Knowledge

ဆိုင္သြားစရာမလိုပဲ အိမ္မွာပဲလုပ္လို႔ရတဲ့ ကုန္က်မႈ အနည္းဆုံး မ်က္ႏွာေပါင္း တင္နည္း မ်ား

Written by Zar Ti Man

အလွျပင္ဆိုင္သြားစရာ မလိုဘဲ ကုန္က်မႈအနည္းဆုံးနဲ႔ သင့္ရဲ႕ မ်က္ႏွာကို ႏုပ်ိဳလွပသြားေအာင္ လုပ္လို႔ရမယ့္ နည္းလမ္းေလးေတြ ရွိပါ တယ္။မ်က္ႏွာက အေမႊးအျမင္ေတြ ဖယ္ရွားဖို႔အတြက္ လိုအပ္ေသာ ပစၥည္းမ်ားကေတာ့ သံပ႐ိုရည္ ၁၀ ဂရမ္။ေရတစ္ခြက္။ဂ်ဳံ ၃၀ ဂရမ္။ ျပဳလုပ္ပုံကေတာ့ ပါဝင္ပစၥည္းေတြကို ႏွံ႔သြားေအာင္ေမႊၿပီး မ်က္ႏွာေပၚကို လိမ္းေပးပါ။ ေျခာက္ေသြ႕သြားေအာင္ ၁၅ မိနစ္ထားပါ။ ၁၅ မိနစ္ၾကာ ထားၿပီးရင္ေတာ့ မ်က္ႏွာေပၚက အေမႊးအမွ်င္ရွိတဲ့ ေနရာကို ပုဝါစနဲ႔ဖိၿပီး သုတ္ေပး႐ုံပါပဲ။

မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔အတြက္ လိုအပ္ေသာ ပစၥည္းမ်ားကေတာ့ အက္စပရင္ ၃ ျပား။သံပ႐ိုရည္ လက္ဖက္ရည္ဇြန္း ၃ ဇြန္းပါ။ျပဳလုပ္ပုံကေတာ့ သံပ႐ိုရည္ထဲကို အက္စပရင္မႈန႔္ထည့္ၿပီး ပ်စ္သြားေအာင္ေမႊပါ။ မ်က္ႏွာသစ္ၿပီးေတာ့ ေမႊ ထားတဲ့ အႏွစ္ေတြကို မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ ၁၀ မိနစ္ၾကာထားပါ။ ၁၀ မိနစ္ၾကာ ထားၿပီးရင္ေတာ့ ေရမ်ားမ်ားသုံးၿပီး မ်က္ႏွာသစ္ လို႔ရပါၿပီ။

မ်က္ႏွာအသားအေရကို အားျဖည့္ဖို႔အတြက္ ပါဝင္ပစၥည္းမ်ားကေတာ့ အက္စပရင္ ၅ ျပား။ဒိန္ခ်ဥ္စားပြဲတင္ဇြန္း ၁ ဇြန္း။ ပ်ားရည္စားပြဲ တင္ဇြန္း ၁ ဇြန္းပါ။ျပဳလုပ္ပုံကေတာ့ အက္စပရင္၅ ျပားကို ဒိန္ခ်ဥ္၊ ပ်ားရည္တို႔ႏွင့္ ေရာေမႊပါ။ မ်က္ႏွာအေပၚက ေခြၽးေပါက္ေတြ ပြင့္သြား ေအာင္လို႔ ေရေႏြးစိမ္ထားတဲ့ ပုဝါကို မ်က္ႏွာအေပၚ အုပ္ထားပါ။ မ်က္ႏွာက ေျခာက္သြားၿပီဆိုရင္ ေမႊထားတဲ့အႏွစ္ကို မ်က္ႏွာေပၚလိမ္း ေပးလို႔ ရပါၿပီ။ မိနစ္ ၃၀ ၾကာ ထားၿပီးရင္ ၾကက္သီးေရေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္႐ုံပါပဲ။

မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ ပါဝင္ပစၥည္းမ်ားကေတာ့ အက္စပရင္ ၃ ျပား။ၾကက္သီးေႏြးေရ စားပြဲတင္ဇြန္း ၃ ဇြန္းပါ။ျပဳလုပ္ပုံကေတာ့ ေရေႏြးထဲကို အက္စပရင္ထည့္ၿပီး ေပ်ာ္ဝင္သြားေအာင္ေမႊပါ။ မ်က္ႏွာသစ္ၿပီးရင္ေတာ့ ေမႊးထားတာေလးကို လိမ္းေပးလို႔ ရပါၿပီ။ မ်က္ႏွာေပၚမွာ ၁၀ မိနစ္ၾကာ ထားၿပီး မ်က္ႏွာသစ္လို႔ ရပါၿပီ။

Zombie (LoveMedia)

UNICODE

အလှပြင်ဆိုင်သွားစရာ မလိုဘဲ ကုန်ကျမှုအနည်းဆုံးနဲ့ သင့်ရဲ့ မျက်နှာကို နုပျိုလှပသွားအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါ တယ်။မျက်နှာက အမွှေးအမြင်တွေ ဖယ်ရှားဖို့အတွက် လိုအပ်သော ပစ္စည်းများကတော့ သံပရိုရည် ၁၀ ဂရမ်။ရေတစ်ခွက်။ဂျုံ ၃၀ ဂရမ်။ ပြုလုပ်ပုံကတော့ ပါဝင်ပစ္စည်းတွေကို နှံ့သွားအောင်မွှေပြီး မျက်နှာပေါ်ကို လိမ်းပေးပါ။ ခြောက်သွေ့သွားအောင် ၁၅ မိနစ်ထားပါ။ ၁၅ မိနစ်ကြာ ထားပြီးရင်တော့ မျက်နှာပေါ်က အမွှေးအမျှင်ရှိတဲ့ နေရာကို ပုဝါစနဲ့ဖိပြီး သုတ်ပေးရုံပါပဲ။

မျက်နှာပေါ်မှာ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် လိုအပ်သော ပစ္စည်းများကတော့ အက်စပရင် ၃ ပြား။သံပရိုရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းပါ။ပြုလုပ်ပုံကတော့ သံပရိုရည်ထဲကို အက်စပရင်မှုန့်ထည့်ပြီး ပျစ်သွားအောင်မွှေပါ။ မျက်နှာသစ်ပြီးတော့ မွှေ ထားတဲ့ အနှစ်တွေကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၀ မိနစ်ကြာထားပါ။ ၁၀ မိနစ်ကြာ ထားပြီးရင်တော့ ရေများများသုံးပြီး မျက်နှာသစ် လို့ရပါပြီ။

မျက်နှာအသားအရေကို အားဖြည့်ဖို့အတွက် ပါဝင်ပစ္စည်းများကတော့ အက်စပရင် ၅ ပြား။ဒိန်ချဉ်စားပွဲတင်ဇွန်း ၁ ဇွန်း။ ပျားရည်စားပွဲ တင်ဇွန်း ၁ ဇွန်းပါ။ပြုလုပ်ပုံကတော့ အက်စပရင်၅ ပြားကို ဒိန်ချဉ်၊ ပျားရည်တို့နှင့် ရောမွှေပါ။ မျက်နှာအပေါ်က ချွေးပေါက်တွေ ပွင့်သွား အောင်လို့ ရေနွေးစိမ်ထားတဲ့ ပုဝါကို မျက်နှာအပေါ် အုပ်ထားပါ။ မျက်နှာက ခြောက်သွားပြီဆိုရင် မွှေထားတဲ့အနှစ်ကို မျက်နှာပေါ်လိမ်း ပေးလို့ ရပါပြီ။ မိနစ် ၃၀ ကြာ ထားပြီးရင် ကြက်သီးရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် ပါဝင်ပစ္စည်းများကတော့ အက်စပရင် ၃ ပြား။ကြက်သီးနွေးရေ စားပွဲတင်ဇွန်း ၃ ဇွန်းပါ။ပြုလုပ်ပုံကတော့ ရေနွေးထဲကို အက်စပရင်ထည့်ပြီး ပျော်ဝင်သွားအောင်မွှေပါ။ မျက်နှာသစ်ပြီးရင်တော့ မွှေးထားတာလေးကို လိမ်းပေးလို့ ရပါပြီ။ မျက်နှာပေါ်မှာ ၁၀ မိနစ်ကြာ ထားပြီး မျက်နှာသစ်လို့ ရပါပြီ။

Zombie (LoveMedia)

About the author

Zar Ti Man