Local News

ရန္ကုန္ေဆး႐ုံႀကီး မွာ ကိုဗစ္ကူးစက္ ခံရတဲ့ က်န္းမာေရး ဝန္ထမ္း ၂၀၀ နီးပါး ရွိ သြားၿပီဟု ေဒါက္တာနႏၵဝင္းေျပာျပလာ

Written by Zar Ti Man

ခု ကြၽန္ေတာ္တို႔ေတာင့္ခံေနတာပါ။ က်န္းမာေရးဝန္ထမ္းေတြ ကူးစက္ခံရတာ (၁၀၀) ေက်ာ္ (၂၀၀) နီးပါးရွိေနပါၿပီ။ လုပ္အားေတြ မမွ် ေတာ့ပါဘူး။ အရမ္းပင္ပန္းေနၾကပါၿပီ။ ဒီလိုသာဆက္ ျဖစ္ေနမယ္ဆို စိတ္ပန္းလူပန္း ႏွင့္ ဝန္ထမ္းအားလုံး ျပဳတ္ျပဳတ္ျပဳန္းကုန္ပါ လိမ့္ မယ္။ ဆရာဝန္ဆရာမမရွိတဲ့ ကုတင္အသစ္ေတြႏွင့္ ေဆး႐ုံႀကီးေတြဟာ ဇရပ္ သာသာ တည္းခိုခန္းသာသာပဲျဖစ္ပါလိမ့္မယ္။ ဆရာဝန္ ဆ ရာမေတြဟာ ဝယ္ယူလို႔ စက္႐ုံကထုတ္လို႔မရပါဘူး။ ကန္႔သတ္ခ်က္ရွိပါတယ္။ ပုံမွန္ထက္ ပိုအလုပ္လုပ္ရ ရင္ သတိေမ့ေလ်ာ့ၿပီး ေရာဂါ ကူးစက္ႏိုင္ေျခရွိပါတယ္။ Mask ေမးတပ္ လူစုလူေဝးလုပ္ ေဈးေတြထဲမွာ ၿပဳံတိုး မလိုပဲ လမ္းေပၚထြက္ မလုပ္ပါနဲ႔ တစ္သက္တာေပ်ာ္ ႐ႊင္ဖို႔ အိမ္မွာေနၾကပါစို႔ အလုပ္မလုပ္ရင္ ငတ္မယ္ဆိုတဲ့သူေတြအတြက္ ေဒသအလိုက္ အလႉရွင္ေတြ အဖြဲ႕ေတြ ရွိပါတယ္ ကူၾကမွာပါ ။

အစာငတ္မေသေအာင္ေတာ့ ဝိုင္းၾကရမွာပါ…ျပည္သူမပါ ဘယ္ဟာမွမၿပီးပါဘူး ျပည္သူေတြ မလိုက္နာရင္ေတာ့ ျပည္သူေတြပဲ အထိ နာေတာ့မွာပါ… သတိျပဳၾကပါဗ်ာ။ရန္ကုန္ကို ေရာက္ခဲ့တယ္”။၁၀၊၁၀၊၂၀၂၀ အေရးေပၚခ်က္ခ်င္းပဲ ရန္ကုန္ေဆး႐ုံႀကီးကို ေျပာင္းဖို႔ အမိန္႔ ထြက္လာတယ္။ရန္ကုန္ေဆး႐ုံႀကီးရဲ႕ စနစ္က်နတဲ့ အုပ္ခ်ဳပ္ေရး အဖြဲ႕ၾကားမွာ တတ္စြမ္းသမွ် လိုအပ္ခ်က္ရွိႏိုင္တာေလးေတြ ကို ၾကည့္ ကာ ျဖည့္စည္းေပါင္းစပ္ႏိုင္ေအာင္ ႀကိဳးစားခဲ့တယ္။ အလုပ္ေတြမ်ားလြန္းတာမို႔ တာဝန္ေတြ ခြဲေဝၿပီ: ပီပီျပင္ျပင္ လုပ္ေနတဲ့ ရန္ကုန္ေဆး ႐ုံႀကီးမွာလိုတာက ေပါင္းစပ္ညႇိဳႏႈိင္းသူ ေနရာစုံေလွ်ာက္သြား လူ အစုံႏွင့္ေတြ႕ လိုတာ ျဖည့္ႏိုင္ျဖည့္ မလုပ္ႏိုင္တင္ျပ ေပါင္းစပ္ ေျဖေလ်ာ့ ေပးမယ့္သူ…. ဘယ္သူမွတာဝန္မေပးပါပဲ အဲဒီေနရာကို ခုန္ဆင္း တာဝန္ယူခဲ့တယ္။

