Knowledge

ေ႐ႊက်ီး သာ နိမိတ္ အေဟာ ႏွင့္ မွန္ ခဲ့ လြန္း သည့္ သာဓက အျဖစ္အပ်က္မ်ား အေၾကာင္း

Written by Zar Ti Man

ဗဟုသုတ-ပညာစာေပကို ေလ့လာလိုက္စားၾကေသာ အမ်ိဳးသားသမီးေကာင္းတို႔အတြက္ ဇလြန္ၿမိဳ႕အဗ်င္း႐ြာမွ နႏၵဝန္ေက်ာင္းႀကီး ဆရာ ေတာ္ ေရးစပ္ေပးထားေသာ က်ီးသာနိမိတ္ေတးထပ္ေလးကိုပါ မွ်ေဝေပးလိုက္ပါတယ္။ေ႐ႊက်ီးညိဴႏုတ္သာစြရယ္နဲ႔ ျဗဳဗၺာကလွစ္ၾကဴ။ မုခ်ာပ ခ်စ္သူငယ္ ေရာက္ယူမယ္မွတ္သား။ဒါဏ္ဥပါဒ္အေနာက္ေထြတယ္ ေျမာက္ရပ္ေလေကာင္းတဲ့စကား။ ကိုယ့္တူေရာက္ေတာင္ခြင္ ေရွ႕ေျမာက္တြင္လာဘ္မ်ား။ေရွ႕ေတာင္ခြင္သတိထားပါေတာ့ ေလာင္လိမ့္ျငားမီးေတြ။

ေနာက္ေျမာက္ခြင္ကြၽန္လာတတ္ ေနာက္ေတာင္ရပ္ခိုးသူ႔ရန္ေမႊ။ဖြံ႕ၿဖိဴးမႈမွန္မေသြသည္။ ညာဏ္အေျခေဖြေဖြမွီးပါေတာ့ ေ႐ႊ-ေ႐ႊက်ီးႏုတ္ ကခ်ိဳသာ ထုတ္ဟဆိုလာ။နိမိတ္ထြန္းကြၽန္းလက္ယာမွာ ၫႊန္းႁမြတ္ပါေ႐ႊက်ီးသာတဲ့ကိန္း။မဂၤလာပါ လူေတြအၿမဲတမ္း သတိျပဳထားသင့္ ကာ ေလ့လာမွတ္သား သိထားသင့္တဲ့ အတိတ္ နိမိတ္ စနည္းတေဘာင္မ်ားစြာထဲမွေ႐ႊက်ီးသာနိမိတ္အေဟာကို မွ်ေဝေပးလိုက္ပါတယ္ ခင္ဗ်ာ။“က်ီးးး”လူတိုင္းလူတိုင္း ငယ္စဥ္က ဆိုခဲ့ၾက ဘူးမွာပါ…။

မိုးေလဝသ ေဗဒင္ေဟာ ေတာက္တဲ့ကိုလူေခ်ာ ေ႐ႊက်ီးညိဴသာပါေပါ့ ဧည့္သည္လာပါေတာ့။ဒါေတြက အေၾကာင္းမဲ့မဟုတ္ဘူးဆိုတာ အ တိတ္နိမိတ္ကိုလက္ခံယုံၾကည္ၾကသူတိုင္း သိၾကမွာပါ။ရတနာပုံေနျပည္ေတာ္ပ်က္သုဥ္းၿပီး သီေပါပါေတာ္မူဖို႔ ရက္တရာအလိုမွာ ေသာ္ လည္းေကာင္း။ဗိုလ္ခ်ဴပ္ေအာင္ဆန္းလုပ္ႀကံခံရဖို႔ ရက္ပိုင္းအလိုမွာေသာ္လည္းေကာင္း ထင္ရွားတဲ့မ်ားစြာေသာနိမိတ္မ်ားထဲမွ က်ီးသာ သို႔မဟုတ္ ၊က်ီးၿပိဳ -အလြန္မ်ားေသာက်ီးတို႔ တၿမိဳ႕လုံးတနယ္လုံး နားမခံသာေအာ္ျမည္ျခင္း။

