News

အတုယူစရာပါ လူနာ တင္ကား မလို၊ PPE မလို၊ ထမင္းေကြၽးစရာ လည္း မလို တဲ့ စင္ကာပူ ကိုဗစ္ စစ္နည္း

Written by Zar Ti Man

အႏွစ္ခ်ဳပ္က တရက္တိတိ အခ်ိန္ၾကာသြားသည္ အဖ်ားလည္းက် အေျဖလည္းထြက္ တမိသားစု လုံးအေနအစားမပ်က္ အားလုံးအိုေက မွာ စိုေျပ ကိုယ္ထင္တာေတာ့ ဒဏ္ေငြ ေဒၚလာတေသာင္း ႏွင့္ ေထာင္ေျခာက္လ အေတာ္အစြမ္းထက္သည္ PPE လည္းမလို Q စင္တာ လည္းမလို လူနာတင္ကားလည္းမလို ထမင္းေကြၽးစရာလည္း မလို ကိုဗစ္အေျဖေဒတာကလည္း ေဆာ့ဝဲလ္ကေန တခါတည္းတန္း တက္ သြားသည္။ ည ၈နာရီ ကို အမွီေရးရန္မ လို ေဒါက္တာဉာဏ္လည္း အခုမွ ဇိမ္ျပန္က်ရေခ်သည္။

ျဖစ္စဥ္ကေတာ့ ဒီလိုပါ။ေဒါက္တာ ဉာဏ္ တေယာက္ ဟြာဟင္း ကမ္းေျခ မွာ ဇိမ္က် ေနတုန္း စကၤာပူက အမႀကီး က ဖုန္းဆက္လာတယ္ သူက ပုံမွန္ စာပဲေရးေလ့ရွိတာ ဖုန္းဆက္လာၿပီ ဆို တေယာက္ေယာက္ေနမေကာင္းၿပီပဲ သူ႔ဖုန္းၾကားလွ်င္ ရင္အၿမဲတုန္ရသည္ သူက လည္းသူေရးသမွ် စာေတြ မဖတ္မွန္းသိေတာ့ အေရးႀကီးၿပီဆို ဖုန္းတန္းဆက္ေလ့ရွိတယ္။ဟဲ လို ဆိုၿပီး အသံကိုဆြဲၿပီး ဇိမ္က် ပ်င္းရိ ေနတဲ့ အသံ နဲ႔ ထူး လိုက္တယ္ ဟဲ့ တိတိ (တ႐ုတ္လို ေမာင္ေလးေပါ့ ) နင့္တူ တေယာက္ ဖ်ား ေနတယ္ ေဩာ္ ဟုတ္လား။

ဒါမ်ား ပါရာတိုက္ ေခ်ာင္းလည္းဆိုးေနတယ္ ငင့္ ေဒါက္တာဉာဏ္ ဒန္းေပၚမွာ ဇိမ္က်ေနတာကေန ထထိုင္ ရၿပီ အာသီးလည္း ေရာင္တယ္ ႏွာလည္းေခ်တယ္ ဆက္ေျပာေတာ့ ေဘးနားခ်ထားတဲ့ ႏွာေခါင္းစည္းကိုေတာင္ ေရာင္ရမ္း ေကာက္ကိုင္ မိတယ္။ေနပါအူံး ဘယ္ႏွစ္ရက္ ရွိၿပီလဲ မေန႔က ေခ်ာင္းစဆိုးတယ္ ဒီေန႔ အဖ်ားတက္တယ္ ဟု ျပန္ေျဖသည္ အဲဒီမတိုင္ခင္ ေက်ာင္းသြား လား ဘာေတြ လုပ္လဲ ဆက္ေမး ျဖစ္သည္ ေက်ာင္းသြားတယ္ ဘက္စ္ကက္ေဘာေဆာ့တယ္တဲ့။ဒုကၡပဲ ဟု စိတ္ထဲေတြးမိသည္။

