Knowledge

နတ္႐ြာစံမည့္ ေန႔ကို ႀကိဳတင္သိႏိုင္တဲ့ နိမိတ္ေကာက္ ေဗဒင္တြက္နည္း နဲ႔ ဘုရင္မင္းျမတ္တစ္ပါး၏ျဖစ္ရပ္မွန္

Written by Zar Ti Man

သာလြန္မင္းတရားႀကီးသည္ ၎၏လက္ထက္တြင္ စစ္သည္စုေစာင္းေရးႏွင့္ ပတ္သက္၍လည္း တိက်သည့္ အခ်ိဳးအစားႏွင့္ လက္နက္ အမ်ိဳးအစားတို႔ကို သတ္မွတ္ျပဌာန္းေပးသည္။ထင္ရွားသည့္ ျပန္တမ္းပါ အမိန႔္မ်ားမွာ….“ငွက္သည္ အသီးရွိကာသာအပင္တြင္ နားသကဲ့ သို႔ အခြန္ခံေသာ႐ြာကိုသြား၍ ျပန္မၾကည့္ ငွက္ကဲ့သို႔ မရွိေစႏွင့္။ စားဟန္သာတတ္ေစ။႐ြာျပည္ကိုမျပဳ၊ စားရေသာက္ရေအာင္သာ စီရင္ ေသာ္ ကြပ္မည္။” ဟူ၍လည္းေကာင္း “ျပည္တြင္းတိုင္းေရးစေသာ ဆင္းရဲသားတို႔ကိုညႇဥ္းပန္းႏွိပ္စက္၍ ၿမိဳ႕႐ြာတြင္ မေနဝံ့ ထြက္သြား သည္မ်ားကို ေ႐ႊနားေတာ္ၾကားလွ်င္ ဝန္တို႔ႏွစ္ခြန္းေခ်ရမည္မမွတ္ႏွင့္။ႀကီးစြာေသာ ရာဇဝတ္ေတာ္ကို ခံရလိမ့္မည္။”ဟူ၍လည္းေကာင္း ပါရွိခဲ့သည္ကိုေတြ႕ၾကရသည္။ေက်ာက္ဆည္ေဒသတြင္ လယ္ယာလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ႏိုင္ရန္ ေဆာင္႐ြက္ေပးသည္။

အထက္တြင္ ဆိုခဲ့သည့္အတိုင္း စစ္တမ္းမ်ားေကာက္ယူၿပီး ေက်ာက္ဆည္နယ္ကို ဗဟိုျပဳကာ လုပ္ကိုင္စားေသာက္ရန္ ေနရာခ်ထားေပး သည္။ထိုမွ်မက ေဝးလံသည့္ ေဒသမ်ားမွ လူအမ်ားကို အင္းဝႏွင့္ ေက်ာက္ဆည္ေဒသတစ္ဝိုက္တြင္ အတည္တက်ေနထိုင္ေစသည္။ သာ လြန္မင္းသည္ (၁၉) ႏွစ္ ၾကာ ထီးနန္းစိုးစံၿပီးေနာက္ သက္ေတာ္ (၄၈) ႏွစ္အ႐ြယ္တြင္ နတ္႐ြာစံလြန္ခဲ့သည္။ နတ္႐ြာစံလြန္နီး ရက္မ်ားတြင္ အေျခအေနမ်ားကား ထူးျခားလွသည္။သဘင္နန္းထက္၌ စံေနေတာ္မူစဥ္ အေနာက္ဘက္ေကာင္းကင္က သိသိသာသာပုံသ႑ာန္ေျပာင္း သြားသည္။ တီတံ ဘုရား ထီးေတာ္တင္မည္ဟု ထြက္ေသာအခါႏြားတစ္ေကာင္က ပါးစပ္ဟလ်က္ လက္ဝဲဘက္မွ လက္ယာဘက္သို႔ ထြက္ေျပးသည္ကို ေတြ႕ရသည္။ ေနာက္တစ္ေန႔တြင္ ငလွ်င္ျပန္းထန္စြာလႈပ္သည္။