ထိုသို႔ေသာက်ီးသာနိမိတ္နဲ႔စပ္ေသာ အထင္ရွားမ်ားစြာရွိခဲ့ၾကပါသည္။ထိုေၾကာင့္ က်ီးသာနိမိတ္နဲ႔ အဆိုးအေကာင္းကိုထင္ျမင္သာစြာ သိ စိမ့္ေသာငွာမွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ာ။က်ီးသည္ အေရွ႕အရပ္သာေသာ္ ခ်စ္ရခင္ရေသာ မိတ္ေဆြအေပါင္းသင္း သိုမဟုတ္ ခ်စ္သူ ေရာက္လာတတ္ေတြ႕ဆုံတတ္ပါသည္။က်ီးသည္ အေရွ႕ေတာင္ေဒါင့္အရပ္မွာသာေသာ္ မိသားစုအပူႀကီးျဖစ္အံ့ မီးေဘးေသာ္လည္း သင့္ ႏိုင္ပါသည္။က်ီးသည္ ေတာင္အရပ္မွသာေသာ္ လာတ္လာဘရမည္ တူ-တူမမ်ား အိမ္ေရာက္လာတတ္ပါသည္။

က်ီးသည္ အေနာက္ေတာင္ေဒါင့္မွသာေသာ္ အိမ္တြင္းသို႔ သူခိုးသူဝွက္ႀကံစည္ခံရတတ္သည္။က်ီးသည္ အေနာက္အရပ္မွသာေသာ္ ဒါဏ္ သင့္ျခင္း ဥပါဒ္ေရာက္ျခင္း အပူေသာကေရာက္ရျခင္းေတြ ျဖစ္ေစတတ္ပါသည္။က်ီးသည္ အေနာက္ေျမာက္ေဒါင့္မွသာေသာ္ ကြၽဲႏြားဆင္ ျမင္းေက်းကြၽန္အခိုင္းေစမ်ား ရေစတတ္ပါသည္။က်ီးသည္ ေျမာက္အရပ္မွသာေသာ္သတင္းေကာင္းသတင္းထူး ၾကားရတတ္ပါသည္။ က်ီးသည္ အေရွ႕ေျမာက္ေဒါင့္အရပ္မွသာေသာ္ ႀကီးသူငယ္သူလူအမ်ားနဲ႔ သူတစ္ပါးတို႔၏ပူေဇာ္ျခင္းကိုခံရပါမည္။

ေအာင္ခ်မ္းမင္း ၊ေဝဒလကၡဏာပညာရွင္

UNICODE

ဗဟုသုတ-ပညာစာပေကို လေ့လာလိုက်စားကြသော အမျိုးသားသမီးကောင်းတို့အတွက် ဇလွန်မြို့အဗျင်းရွာမှ နန္ဒဝန်ကျောင်းကြီး ဆရာ တော် ရေးစပ်ပေးထားသော ကျီးသာနိမိတ်တေးထပ်လေးကိုပါ မျှဝေပေးလိုက်ပါတယ်။ရွှေကျီးညိူနုတ်သာစွရယ်နဲ့ ဗြုဗ္ဗာကလှစ်ကြူ။ မုချာပ ချစ်သူငယ် ရောက်ယူမယ်မှတ်သား။ဒါဏ်ဥပါဒ်အနောက်ထွေတယ် မြောက်ရပ်လေကောင်းတဲ့စကား။ ကိုယ့်တူရောက်တောင်ခွင် ရှေ့မြောက်တွင်လာဘ်များ။ရှေ့တောင်ခွင်သတိထားပါတော့ လောင်လိမ့်ငြားမီးတွေ။

