Local News

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ဒီကေန႔ ရက္စြဲနဲ႔ ေၾကညာ ခ်က္ ထုတ္ျပန္

Written by Zar Ti Man

လက္ရွိအခ်ိန္ဟာ ကပ္ေရာဂါကာလျဖစ္တာမို႔ လူစု႐ုံးၿပီး မဲဆြယ္တာေတြမလုပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက တားျမစ္ထားေပမယ့္လည္း ႏိုင္ငံေရးပါတီေတြလူစုလူေဝးနဲ႔ အၿပိဳင္အဆိုင္ မဲဆြယ္ေနၾကပါတယ္။ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ရက္ေပါင္း ၂၀ ေက်ာ္ပဲ လိုေတာ့တဲ့အခ်ိန္ မွာ ႏိုင္ငံေရးပါတီေတြၾကား ခိုက္ရန္ျဖစ္ပြားတာေတြလည္း ပိုပိုမ်ားလာၿပီး ေအာက္တိုဘာလ ၁၀ ရက္ေန႔က ဧရာဝတီတိုင္း၊ ဟသၤာတၿမိဳ႕ နယ္မွာ NLD ပါတီဝင္ ေတြနဲ႔ ႀကံခိုင္ေရးပါတီဝင္ေတြၾကား ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး NLD ပါတီဝင္ ၁၅ ဦး နဲ႔ ႀကံ့ခိုင္ေရးပါတီဝင္ ကိုးဦးဒဏ္ ရာရခဲ့တယ္လို႔ သက္ဆိုင္ရာပါတီတာဝန္ရွိသူေတြက RFA ကို ေျပာထားပါတယ္။

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္မွာလည္း ေ႐ြးေကာက္ပြဲဝင္မယ့္ NLD အမတ္ေလာင္း သုံးဦးကို လက္နက္ကိုင္လူတခ်ိဳ႕က ဖမ္းသြား တာ ဒီေန႔ထိ မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္မရေသးသလို ဘယ္အဖြဲ႕ရဲ႕ လက္ခ်က္ဆိုတာလည္း တရားဝင္ထုတ္ျပန္ေျပာဆိုတာ မရွိ ေသးပါဘူး။ေ႐ြးေကာက္ပြဲကာလအတြင္းမွာ ရပ္႐ြာေအးခ်မ္းသာယာေရး ပ်က္ျပားေအာင္ ဆူပူလႈံ႕ေဆာ္ေနသူေတြကို ထိထိေရာက္ေရာက္ အေရးယူဖို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ဒီကေန႔ေၾကညာခ်က္ထုတ္ျပန္ လိုက္ပါတယ္။

မဲဆြယ္ကာလအတြင္းမွာ အၾကမ္းဖက္တာ၊ ၿခိမ္းေျခာက္ေႏွာင့္ယွက္တာေတြနဲ႔ ဘာသာေရး လူမ်ိဳးေရး အေၾကာင္းျပၿပီး ဆူပူေအာင္လႈံ႕ ေဆာ္ေနသူေတြကို ေတြ႕ေနရတယ္လို႔ ဒီကေန႔ထုတ္ျပန္တဲ့ သမၼတ႐ုံးရဲ႕ ေၾကညာခ်က္ထဲမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာထားပါ တယ္။ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔လည္း ေ႐ြးေကာက္ပြဲဥပေဒေတြနဲ႔အညီ မဲဆြယ္စည္း႐ုံးဖို႔ လည္း သမၼတက တိုက္တြန္းထားပါတယ္။ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုခ်ိန္နဲ႔ တခ်ိန္တည္းမွာပဲ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ ေဒသေတြစာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္က ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ အပါအဝင္ တိုင္းနဲ႔ျပည္နယ္‌ ေျခာက္ခုက ေနရာအေတာ္မ်ား မ်ားမွာ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေၾကာင္း ‌ေ႐ြးေကာက္ပြဲေကာ္မရွင္ကေၾကညာလိုက္တာပါ။ေ႐ြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာလ (၈) ရက္ေန႔မွာ က်င္းပမွာျဖစ္ပါတယ္။ဒီကပ္ေရာဂါအတြင္း က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ မဲ႐ုံေစာင့္မယ့္ ရဲတပ္ဖြဲ႕ဝင္ေတြကို တခါသုံး ေဆးစစ္ကိရိယာေတြနဲ႔ စစ္ေပးေနၿပီး အသက္ (၆၀) အထက္ လူႀကီးေတြကို ေနအိမ္မွာကေန ႀကိဳတင္မဲေပးႏိုင္ဖို႔ စီစဥ္ေန တယ္လို႔ ေဒၚ ေအာင္ဆန္းစုၾကည္က အစိုးရ႐ုပ္သံကတဆင့္ ေျပာထားပါတယ္။

Crd : RFA

UNICODE

လက်ရှိအချိန်ဟာ ကပ်ရောဂါကာလဖြစ်တာမို့ လူစုရုံးပြီး မဲဆွယ်တာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားပေမယ့်လည်း နိုင်ငံရေးပါတီတွေလူစုလူဝေးနဲ့ အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့အချိန် မှာ နိုင်ငံရေးပါတီတွေကြား ခိုက်ရန်ဖြစ်ပွားတာတွေလည်း ပိုပိုများလာပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ နယ်မှာ NLD ပါတီဝင် တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် ၁၅ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ကိုးဦးဒဏ် ရာရခဲ့တယ်လို့ သက်ဆိုင်ရာပါတီတာဝန်ရှိသူတွေက RFA ကို ပြောထားပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာလည်း ရွေးကောက်ပွဲဝင်မယ့် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်လူတချို့က ဖမ်းသွား တာ ဒီနေ့ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာလည်း တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိ သေးပါဘူး။ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

မဲဆွယ်ကာလအတွင်းမှာ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေနဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဆူပူအောင်လှုံ့ ဆော်နေသူတွေကို တွေ့နေရတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောထားပါ တယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ရွေးကောက်ပွဲဥပဒေတွေနဲ့အညီ မဲဆွယ်စည်းရုံးဖို့ လည်း သမ္မတက တိုက်တွန်းထားပါတယ်။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပြောဆိုချိန်နဲ့ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေသတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုက နေရာအတော်များ များမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်တာပါ။ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ဒီကပ်ရောဂါအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲရုံစောင့်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို တခါသုံး ဆေးစစ်ကိရိယာတွေနဲ့ စစ်ပေးနေပြီး အသက် (၆၀) အထက် လူကြီးတွေကို နေအိမ်မှာကနေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေ တယ်လို့ ဒေါ် အောင်ဆန်းစုကြည်က အစိုးရရုပ်သံကတဆင့် ပြောထားပါတယ်။

Crd : RFA

About the author

Zar Ti Man