နန္းေတာ္ အေနာက္ေတာင္ေထာင့္၌ ဘုံမတီးငွက္တစ္ေကာင္ ေျမသို႔က်လာသည္။ ထိုအျဖစ္မ်ားသည္ ထူးဆန္းေသာ နိမိတ္မ်ားပင္ တည္း။သို႔ေသာ္ သာလြန္မင္းသည္ အတိတ္နိမိတ္မ်ားကို ယုံၾကည္ဟန္မရွိ။ ရာဇာမဏီစူဠာ (ေကာင္းမႈေတာ္) ေစတီ ေတာ္ႀကီး ထီးေတာ္ တင္ရန္ေတာင္ငူမွ ႂကြလာေသာ ဆရာေတာ္ထံ အခါေတာင္းသည္။ ဆရာေတာ္က-“ေရေျမ့ရွင္မင္းလက္ထက္တြင္ တင္ရန္မျဖစ္ႏိုင္ ၊သား ေတာ္လက္ထက္မွသာ တင္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ထိုအခ်ိန္မွသာ အခါေပးမည္” ဟု မိန႔္ေတာ္မူသည္။သာလြန္မင္း အလြန္စိတ္ဆိုးသြား ၿပီးေနာက္ ဆရာေတာ္အား ပုဂံသို႔ပို႔လိုက္ေလသည္။ ထို႔ေနာက္ ပညာရွိပု႑ား အဇာဂ႐ုကို ေခၚ၍ ေမးျပန္သည္။အဇာဂ႐ုကလည္း “ကိုယ္ ေတာ္ျမတ္ ထီးေတာ္တင္ရန္ အခါမမီေခ်ၿပီ” ဟု ဆိုျပန္သည္။သာလြန္မင္းသည္ အဇာဂ႐ု အေပၚ အလြန္စိတ္ဆိုးသြားကာ။

“ငါ ဘယ္အခါ နတ္ျပည္စံရမည္နည္း” ဟု တိုက္႐ိုက္ ပင္ေမးရာ အဇာဂ႐ု ပု႑ားကလည္း “မနက္ျဖန္ (၁)ခ်က္တီး ေက်ာ္ေက်ာ္မွာ နတ္ ျပည္စံေတာ္မူမည္” ဟု ျပန္ေလွ်ာက္သျဖင့္ “မွန္လွ်င္ မွန္ေစ ၊ မမွန္ေသာ္ သားမယားႏွင့္တကြ မီးပုံရႈိ႕မည္” ဟု နာရီခြက္ကို ေဘးတြင္ ထား ရွိၿပီး ေစာင့္ၾကည့္ေနေစသည္။ က်န္းက်န္းမာမာ သန္သန္စြမ္းစြမ္း အေျခအေနမွာပင္ ရွိေသာေၾကာင့္ခ်က္ခ်င္းေသေတာ့မည္ဟု အေျပာ မ်ားမွာ လုံးဝမျဖစ္ႏိုင္ဟု ထင္ဟန္တူသည္။ေန႔လည္ (၃)ခ်က္တီး အခ်ိန္တြင္-“ငါဘာမွမျဖစ္ေသး” ဟု မိန႔္သည္။ အဇာဂ႐ုက နာရီခြက္ကို သာ ေစာင့္ၾကည့္ ေနသည္။ညေန (၄)ခ်က္တီး အေက်ာ္တြင္မူ အဖ်ားေဝဒနာ စတင္ခံစားရေလသည္။ သမားေတာ္မ်ား အစြမ္းကုန္ ကုသ ၾကသည္။ေနာက္ေန႔ (၂)ခ်က္တီးေက်ာ္တြင္မူ ေရာဂါပိုမို ျပင္းထန္လာၿပီး သတိရတစ္ခ်က္၊ မရတစ္ခ်က္ျဖစ္ေနသည္။