ဒါဆို ပါရာေသာက္ၿပီး ေဆးခန္းတန္းသြားေတာ့ ကိုဗစ္ စစ္ရမယ္ ႏွာေခါင္းစည္း လူတိုင္းတပ္ ပါ အမတို႔လည္းတပ္ ၿပီးရင္ ဘာထူးလဲ အ ေၾကာင္းျပန္ ဗီတာမင္ စီ ေရဆူေဆးျပား တေထာင္အား လူတိုင္းေသာက္ထားဟု ေျပာေတာ့ ေအးေအး ဆိုၿပီး ဖုန္းခ်သြားသည္။ ဇိမ္ပ်က္ ေခ်၏ ညေနေစာင္းဖုန္းျပန္ဆက္လာသည္ ေဆးခန္းက ဆရာဝန္က နင့္လိုပဲ အေသးစိတ္ထပ္ေမးၿပီး တို႔ဖတ္ယူထားလိုက္တယ္ ၿပီးေတာ့ ေငြမရွင္း နဲ႔ေတာ့ ေျပစာ အိမ္ပို႔လိုက္မယ္ တန္းျပန္ေတာ့ဆိုလို ျပန္လာၿပီ ငါဘာဆက္လုပ္ရမလဲ ဆိုေတာ့။

ဟုမ္းကြာရန္တင္းခ်ရမယ္ အခန္းခြဲထား စားစရာပန္းကန္ခြက္ခြဲထား ႏွာေခါင္းစည္း တပ္ပါလို႔ အလုပ္ေတြကို လည္း အေၾကာင္းၾကားထား ပါ အိမ္မွာ PUI တေယာက္ရွိေနၿပီ အမ တို႔ပါအခ်ိန္မေ႐ြး ေလာ့ေဒါင္းျဖစ္သြားႏိုင္တယ္ ဆိုေတာ့ ကိုယ့္အမ အသံ မထြက္ေတာ့ ေနာက္မွာ ပို႔လာေတာ့ Home advice စာ႐ြက္ ဖတ္ၾကည့္မိသည္ ေရးထားတာ တို႔ဖတ္ ယူၿပီး အိမ္တန္းျပန္ရန္ မလိုက္နာလွ်င္ ကူးစက္ဥပေဒ အရ ေဒၚလာ တေသာင္းဒဏ္ေငြ သိူ႔ ေထာင္ ၆လ သို႔ ဒဏ္ေငြ ၂ရပ္စလုံး ေပးရမယ္။

ျပန္လွ်င္ ကိုယ္ပိုင္ကား သို႔ တက္ဆီသာစီးရန္ အဲကြန္းပိတ္ ျပတင္းေပါက္ဖြင့္စီးရန္ ေျပစာယူရန္ အေပါင္းထြက္လွ်င္ တက္ဆီသမားပါ စစ္ရမည့္ပုံ အေပါင္းထြက္ခဲ့လွ်င္ ၂ရက္အတြင္း ဘာဆက္လုပ္ရမည္ဆိုၿပီး ဆရာဝန္မွ ဖုန္းဆက္ လာမည္ မစိုးရိမ္ရန္ အေျဖ ကို ၅ရက္ အတြင္း sms မွပို႔ေပးမည္ အေရးေပၚ ျဖစ္လွ်င္ ဆက္ရမည့္ဖုံး အိမ္မွာ ခြဲေနရန္ ခြဲစားရန္ လက္ေဆးရန္ ႏွာေခါင္းစည္းတပ္ရန္ စသည္ျဖင့္ စုံစုံေစ့ေစ့ေရးထားသည္ အိမ္သားေတြအတြက္ဘာမွာလဲဆိုေတာ့ အေျဖေပၚ မူတည္ၿပီး ဆက္ေျပာမည္ဟုသာေျဖ၏တဲ့။

ဒီေတာ့ ကိုယ့္အမကို ေျပာလိုက္သည္ အဲဒီအတိုင္းသာလုပ္ေလ ဟုသာ ေျပာလိုက္သည္ ေနာက္ရက္ ညေန က်ေတာ့ စာပို႔လာသည္ ၿပီးမွ ဖုန္းဆက္လာၿပီး တိတိေရ အႏုတ္တဲ့ ဆိုေတာ့ ေနာက္ထပ္ ဘယ္ေန႔ ထပ္စစ္မလဲဆိုေတာ့ က်န္းမာေရးေကာင္းေနရင္ မစစ္ေတာ့ဘူးတဲ့ လကၡဏာေတြ ဆိုးလာရင္ဖုန္းဆက္ပါတဲ့ ဒါပဲေျပာတယ္ ဟုေျဖသည္ ဘယ္ေလာက္က်လဲဆိုေတာ့ မသိဘူး သူ႔အေဖ ကုမၸဏီက ရွင္း ေပးမယ္ေျပာတယ္ တဲ့ ဒီတခါ အသံအေတာ္က်ယ္သည္ က်န္းမာေရးအာမခံေက်းဇူးေတြ။