မာနကိုခဝါခ်ၿပီး လူတိုင္းကို “ကြၽန္ေတာ္က အသစ္ေရာက္တဲ့ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာနႏၵဝင္း ပါခင္ဗ်ာ” လို႔မိတ္ဆက္ရင္း တစ္ သက္တာရဲ႕ အခ်ိဳသာဆုံးေလသံ ေအာက္အက်ိဳ႕ဆုံး အေနအထား ႏွင့္ ေပါင္းစပ္ခဲ့ပါတယ္။ အေ႐ြ႕တစ္ခု ရွိလာတယ္။ အားကိုးသူေတြရွိ လာတယ္။ ဘဝရဲ႕ စိတ္အပင္ပန္းဆုံးအခ်ိန္ကို ျဖတ္ေက်ာ္ခဲ့ရတယ္။ အ႐ိုးသားဆုံး ျဖစ္ပ်က္ေနတာေတြကို တင္ျပတယ္။ အႀကီးအကဲ ေတြ ကိုေရာ ျပည္သူကိုခ်ျပသင့္တာေတြေရာေပါ့။ ျပည္သူကို ခ်မျပပါနဲ႔ ဆိုတဲ့ စကားသံေလးေတြ တစ္ခ်ိဳ႕ဆီက ထြက္လာတယ္။ post တစ္ခု only me လုပ္ဖို႔ အေျပာခံရတယ္။ကြၽန္ေတာ္ယုံၾကည္တဲ့ ကူးစက္ေရာဂါ သို႔မဟုတ္ ျပည္သူေတြ ပါဝင္ ပတ္သက္ေနတဲ့ အရာေတြကို ေျဖ ရွင္းတဲ့ေနရာမွာ ADAPT ဆိုတဲ့ နည္းက အေကာင္းဆုံးပဲ ။ အဲဒီထဲမွာ T ရဲ႕အဓိပၸါယ္က transparency (ပြင့္လင္းျမင္သာမႈ) ပါတယ္။

အလုပ္လုပ္တာ ဘယ္သူမွ အမွားမကင္းႏိုင္ဘူး ေဝဖန္မႈမကင္းႏိုင္ဘူး ဒါေပမယ့္ ႐ိုးရွင္း ရင္ ဘာမွ ခ်မျပႏိုင္စရာမရွိဘူး။ ႐ိုးသားမႈ ဟာ အေရးအႀကီးဆုံးပါပဲ။ ႐ိုးသားစြာ ခ်ျပႏိုင္ရင္ ျပည္သူ႔အားကို သိမ္းႀကဳံးရမွာ အေသအခ်ာပါပဲ။ ျမန္မာျပည္မွာ တစ္ခ်ိဳ႕ေသာ institution ေတြ failed ျဖစ္ခဲ့တဲ့ အေၾကာင္းရင္းထဲမွာ အဓိက တစ္ခုတည္းေသာ အေၾကာင္းကို ေျပာပါဆိုရင္ မ႐ိုးသားခဲ့တဲ့ အုပ္ခ်ဳပ္စီမံမႈ ေၾကာင့္ပါ ပဲ။ကြၽန္ေတာ္က အုပ္ခ်ဳပ္စီမံသူတစ္ေယာက္ ျဖစ္ပါတယ္။ ရန္ကုန္ကို အေရးေပၚ သူရဲေကာင္းလိုလို special mission လိုလို ဇာတ္လမ္းထဲက လိုလို ေခၚလိုက္ေပမယ့္ လူခ်ည္းပဲ ပစ္ထည့္တာခံလိုက္ရတာပါ။ ပါဝါအာဏာ လူသူ အင္အား ဘာမွ မျဖည့္လိုက္ပါဘူး။ တင္ျပကာမွ အားကိုးရတဲ့ ျမဝတီ ႏွင့္သီေပါက သားႏွစ္ေယာက္ကို ထည့္ေပးပါတယ္။