စကားမ်ား ကေယာင္ကတမ္း ေျပာေနေတာ့သည္။စကားမွာ မပီေတာ့။ (၄) ခ်က္တီး တြင္မူ နတ္ျပည္စံေလေတာ့ သည္။ အဇာဂ႐ုဟု ေဟာေျပာခ်က္ အတိအက်မမွန္ခဲ့ေသာ္လည္း အနီးစပ္ဆုံးမွန္သြားခဲ့သည္။သာလြန္မင္းသည္ ေညာင္ရမ္းေခတ္တြင္ အလြန္ထင္ရွားေသာ မင္းတစ္ပါးျဖစ္ခဲ့သည္။ ဘြဲ႕အမည္ သိရီသုဓမၼ ရာဇာ မဟာဓိပတိျဖစ္ေသာ္လည္းသူ၏လက္ထက္တြင္ တိုင္းျပည္အလြန္သာယာ လွေသာ ေၾကာင့္ သာလြန္မင္း ဟုသာ အမည္တြင္သည္။ဒီအေၾကာင္းကို တြင္းသင္းမဟာရာဇဝင္သစ္ တြင္ ‘ညီေတာ္ မင္းတရားမွာ တိုင္းကားျပည္ ႐ြာ အသာလြန္ေသာ ေၾကာင့္ လည္ေကာင္း ၊ေ႐ႊနန္းေတာ္ထက္တြင္ သာယာစြာလြန္ရေသာေၾကာင့္ ေသာ္လည္ေကာင္း သာလြန္ မင္းတရားဟု ေခၚေဝၚေရးသားၾကသည္’ ဟု ေဖာ္ျပထားသည္။

ရာဇဝင္ထဲက ျဖစ္ရပ္ဆန္းမ်ား – တင္ႏိုင္တိုး

UNICODE

သာလွန်မင်းတရားကြီးသည် ၎င်း၏လက်ထက်တွင် စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက် အမျိုးအစားတို့ကို သတ်မှတ်ပြဌာန်းပေးသည်။ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ….“ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့ သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင် သော် ကွပ်မည်။” ဟူ၍လည်းကောင်း “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကိုညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွား သည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ဆောင်ရွက်ပေးသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေး သည်။ထိုမျှမက ဝေးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။ သာ လွန်မင်းသည် (၁၉) နှစ် ကြာ ထီးနန်းစိုးစံပြီးနောက် သက်တော် (၄၈) နှစ်အရွယ်တွင် နတ်ရွာစံလွန်ခဲ့သည်။ နတ်ရွာစံလွန်နီး ရက်များတွင် အခြေအနေများကား ထူးခြားလှသည်။သဘင်နန်းထက်၌ စံနေတော်မူစဉ် အနောက်ဘက်ကောင်းကင်က သိသိသာသာပုံသဏ္ဍာန်ပြောင်း သွားသည်။ တီတံ ဘုရား ထီးတော်တင်မည်ဟု ထွက်သောအခါနွားတစ်ကောင်က ပါးစပ်ဟလျက် လက်ဝဲဘက်မှ လက်ယာဘက်သို့ ထွက်ပြေးသည်ကို တွေ့ရသည်။ နောက်တစ်နေ့တွင် ငလျှင်ပြန်းထန်စွာလှုပ်သည်။