Nyan Win Phyo

UNICODE

အနှစ်ချုပ်က တရက်တိတိ အချိန်ကြာသွားသည် အဖျားလည်းကျ အဖြေလည်းထွက် တမိသားစု လုံးအနေအစားမပျက် အားလုံးအိုကေ မှာ စိုပြေ ကိုယ်ထင်တာတော့ ဒဏ်ငွေ ဒေါ်လာတသောင်း နှင့် ထောင်ခြောက်လ အတော်အစွမ်းထက်သည် PPE လည်းမလို Q စင်တာ လည်းမလို လူနာတင်ကားလည်းမလို ထမင်းကျွေးစရာလည်း မလို ကိုဗစ်အဖြေဒေတာကလည်း ဆော့ဝဲလ်ကနေ တခါတည်းတန်း တက် သွားသည်။ ည ၈နာရီ ကို အမှီရေးရန်မ လို ဒေါက်တာဉာဏ်လည်း အခုမှ ဇိမ်ပြန်ကျရချေသည်။

ဖြစ်စဉ်ကတော့ ဒီလိုပါ။ဒေါက်တာ ဉာဏ် တယောက် ဟွာဟင်း ကမ်းခြေ မှာ ဇိမ်ကျ နေတုန်း စင်္ကာပူက အမကြီး က ဖုန်းဆက်လာတယ် သူက ပုံမှန် စာပဲရေးလေ့ရှိတာ ဖုန်းဆက်လာပြီ ဆို တယောက်ယောက်နေမကောင်းပြီပဲ သူ့ဖုန်းကြားလျှင် ရင်အမြဲတုန်ရသည် သူက လည်းသူရေးသမျှ စာတွေ မဖတ်မှန်းသိတော့ အရေးကြီးပြီဆို ဖုန်းတန်းဆက်လေ့ရှိတယ်။ဟဲ လို ဆိုပြီး အသံကိုဆွဲပြီး ဇိမ်ကျ ပျင်းရိ နေတဲ့ အသံ နဲ့ ထူး လိုက်တယ် ဟဲ့ တိတိ (တရုတ်လို မောင်လေးပေါ့ ) နင့်တူ တယောက် ဖျား နေတယ် ေဩာ် ဟုတ်လား။

ဒါများ ပါရာတိုက် ချောင်းလည်းဆိုးနေတယ် ငင့် ဒေါက်တာဉာဏ် ဒန်းပေါ်မှာ ဇိမ်ကျနေတာကနေ ထထိုင် ရပြီ အာသီးလည်း ရောင်တယ် နှာလည်းချေတယ် ဆက်ပြောတော့ ဘေးနားချထားတဲ့ နှာခေါင်းစည်းကိုတောင် ရောင်ရမ်း ကောက်ကိုင် မိတယ်။နေပါအူံး ဘယ်နှစ်ရက် ရှိပြီလဲ မနေ့က ချောင်းစဆိုးတယ် ဒီနေ့ အဖျားတက်တယ် ဟု ပြန်ဖြေသည် အဲဒီမတိုင်ခင် ကျောင်းသွား လား ဘာတွေ လုပ်လဲ ဆက်မေး ဖြစ်သည် ကျောင်းသွားတယ် ဘက်စ်ကက်ဘောဆော့တယ်တဲ့။ဒုက္ခပဲ ဟု စိတ်ထဲတွေးမိသည်။