(သူမ်ား အားမရတိုင္း အနားက သား ၂ေကာင္ကို ဆဲလို႔ရတာေပါ့ေလ− ။ခ်စ္ရပါေသာသားမ်ားပါ) ရွိတဲ့ အေနအထားကေန ဆရာႀကီ: ဆ ရာမႀကီးေတြကို တင္ျပ မိတ္ေဆြေတြရဲ႕ အားႏွင့္ လိုအပ္တာေတြကို ျဖည့္စြက္ ေဆာင္႐ြက္ခဲ့ပါတယ္။ မအိပ္ရတဲ့ညေတြ အိပ္ေဆးေသာက္ အိပ္ရတဲ့အခ်ိန္ေတြ ငိုေႂကြးခဲ့ရတဲ့ အခ်ိန္ေတြ ေက်ာ္ျဖတ္ခဲ့ရတယ္။ (ဇာတ္နာျပတာမဟုတ္ဘူး ဇာတ္က မနာနာေအာင္ ပုဏၰားေတြက အ ႐ိုက္ၾကမ္းလြန္းတာ) အရမ္းခ်စ္ျမတ္ႏိုးတဲ့ အလုပ္က ေနာက္ဆုံး ထြက္ေတာ့မယ္ ဆိုတဲ့အထိ ဆုံးျဖတ္လိုက္မွ အလုပ္လုပ္ရတာ အဆင္ ေျပသြားတယ္။ ျပဳတ္ခ်င္ျပဳတ္ ျဖဳတ္ခ်င္ျဖဳတ္ ဆိုတဲ့ ေသမထူး စိတ္တစ္ခုဟာ anaerobic reaction တစ္ခုလို ေပါက္ကြဲအားျပင္းထန္စြာ လႈပ္ရွားႏိုင္ခဲ့တယ္။ကြၽန္ေတာ္ဟာ ဘာမွ မဟုတ္ပါဘူး။ ဒါေပမယ့္ ရန္ကုန္ေဆး႐ုံႀကီးရဲ႕ လက္ရွိ အေ႐ြ႕တစ္ခုကိုေတာ့ ပုံမွန္ထက္ ျမန္ဆန္ ႏိုင္ေအာင္ ပုံမွန္လုပ္မွာထက္ အဆင္ေျပေအာင္ လုပ္ေပးႏိုင္ခဲ့တယ္လို႔ ယုံၾကည္ပါတယ္။

