခာကျပါတယ်။အခုလိုလုပ်ရပ်က အထိုးခံရတဲ့ကလေးက အလွန်ဆုံးရှိမှ ၁၈ ၁၉ နှစ်ပေါ့။လူကောင်လေးကလဲ သေးသေးလေးရယ်ပါကောင်လေးက သူအထိုးခံရတော့ ဘယ်ကျေနပ်မလဲ။
သူတို့ကုမ္မဏီက သူတို့ရဲ့way leader. (ခေါင်းဆောင် )ကိုဖုန်းဆက် လှမ်းခေါ်ပြီးရှင်းကြတယ်။ဘာပဲဖြစ်ဖြစ် ပေါ့ဗျာကိုယ့်ဘက်က ကိုယ် ထိ လက်ရောက်ကျူးလွန်လိုက်တာ ပဲ။ပြန်တောင်းပန်ရမှာပေါ့ ။ကျူးလွန်တဲ့သူ။ ကိုယ်တိုင်ပြန်တောင်းပန်ရမှာ ပေါ့။တောင်းပန်လိုက်ရင် သူသူကိုယ်ကိုယ်။ကျေနပ်မှာပါမြန်မာလူမျိုးတွေပဲလေ။ခုတော့တောင်းတော့ တောင်းပန်ပါတယ်။ဘာမှမဆိုင်တဲ့သူတွေကတောင်းပန် တယ်လေ ။ကိုယ်ထိ လက်ရောက်ကျုးလွန်တဲ့သူက ထွက်တောင်မလာဘူးလေ။အဲ့တော့deli ကောင်လေးလဲ အမှုဖွင့်ဖို့ရဲးစခန်းကို သွား တော့တာပေါ့ ။ပြော ချင်တာ ကတော့ခုလိုရောဂါတွေဖြစ်နေတဲ့ချိန်မှာ delivery. သမားလေးတွေက။
stay home နေတဲ့လူတွေရဲ့လိုအပ်ချက်။အစားအသောက်တွေကိုလိုက်လံ ပို့ဆောငိပေးနေတာပါ ။အာ့ကြောင့် delivery သမားလေးတွေ ကိုခုလိုတွေ မလုပ်ကြစေချင်ပါဘူး။ လမ်းထဲပေးမဝင် စေချင်ရင်လဲ စကားနဲ့ အေးအေးဆေးဆေးပြောလို့ရပါတယ်။
REF:  SHWE  WIKI