Local News
မြန်မာပြည်သူများ ကျန်းမာရေးအတွက် ပြည်ပမှဒေါ်လာ(၂)သန်းဖိုး မှာယူပေးသောဦးဇော်ဇော် အသက်ရှည်ကျန်းမာပါစေ
Written by Zar Ti Man
UNICODE
ယနေ့အထိ စေတနာရှင်အားလုံးရဲ့ လှူဒါန်းငွေကျပ် (၁.၄)ဘီလီယံနဲ့ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းလှူဒါန်းမှု (၁.၁)ဘီလီ ယံကို လက်ခံရရှိခဲ့ပါတယ်။ အလှူရှင်တို့၏ လှူဒါန်းမှုအစုစုကို အလေအလွင့်မရှိအောင် စနစ်တကျ အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများ ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ (၃.၅)ဘီလီယံနဲ့ ဒုတိယ လှိုင်းအတွက် (၅.၅)ဘီလီယံ စုစုပေါင်း (၉)ဘီလီယံလှူဒါန်းခဲ့ပြီး အလှူရှင်တို့ရဲ့ စုပေါင်းလှူဒါန်းမှု (၂.၅)ဘီလီယံကိုလည်း လက်ခံရရှိပြီး ဖြစ်ပါတယ် ဟု ဦးဇော်ဇော်က ပြောကြားခဲ့ပါတယ်။
ဧရာဝတီဖောင်ဒေးရှင်းကတော့ ကိုဗစ်-၁၉ အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဦးဆောင်မှုနှင့် ကုတင်(၁၀၀၀) နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်နော်။ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁၂၅၀)၊ ICU/HDU ကုတင် (၂၀၀)၊ ICU/HDU Monitor နှင့် Wireless Control System များ၊ဆေးရုံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ(၂)သန်းဖိုး။
ဝယ်ယူတင်သွင်းသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ယခုလို ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂) သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီးတော့ ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့တယ် လို့ိသိရပါ တယ်။ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းတွေက တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည် ဖြစ်ပြီးတော့ ရက်သတ္တပတ် (၃)ပတ်ကြာ တွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည် ဖြစ်ပါတယ်။
source; Aye yar wady Foundation
About the author
Zar Ti Man