နန်းတော် အနောက်တောင်ထောင့်၌ ဘုံမတီးငှက်တစ်ကောင် မြေသို့ကျလာသည်။ ထိုအဖြစ်များသည် ထူးဆန်းသော နိမိတ်များပင် တည်း။သို့သော် သာလွန်မင်းသည် အတိတ်နိမိတ်များကို ယုံကြည်ဟန်မရှိ။ ရာဇာမဏီစူဠာ (ကောင်းမှုတော်) စေတီ တော်ကြီး ထီးတော် တင်ရန်တောင်ငူမှ ကြွလာသော ဆရာတော်ထံ အခါတောင်းသည်။ ဆရာတော်က-“ရေမြေ့ရှင်မင်းလက်ထက်တွင် တင်ရန်မဖြစ်နိုင် ၊သား တော်လက်ထက်မှသာ တင်နိုင်မည်ဖြစ်သောကြောင့် ထိုအချိန်မှသာ အခါပေးမည်” ဟု မိန့်တော်မူသည်။သာလွန်မင်း အလွန်စိတ်ဆိုးသွား ပြီးနောက် ဆရာတော်အား ပုဂံသို့ပို့လိုက်လေသည်။ ထို့နောက် ပညာရှိပုဏ္ဍား အဇာဂရုကို ခေါ်၍ မေးပြန်သည်။အဇာဂရုကလည်း “ကိုယ် တော်မြတ် ထီးတော်တင်ရန် အခါမမီချေပြီ” ဟု ဆိုပြန်သည်။သာလွန်မင်းသည် အဇာဂရု အပေါ် အလွန်စိတ်ဆိုးသွားကာ။

“ငါ ဘယ်အခါ နတ်ပြည်စံရမည်နည်း” ဟု တိုက်ရိုက် ပင်မေးရာ အဇာဂရု ပုဏ္ဍားကလည်း “မနက်ဖြန် (၁)ချက်တီး ကျော်ကျော်မှာ နတ် ပြည်စံတော်မူမည်” ဟု ပြန်လျှောက်သဖြင့် “မှန်လျှင် မှန်စေ ၊ မမှန်သော် သားမယားနှင့်တကွ မီးပုံရှို့မည်” ဟု နာရီခွက်ကို ဘေးတွင် ထား ရှိပြီး စောင့်ကြည့်နေစေသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အခြေအနေမှာပင် ရှိသောကြောင့်ချက်ချင်းသေတော့မည်ဟု အပြော များမှာ လုံးဝမဖြစ်နိုင်ဟု ထင်ဟန်တူသည်။နေ့လည် (၃)ချက်တီး အချိန်တွင်-“ငါဘာမှမဖြစ်သေး” ဟု မိန့်သည်။ အဇာဂရုက နာရီခွက်ကို သာ စောင့်ကြည့် နေသည်။ညနေ (၄)ချက်တီး အကျော်တွင်မူ အဖျားဝေဒနာ စတင်ခံစားရလေသည်။ သမားတော်များ အစွမ်းကုန် ကုသ ကြသည်။နောက်နေ့ (၂)ချက်တီးကျော်တွင်မူ ရောဂါပိုမို ပြင်းထန်လာပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေသည်။

စကားများ ကယောင်ကတမ်း ပြောနေတော့သည်။စကားမှာ မပီတော့။ (၄) ချက်တီး တွင်မူ နတ်ပြည်စံလေတော့ သည်။ အဇာဂရုဟု ဟောပြောချက် အတိအကျမမှန်ခဲ့သော်လည်း အနီးစပ်ဆုံးမှန်သွားခဲ့သည်။သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်ခဲ့သည်။ ဘွဲ့အမည် သိရီသုဓမ္မ ရာဇာ မဟာဓိပတိဖြစ်သော်လည်းသူ၏လက်ထက်တွင် တိုင်းပြည်အလွန်သာယာ လှသော ကြောင့် သာလွန်မင်း ဟုသာ အမည်တွင်သည်။ဒီအကြောင်းကို တွင်းသင်းမဟာရာဇဝင်သစ် တွင် ‘ညီတော် မင်းတရားမှာ တိုင်းကားပြည် ရွာ အသာလွန်သော ကြောင့် လည်ကောင်း ၊ရွှေနန်းတော်ထက်တွင် သာယာစွာလွန်ရသောကြောင့် သော်လည်ကောင်း သာလွန် မင်းတရားဟု ခေါ်ဝေါ်ရေးသားကြသည်’ ဟု ဖော်ပြထားသည်။

ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး

About the author

Zar Ti Man