Local News

ကိုဗစ္အင္းယား (စစ္ေျမျပင္) စင္တာမွ ေပးပို႔ လိုက္ေသာ စာ တစ္ေစာင္ (ပါေမာကၡ ေဒါက္တာ ေအာင္သိန္းေဌး)

Written by Zar Ti Man

ပထမ COVID စစ္ပြဲ(ပထမလွိူင္း)မွာေတာ့ ေႏြရာသီရဲ႕ အပူခ်ိန္ျမင့္မားမႈရယ္ စိုထိုင္းဆျမင့္တာရယ္ရာသီဥတုက ကြၽန္ေတာ္တို႔ ဘက္ကရွိ ေနေပမဲ့ ယခုဒုတိယစစ္ပြဲ(ဒုတိယလွိ ုင္း)မွာေတာ့ ရာသီဥတုဟာ ကြၽန္ေတာ္တို႔ဘက္က ရွိမေနဘူးဆိုတာသတိျပဳမိတယ္။ မိုးရာသီ စိုစို စြတ္စြတ္နဲ႔ တုတ္ေကြးဗိုင္းရပ္ေတြပ်ံ႕ႏွံ႔ေလ့ရွိတဲ့ရာသီျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔တေတြ မီးကုန္ယမ္းကုန္ေတာ့ ဖြင့္တိုက္ရမယ္ဆိုတာ သိထားမိေနခဲ့တယ္။ ခက္ခဲျပင္းထန္ေနတဲ့ တိုက္ပြဲတစ္ခုလို႔ပဲမွတ္ယူမိတယ္။ကိုေရာင္ေဖ်ာက္ထားတဲ့ ကိုဗစ္ကိုေလ်ာ့မတြက္မိဖို႔၊ မာယာ ေက်ာ့ကြင္းထဲ မိမသြားဖို႔ အစဥ္သတိရွိေနၾကစို႔ရဲေဘာ္တို႔။ လက္ေဆးပါ၊ mask (ႏွာေခါင္းစည္း)တပ္ထားပါ။

ပတ္ဝန္းက်င္ကိုသန္႔ရွင္းေအာင္လုပ္ပါ၊ လူစုမေနပါနဲ႔၊ လက္ကိုမ်က္ႏွာနဲ႔ မထိမိေအာင္ဂ႐ုစိုက္ပါ။ လက္ကိုမလိုအပ္ပဲ ဘာကို မွမကိုင္ တြယ္ပါနဲ႔။ ကိုဗစ္နဲ႔လႊဲႏိုင္ၾကပါေစ။ဆရာႀကီး ပါေမာကၡ ေဒါက္တာေအာင္သိန္းေဌး ဟာ ေဆးတကၠသိုလ္ (၂) ရန္ကုန္က ပါေမာကၡ၊ ဌာနမႉး ျဖစ္ပါတယ္။ အခုအခ်ိန္မွာ အင္းယားစင္တာရဲ႕ ဒုဦးစီးအုပ္ခ်ဳပ္သူ အျဖစ္ ဦးေဆာင္ကာ အတည္ျပဳလူနာမ်ားကို ကုသေပးေနေသာ ဆရာ ဝန္ႀကီးတစ္ဦးျဖစ္ပါတယ္။ ဆရာႀကီး ပါေမာကၡ ေဒါက္တာေအာင္သိန္းေဌးက သူ႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသားထားတဲ့ အေၾကာင္းအရာမ်ားကို မျပင္ဆင္ဘဲ မူရင္းအတိုင္း ျပန္လည္၍ ဂုဏ္ျပဳေဖာ္ျပလိုက္ပါတယ္။