နောက်မြောက်ခွင်ကျွန်လာတတ် နောက်တောင်ရပ်ခိုးသူ့ရန်မွှေ။ဖွံ့ဖြိူးမှုမှန်မသွေသည်။ ညာဏ်အခြေဖွေဖွေမှီးပါတော့ ရွှေ-ရွှေကျီးနုတ် ကချိုသာ ထုတ်ဟဆိုလာ။နိမိတ်ထွန်းကျွန်းလက်ယာမှာ ညွှန်းမြွတ်ပါရွှေကျီးသာတဲ့ကိန်း။မင်္ဂလာပါ လူတွေအမြဲတမ်း သတိပြုထားသင့် ကာ လေ့လာမှတ်သား သိထားသင့်တဲ့ အတိတ် နိမိတ် စနည်းတဘောင်များစွာထဲမှရွှေကျီးသာနိမိတ်အဟောကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။“ကျီးးး”လူတိုင်းလူတိုင်း ငယ်စဉ်က ဆိုခဲ့ကြ ဘူးမှာပါ…။

မိုးလေဝသ ဗေဒင်ဟော တောက်တဲ့ကိုလူချော ရွှေကျီးညိူသာပါပေါ့ ဧည့်သည်လာပါတော့။ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ အ တိတ်နိမိတ်ကိုလက်ခံယုံကြည်ကြသူတိုင်း သိကြမှာပါ။ရတနာပုံနေပြည်တော်ပျက်သုဉ်းပြီး သီပေါပါတော်မူဖို့ ရက်တရာအလိုမှာ သော် လည်းကောင်း။ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရဖို့ ရက်ပိုင်းအလိုမှာသော်လည်းကောင်း ထင်ရှားတဲ့များစွာသောနိမိတ်များထဲမှ ကျီးသာ သို့မဟုတ် ၊ကျီးပြို -အလွန်များသောကျီးတို့ တမြို့လုံးတနယ်လုံး နားမခံသာအော်မြည်ခြင်း။

ထိုသို့သောကျီးသာနိမိတ်နဲ့စပ်သော အထင်ရှားများစွာရှိခဲ့ကြပါသည်။ထိုကြောင့် ကျီးသာနိမိတ်နဲ့ အဆိုးအကောင်းကိုထင်မြင်သာစွာ သိ စိမ့်သောငှာမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ကျီးသည် အရှေ့အရပ်သာသော် ချစ်ရခင်ရသော မိတ်ဆွေအပေါင်းသင်း သိုမဟုတ် ချစ်သူ ရောက်လာတတ်တွေ့ဆုံတတ်ပါသည်။ကျီးသည် အရှေ့တောင်ဒေါင့်အရပ်မှာသာသော် မိသားစုအပူကြီးဖြစ်အံ့ မီးဘေးသော်လည်း သင့် နိုင်ပါသည်။ကျီးသည် တောင်အရပ်မှသာသော် လာတ်လာဘရမည် တူ-တူမများ အိမ်ရောက်လာတတ်ပါသည်။

ကျီးသည် အနောက်တောင်ဒေါင့်မှသာသော် အိမ်တွင်းသို့ သူခိုးသူဝှက်ကြံစည်ခံရတတ်သည်။ကျီးသည် အနောက်အရပ်မှသာသော် ဒါဏ် သင့်ခြင်း ဥပါဒ်ရောက်ခြင်း အပူသောကရောက်ရခြင်းတွေ ဖြစ်စေတတ်ပါသည်။ကျီးသည် အနောက်မြောက်ဒေါင့်မှသာသော် ကျွဲနွားဆင် မြင်းကျေးကျွန်အခိုင်းစေများ ရစေတတ်ပါသည်။ကျီးသည် မြောက်အရပ်မှသာသော်သတင်းကောင်းသတင်းထူး ကြားရတတ်ပါသည်။ ကျီးသည် အရှေ့မြောက်ဒေါင့်အရပ်မှသာသော် ကြီးသူငယ်သူလူအများနဲ့ သူတစ်ပါးတို့၏ပူဇော်ခြင်းကိုခံရပါမည်။

အောင်ချမ်းမင်း ၊ဝေဒလက္ခဏာပညာရှင်

About the author

Zar Ti Man