Local News

နှင်းဆီပါတီဟုလူသိများသည့် ညီညွတ်သော ဒီမိုကရက်တစ် (UDP) ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ

Written by Zar Ti Man



CRD: ELEVEN MEDIA

UNICODE

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ နည်းဥပဒေ (၁၅) ၊ နည်းဥပဒေခွဲ (ခ) (ဂ) (စ) တို့ပါ ပြဌာန်းချက်များနှင့် ငြိ စွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက် အောက်တိုဘာ ၁၇ ရက် က ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စုံညီ လုပ်ငန်း ညှိုနှိုင်းအစည်းအဝေး အမှတ်စဉ် ၅၀/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရဖျက်သိမ်းလိုက်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) နှင့်အညီ ညီညွတ်သော ဒီမိုကရက်တစ် (UDP) ပါတီကို နိုင်ငံရေး ပါတီအ ဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပါရှိသည်။နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သော ဒီမိုကရက်တစ် (UDP) ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိသည့်အတွက် ယင်းပါတီ အား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (ယနေ့) အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

CRD:  ELEVEN  MEDIA

About the author

Zar Ti Man