“ကိုဗစ္အင္းယား (စစ္ေျမျပင္) စင္တာမွ ေပးပို႔လိုက္ ေသာစာ”ႏွလုံးခုန္ေနေသးသေ႐ြ႕၊ အသက္ဝေအာင္ရႉ ႏိုင္ေနေသးသေ႐ြ႕ ကိုဗစ္ ကို ကြၽႏုပ္တို႔တိုက္ထုတ္ေနဦးမည္သာ။ နာဂစ္မုန္တိုင္းလို ဖ်က္ဆီးအား ျပင္းထန္ဆိုး႐ြားလွတဲ့ လျပင္းမလာခင္ ရန္ကုန္ပတ္ဝန္းက်င္ဟာ တိတ္ဆိတ္ေနခဲ့သလို လႈိင္းလုံးေတြလို ေရာက္လာေတာ့မဲ့ ကိုဗစ္လူနာေတြ ကြၽန္ေတာ္တို႔ဆီ ေရာက္မလာခင္ အင္းယားစင္တာတစ္ ခုလုံးဟာ တိတ္ဆိတ္ေနခဲ့ၿပီး အင္းယားစင္တာထဲ တိုးဝင္ေရာက္လာေတာ့မဲ့ ကိုယ္ေဖ်ာက္ကိုဗစ္ကို သတိႀကီးစြာ ေစာင့္ေနခဲ့တယ္။ ပထမဆုံး အင္ယားကို ေရာက္လာခဲ့သူေလး ကေတာ့ ၁၂ ႏွစ္အ႐ြယ္ သမီးငယ္ေလးတစ္ဦးပါပဲ။

ရက္စက္ၿပီး အသက္ကိုႏႈတ္ယူတတ္တဲ့ ကိုဗစ္ပိုးေတြ ခႏၶာကိုယ္ထဲ အုံဖြဲ႕ခံထားရေပမဲ့ သမီးငယ္ေလးကေတာ့ တည္ၿငိမ္မႈအျပည့္နဲ႔ လိုက္ ပို႔တဲ့အဖြဲ႕ေတြကို ႏႈတ္ဆက္ရင္း အိတ္ကေလးဆြဲကာ စင္တာထဲလမ္း ေလ်ာက္ဝင္လာတာကို အသက္ရႉမွားေလာက္ေအာင္ ေငးၾကည့္ ေန ခဲ့မိတယ္။ ကပ္ေရာဂၚရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို ႀကံ့ႀကံ့ ခံရင္ဆိုင္ရဲတဲ့ သမီးငယ္ေလးရဲ႕ သတၱိဟာ စံထား ေလာက္ပါတယ္။ ဒီလိုနဲ႔အင္းယား စင္တာဟာလည္း ကိုဗစ္စစ္ေျမျပင္တစ္ခု ျဖစ္လာခဲ့ေတာ့တယ္။ဒီတိုက္ပြဲကို ပါဝင္တိုက္ခိုက္ၿပီး လူနာေတြရဲ႕အသက္ကို COVID လက္က လြတ္ထြက္ႏိုင္ေအာင္ လုပ္ေဆာင္ေပးၾကမဲ့ စစ္သည္အင္အား ကေတာ့၂၀၀ ေလာက္နဲ႔ စုဖြဲ႕ထားတယ္။

ဒီစစ္ေျမျပင္မွာ ပါဝင္ဆင္ႏႊဲၾကမဲ့သူနာျပဳ ၂၀ ဟာ ကခ်င္ျပည္နယ္က ျဖစ္ၿပီး သူနာျပဳ ၂၁ ဦးကေတာ့ ရွမ္းျပည္ေျမာက္ပိုင္းက ျဖစ္ၾက တယ္။ သူတို႔ဟာ ညီေႏွာင္သားခ်င္းမ်ားျဖစ္တဲ့ ရန္ကုန္သူရန္သားေတြကို COVID လက္ထဲကလြတ္ေျမာက္ေစဖို႔ေဖးမ ကူညီရန္ မိမိတို႔ရဲ႕ ေစတနာအေလ်ာက္ အင္းယားစစ္ေျမျပင္ကို ေရာက္လာခဲ့တယ္။ဆရာဝန္အင္အား ၈၀ ေလာက္ဟာ ရန္ကုန္ေဆး တကၠသိုလ္မ်ားက ျဖစ္ ၾကတယ္။ အေထြေထြေထာက္ကူေပးမဲ့ ေစတနာ့ဝန္ထမ္းအင္အား ၈၀ ေလာက္ဟာလည္း နယ္ၿမိ ု႔အသီးသီးေက ရာက္လာသူေတြပါ။
ကြပ္ကဲအုပ္ခ်ဳပ္ေရးအဖြဲ႕ကေတာ့ ဆရာဝန္မ်ားအပါအဝင္ တတ္သိပညာရွင္ ၁၀ ဦးနဲ႔ဖြဲ႕စည္းထားတယ္။

