လာမယ့္ ရက္သတၱပတ္တြင္ ျမန္မာတစ္ႏိုင္ငံလုံး မိုးႀကီးႏိုင္ေၾကာင္း မိုး/ဇလထုတ္ျပန္

သတိျပဳလိုတာက ဒီတပါတ္အတြင္းလည္း ရန္ကုန္တိုင္း ပဲခူးတိုင္းအျပင္ မြန္ျပည္နယ္ ဧရာဝတီတိုင္း ရခိုင္ျပည္ေတြ ၂၀ ရက္မွ ၂၄ ရက္ အ တြင္း ေလေပြလႈိင္းေၾကာင့္ မိုးထပ္ရႏိုင္လို႔ ဆည္/ကန္မ်ား ေရလြတ္ေရထိမ္း သတိျပဳေစ လိုပါတယ္။ ေအာက္တိုဘာ ၂၄ ရက္မွ ၂၆ ရက္ အတြင္းမွေတာ့ အလယ္ပိုင္းက စစ္ကိုင္းေအာက္ပိုင္း ခ်င္းျပည္နယ္ ကခ်င္ျပည္နယ္ေတြ မိုးအသင့္ အတင္ ထပ္မံ႐ြာႏိုင္ပါတယ္။ အဲဒီရက္ မ်ားမွာ မႏၲေလးတိုင္းနဲ႔ မေကြးတိုင္းက ေနရာက်ဲက်ဲ မွ ေနရာကြက္က်ား မိုးအနည္းငယ္မွ အသင္အတင့္ ႐ြာႏိုင္ပါေၾကာင္း အသိေပး ထုတ္ျပန္ထားပါ တယ္။

ေအာက္တိုဘာလ ၂၀ ရက္မွ ၂၆ ရက္ တပတ္အတြင္း မိုးေလဝသအေျခအေန (19/10/2020 11:45am mst)ဒီတပါတ္လည္း ေလဖိအား နည္း သိုမဟုတ္ ေလေပြလႈိင္းျဖစ္ေပၚႏိုင္ေသးတဲ့ ရက္သတၱပါတ္ ျဖစ္ေနဆဲပါ။ အလယ္ပိုင္းေဒသ တခ်ိဳ႕ ( စစ္ကိုင္းေအာက္၊ မႏၲေလး တိုင္း၊ မေကြးတိုင္း) မိုးရခဲ့ လို႔ စိတ္သက္သာပါတယ္။ေဒသတခ်ိဳ႕ (ရန္ကုန္တိုင္း ပဲခူးတိုင္း) မိုးမ်ားခဲ့လို႔ တခ်ိဳဆည္/ ေရကန္ႀကီးမ်ား ေရ ျပည့္မွတ္ေရာက္ ေနတာလည္း ေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံ ေအာက္ပိုင္းမွ လယ္သမားမ်ား လယ္ကြင္းအတြင္း ေရသြင္း ေရထုတ္ ဂ႐ုစိုက္သင့္သလို လာမဲ့ စပါးရိတ္သိမ္းခ်ိန္တြင္ လည္း ခ်ိန္ခါမဟုတ္ မိုးမ်ားကို အထူးသတိျပဳရန္ ရွိေနပါေၾကာင္း ႀကိဳတင္ အသိေပး လိုပါတယ္။ မုတၱမေကြ႕ ျမစ္ဝကြၽန္းေပၚ ေရလုပ္သားမ်ား ေန႔စဥ္ မိုးေလဝသသတင္း နားေထာင္၍ မိုးေလလႈိင္း ျပင္းထန္ခ်ိန္ ေဘးကင္းရာ ခိုလႈံႏိုင္ေရး အေလးထား ေစလိုပါတယ္။ ေနာက္တပတ္ မွာ ထပ္မံတင္ျပပါမယ္။

REF: မိုး/ဇလ

UNICODE

သတိပြုလိုတာက ဒီတပါတ်အတွင်းလည်း ရန်ကုန်တိုင်း ပဲခူးတိုင်းအပြင် မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်တွေ ၂၀ ရက်မှ ၂၄ ရက် အ တွင်း လေပွေလှိုင်းကြောင့် မိုးထပ်ရနိုင်လို့ ဆည်/ကန်များ ရေလွတ်ရေထိမ်း သတိပြုစေ လိုပါတယ်။ အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက် အတွင်းမှတော့ အလယ်ပိုင်းက စစ်ကိုင်းအောက်ပိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေ မိုးအသင့် အတင် ထပ်မံရွာနိုင်ပါတယ်။ အဲဒီရက် များမှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက နေရာကျဲကျဲ မှ နေရာကွက်ကျား မိုးအနည်းငယ်မှ အသင်အတင့် ရွာနိုင်ပါကြောင်း အသိပေး ထုတ်ပြန်ထားပါ တယ်။

အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက် တပတ်အတွင်း မိုးလေဝသအခြေအနေ (19/10/2020 11:45am mst)ဒီတပါတ်လည်း လေဖိအား နည်း သိုမဟုတ် လေပွေလှိုင်းဖြစ်ပေါ်နိုင်သေးတဲ့ ရက်သတ္တပါတ် ဖြစ်နေဆဲပါ။ အလယ်ပိုင်းဒေသ တချို့ ( စစ်ကိုင်းအောက်၊ မန္တလေး တိုင်း၊ မကွေးတိုင်း) မိုးရခဲ့ လို့ စိတ်သက်သာပါတယ်။ဒေသတချို့ (ရန်ကုန်တိုင်း ပဲခူးတိုင်း) မိုးများခဲ့လို့ တချိုဆည်/ ရေကန်ကြီးများ ရေ ပြည့်မှတ်ရောက် နေတာလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံ အောက်ပိုင်းမှ လယ်သမားများ လယ်ကွင်းအတွင်း ရေသွင်း ရေထုတ် ဂရုစိုက်သင့်သလို လာမဲ့ စပါးရိတ်သိမ်းချိန်တွင် လည်း ချိန်ခါမဟုတ် မိုးများကို အထူးသတိပြုရန် ရှိနေပါကြောင်း ကြိုတင် အသိပေး လိုပါတယ်။ မုတ္တမကွေ့ မြစ်ဝကျွန်းပေါ် ရေလုပ်သားများ နေ့စဉ် မိုးလေဝသသတင်း နားထောင်၍ မိုးလေလှိုင်း ပြင်းထန်ချိန် ဘေးကင်းရာ ခိုလှုံနိုင်ရေး အလေးထား စေလိုပါတယ်။ နောက်တပတ် မှာ ထပ်မံတင်ပြပါမယ်။

REF:  မိုး/ဇလ