ဒါဆို ပါရာသောက်ပြီး ဆေးခန်းတန်းသွားတော့ ကိုဗစ် စစ်ရမယ် နှာခေါင်းစည်း လူတိုင်းတပ် ပါ အမတို့လည်းတပ် ပြီးရင် ဘာထူးလဲ အ ကြောင်းပြန် ဗီတာမင် စီ ရေဆူဆေးပြား တထောင်အား လူတိုင်းသောက်ထားဟု ပြောတော့ အေးအေး ဆိုပြီး ဖုန်းချသွားသည်။ ဇိမ်ပျက် ချေ၏ ညနေစောင်းဖုန်းပြန်ဆက်လာသည် ဆေးခန်းက ဆရာဝန်က နင့်လိုပဲ အသေးစိတ်ထပ်မေးပြီး တို့ဖတ်ယူထားလိုက်တယ် ပြီးတော့ ငွေမရှင်း နဲ့တော့ ပြေစာ အိမ်ပို့လိုက်မယ် တန်းပြန်တော့ဆိုလို ပြန်လာပြီ ငါဘာဆက်လုပ်ရမလဲ ဆိုတော့။

ဟုမ်းကွာရန်တင်းချရမယ် အခန်းခွဲထား စားစရာပန်းကန်ခွက်ခွဲထား နှာခေါင်းစည်း တပ်ပါလို့ အလုပ်တွေကို လည်း အကြောင်းကြားထား ပါ အိမ်မှာ PUI တယောက်ရှိနေပြီ အမ တို့ပါအချိန်မရွေး လော့ဒေါင်းဖြစ်သွားနိုင်တယ် ဆိုတော့ ကိုယ့်အမ အသံ မထွက်တော့ နောက်မှာ ပို့လာတော့ Home advice စာရွက် ဖတ်ကြည့်မိသည် ရေးထားတာ တို့ဖတ် ယူပြီး အိမ်တန်းပြန်ရန် မလိုက်နာလျှင် ကူးစက်ဥပဒေ အရ ဒေါ်လာ တသောင်းဒဏ်ငွေ သိူ့ ထောင် ၆လ သို့ ဒဏ်ငွေ ၂ရပ်စလုံး ပေးရမယ်။

ပြန်လျှင် ကိုယ်ပိုင်ကား သို့ တက်ဆီသာစီးရန် အဲကွန်းပိတ် ပြတင်းပေါက်ဖွင့်စီးရန် ပြေစာယူရန် အပေါင်းထွက်လျှင် တက်ဆီသမားပါ စစ်ရမည့်ပုံ အပေါင်းထွက်ခဲ့လျှင် ၂ရက်အတွင်း ဘာဆက်လုပ်ရမည်ဆိုပြီး ဆရာဝန်မှ ဖုန်းဆက် လာမည် မစိုးရိမ်ရန် အဖြေ ကို ၅ရက် အတွင်း sms မှပို့ပေးမည် အရေးပေါ် ဖြစ်လျှင် ဆက်ရမည့်ဖုံး အိမ်မှာ ခွဲနေရန် ခွဲစားရန် လက်ဆေးရန် နှာခေါင်းစည်းတပ်ရန် စသည်ဖြင့် စုံစုံစေ့စေ့ရေးထားသည် အိမ်သားတွေအတွက်ဘာမှာလဲဆိုတော့ အဖြေပေါ် မူတည်ပြီး ဆက်ပြောမည်ဟုသာဖြေ၏တဲ့။

ဒီတော့ ကိုယ့်အမကို ပြောလိုက်သည် အဲဒီအတိုင်းသာလုပ်လေ ဟုသာ ပြောလိုက်သည် နောက်ရက် ညနေ ကျတော့ စာပို့လာသည် ပြီးမှ ဖုန်းဆက်လာပြီး တိတိရေ အနုတ်တဲ့ ဆိုတော့ နောက်ထပ် ဘယ်နေ့ ထပ်စစ်မလဲဆိုတော့ ကျန်းမာရေးကောင်းနေရင် မစစ်တော့ဘူးတဲ့ လက္ခဏာတွေ ဆိုးလာရင်ဖုန်းဆက်ပါတဲ့ ဒါပဲပြောတယ် ဟုဖြေသည် ဘယ်လောက်ကျလဲဆိုတော့ မသိဘူး သူ့အဖေ ကုမ္ပဏီက ရှင်း ပေးမယ်ပြောတယ် တဲ့ ဒီတခါ အသံအတော်ကျယ်သည် ကျန်းမာရေးအာမခံကျေးဇူးတွေ။

Nyan Win Phyo

About the author

Zar Ti Man