ဆရာဝန္အဖြဲ႕ကေတာ့ ေျမာက္ဥကၠလာေဆး႐ုံက ကိုဗစ္လူနာေတြကိုပါ ေစာင့္ေရွာက္ေပးေနရတာရယ္ ၎တိ ု႔ရဲ႕ မိခင္ဌာနဆိ ုင္ရာ အလုပ္တာဝန္ျဖစ္တဲ့ ထိခိုက္က္ဒဏ္ရာနဲ႔အ႐ိုးေရာဂါ ၊ အ႐ိုးက်ိဳးေဝဒနာသည္ေတြကို အေရးေပၚ ၂၄ နာရီကုသေပးေနရေတာ့ စစ္မ်က္နာ ၃ ခု ဖြင့္တိုက္ေနရတာေပါ့။ ဒါေပမဲ့လည္း ရွိရွိသမွ်ေသာအင္းအားမ်ားနဲ႔ တိုက္ပြဲဝင္ေနလ်က္ပါ။

ပါေမာကၡ ေဒါက္တာေအာင္သိန္းေဌး

UNICODE

ပထမ COVID စစ်ပွဲ(ပထမလှိူင်း)မှာတော့ နွေရာသီရဲ့ အပူချိန်မြင့်မားမှုရယ် စိုထိုင်းဆမြင့်တာရယ်ရာသီဥတုက ကျွန်တော်တို့ ဘက်ကရှိ နေပေမဲ့ ယခုဒုတိယစစ်ပွဲ(ဒုတိယလှိ ုင်း)မှာတော့ ရာသီဥတုဟာ ကျွန်တော်တို့ဘက်က ရှိမနေဘူးဆိုတာသတိပြုမိတယ်။ မိုးရာသီ စိုစို စွတ်စွတ်နဲ့ တုတ်ကွေးဗိုင်းရပ်တွေပျံ့နှံ့လေ့ရှိတဲ့ရာသီဖြစ်နေတော့ ကျွန်တော်တို့တတွေ မီးကုန်ယမ်းကုန်တော့ ဖွင့်တိုက်ရမယ်ဆိုတာ သိထားမိနေခဲ့တယ်။ ခက်ခဲပြင်းထန်နေတဲ့ တိုက်ပွဲတစ်ခုလို့ပဲမှတ်ယူမိတယ်။ကိုရောင်ဖျောက်ထားတဲ့ ကိုဗစ်ကိုလျော့မတွက်မိဖို့၊ မာယာ ကျော့ကွင်းထဲ မိမသွားဖို့ အစဉ်သတိရှိနေကြစို့ရဲဘော်တို့။ လက်ဆေးပါ၊ mask (နှာခေါင်းစည်း)တပ်ထားပါ။

ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်လုပ်ပါ၊ လူစုမနေပါနဲ့၊ လက်ကိုမျက်နှာနဲ့ မထိမိအောင်ဂရုစိုက်ပါ။ လက်ကိုမလိုအပ်ပဲ ဘာကို မှမကိုင် တွယ်ပါနဲ့။ ကိုဗစ်နဲ့လွှဲနိုင်ကြပါစေ။ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး ဟာ ဆေးတက္ကသိုလ် (၂) ရန်ကုန်က ပါမောက္ခ၊ ဌာနမှူး ဖြစ်ပါတယ်။ အခုအချိန်မှာ အင်းယားစင်တာရဲ့ ဒုဦးစီးအုပ်ချုပ်သူ အဖြစ် ဦးဆောင်ကာ အတည်ပြုလူနာများကို ကုသပေးနေသော ဆရာ ဝန်ကြီးတစ်ဦးဖြစ်ပါတယ်။ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတဲ့ အကြောင်းအရာများကို မပြင်ဆင်ဘဲ မူရင်းအတိုင်း ပြန်လည်၍ ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

“ကိုဗစ်အင်းယား (စစ်မြေပြင်) စင်တာမှ ပေးပို့လိုက် သောစာ”နှလုံးခုန်နေသေးသရွေ့၊ အသက်ဝအောင်ရှူ နိုင်နေသေးသရွေ့ ကိုဗစ် ကို ကျွနုပ်တို့တိုက်ထုတ်နေဦးမည်သာ။ နာဂစ်မုန်တိုင်းလို ဖျက်ဆီးအား ပြင်းထန်ဆိုးရွားလှတဲ့ လပြင်းမလာခင် ရန်ကုန်ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေခဲ့သလို လှိုင်းလုံးတွေလို ရောက်လာတော့မဲ့ ကိုဗစ်လူနာတွေ ကျွန်တော်တို့ဆီ ရောက်မလာခင် အင်းယားစင်တာတစ် ခုလုံးဟာ တိတ်ဆိတ်နေခဲ့ပြီး အင်းယားစင်တာထဲ တိုးဝင်ရောက်လာတော့မဲ့ ကိုယ်ဖျောက်ကိုဗစ်ကို သတိကြီးစွာ စောင့်နေခဲ့တယ်။ ပထမဆုံး အင်ယားကို ရောက်လာခဲ့သူလေး ကတော့ ၁၂ နှစ်အရွယ် သမီးငယ်လေးတစ်ဦးပါပဲ။

ရက်စက်ပြီး အသက်ကိုနှုတ်ယူတတ်တဲ့ ကိုဗစ်ပိုးတွေ ခန္ဓာကိုယ်ထဲ အုံဖွဲ့ခံထားရပေမဲ့ သမီးငယ်လေးကတော့ တည်ငြိမ်မှုအပြည့်နဲ့ လိုက် ပို့တဲ့အဖွဲ့တွေကို နှုတ်ဆက်ရင်း အိတ်ကလေးဆွဲကာ စင်တာထဲလမ်း လျောက်ဝင်လာတာကို အသက်ရှူမှားလောက်အောင် ငေးကြည့် နေ ခဲ့မိတယ်။ ကပ်ရောဂါ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ ခံရင်ဆိုင်ရဲတဲ့ သမီးငယ်လေးရဲ့ သတ္တိဟာ စံထား လောက်ပါတယ်။ ဒီလိုနဲ့အင်းယား စင်တာဟာလည်း ကိုဗစ်စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့တော့တယ်။ဒီတိုက်ပွဲကို ပါဝင်တိုက်ခိုက်ပြီး လူနာတွေရဲ့အသက်ကို COVID လက်က လွတ်ထွက်နိုင်အောင် လုပ်ဆောင်ပေးကြမဲ့ စစ်သည်အင်အား ကတော့၂၀၀ လောက်နဲ့ စုဖွဲ့ထားတယ်။

ဒီစစ်မြေပြင်မှာ ပါဝင်ဆင်နွှဲကြမဲ့သူနာပြု ၂၀ ဟာ ကချင်ပြည်နယ်က ဖြစ်ပြီး သူနာပြု ၂၁ ဦးကတော့ ရှမ်းပြည်မြောက်ပိုင်းက ဖြစ်ကြ တယ်။ သူတို့ဟာ ညီနှောင်သားချင်းများဖြစ်တဲ့ ရန်ကုန်သူရန်သားတွေကို COVID လက်ထဲကလွတ်မြောက်စေဖို့ဖေးမ ကူညီရန် မိမိတို့ရဲ့ စေတနာအလျောက် အင်းယားစစ်မြေပြင်ကို ရောက်လာခဲ့တယ်။ဆရာဝန်အင်အား ၈၀ လောက်ဟာ ရန်ကုန်ဆေး တက္ကသိုလ်များက ဖြစ် ကြတယ်။ အထွေထွေထောက်ကူပေးမဲ့ စေတနာ့ဝန်ထမ်းအင်အား ၈၀ လောက်ဟာလည်း နယ်မြိ ု့အသီးသီးကေ ရာက်လာသူတွေပါ။
ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ကတော့ ဆရာဝန်များအပါအဝင် တတ်သိပညာရှင် ၁၀ ဦးနဲ့ဖွဲ့စည်းထားတယ်။

ဆရာဝန်အဖွဲ့ကတော့ မြောက်ဥက္ကလာဆေးရုံက ကိုဗစ်လူနာတွေကိုပါ စောင့်ရှောက်ပေးနေရတာရယ် ၎င်းတိ ု့ရဲ့ မိခင်ဌာနဆိ ုင်ရာ အလုပ်တာဝန်ဖြစ်တဲ့ ထိခိုက်က်ဒဏ်ရာနဲ့အရိုးရောဂါ ၊ အရိုးကျိုးဝေဒနာသည်တွေကို အရေးပေါ် ၂၄ နာရီကုသပေးနေရတော့ စစ်မျက်နာ ၃ ခု ဖွင့်တိုက်နေရတာပေါ့။ ဒါပေမဲ့လည်း ရှိရှိသမျှသောအင်းအားများနဲ့ တိုက်ပွဲဝင်နေလျက်ပါ။

ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး

About the author

Zar Ti Man