မ႑ပ္တိုင္ တက္တာမဟုတ္ပါဘူး။ ေစတနာ့ဝန္ထမ္းေတြရွိေနေပမယ့္ သူတို႔ ရဲ႕ ခံစားခ်က္ ကို နားေထာင္ေပးသူ သူတို႔ကို ေျဖသိမ့္ေပးသူ အေသးအမႊားေလးေသာ သူတို႔လိုအပ္ခ်က္ကို ျဖည့္စည္းေပးသူ မရွိပါဘူး (မင္းရွိလို႔ငါမလုပ္တာလို႔ေတာ့မေျပာေစခ်င္ဘူး မင္းႀကံတာ ငါ ႀကံထားတာလို႔ေတာ့ မဦးေစခ်င္ဘူး နဂိုကသာ လုပ္ခဲ့ ႀကံခဲ့ရင္ ကြၽန္ေတာ္ ဒီမေရာက္ပါဘူး။ ျမဝတီမွာ အသစ္ထြက္တဲ့ positive လူနာ ေတြအတြက္ ႀကံစည္ထားသမွ် ပုံေအာၿပီး တစ္ၿမိဳ႕လုံးကို လုံၿခဳံေက်နပ္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ေနပါၿပီ − အားနာတယ္ျမဝတီ ကိုဗစ္မွာ ျမဝတီအတြက္ အမ်ားႀကီး ႀကိဳေတြးႀကိဳစီမံထားတာေတြရွိခဲ့တယ္ ပိုးေတြ႕ တစ္ရာ တစ္ၿပိဳင္တည္း ေတြ႕ရင္ေတာင္ ဘယ္လိုလုပ္မလဲ ဆို တာေတြ ေတြးထားခဲ့တယ္ ႀကံစည္သမွ် ကို အကုန္ မသုံးလိုက္ရပါဘူး ညီေလး အဲလက္စ္ ေမာင္မ်ိဳး ညီမ ခင္ခ်ိဳ တို႔ အစြမ္းကုန္ လုပ္ေပး ေနတာကို ေက်းဇူးတင္ပါတယ္)။

အခုကြၽန္ေတာ့္ဘာသာ ရည္မွန္းခ်က္က ရန္ကုန္ေဆး႐ုံႀကီးမွာ ေရာက္လာတဲ့လူနာတိုင္း ကုတင္ေပၚေရာက္ေရး ကုတင္ႏွင့္ေနႏိုင္ေရးကို အရင္ဆုံး ဦးတည္ထားခဲ့တယ္။ ၾကမ္းျပင္ေပၚမွာ ခုံေတြေပၚမွာ ေနေနရတဲ့ ဘဝေတြထက္ ရန္ကုန္ေဆး႐ုံႀကီးရဲ႕ေက်ာတစ္ေနရာစာကို ကုတင္ေလးေပၚမွာျဖစ္ေရးပဲ ဦးတည္ခဲ့တယ္။ ကုသတာကေတာ့ ေျပာစရာကိုမလိုေလာက္ေအာင္ ေတာ္တဲ့ သူေတြ ခ်ည္းပဲ။ အသစ္ေဆာက္မယ့္ ေနရာေတြမွာ အိမ္သာေတြ အလုံအေလာက္ပါေရး ကို ဆိုင္ဆိုင္မဆိုင္ဆိုင္ဒီဇိုင္း ဝင္ၾကည့္ ပါ ခဲ့တယ္။ မေန႔က အကိုစိုးလႈိင္ ေရာက္လာေပးတယ္။ ေဆး႐ုံအင္ဂ်င္နီယာေလာကမွာ အကူအညီအေပးဆုံး ေရာက္ရာ ႏိုင္ငံမွာ ေဆး႐ုံတိုင္းကို ထဲထဲဝင္ဝင္ေလ့လာတတ္တဲ့ အင္ဂ်င္နီယာအကို က ညီေလး အတြက္ အကိုလာ တယ္တဲ့။ လက္ရွိ အင္းလ်ားစင္တာရဲ႕ ပုံေဖာ္သူ အကို႔ဆီက ေဆး႐ုံ တြင္း ကူးစက္ေရာဂါ ႏွိမ္ႏွင္းေရး အင္ဂ်င္နီယာ အျမင္ကို တဝႀကီ: ရလိုက္တယ္။

၂၀၀၆ စေတြ႕ကတည္းက ခ်စ္ခင္တဲ့အကို ေနျပည္ေတာ္ ခြဲစိတ္ခန္းမွင့္ အထူးၾကပ္မတ္ဌာန laminar flow ပ်က္တုန္းက အတူ တြဲခဲ့တဲ့အ ကို ခုလည္း ေလထုတ္စနစ္ေတြ (ေဖာင္ႀကီးနမူနာ) ေလဖိအားစနစ္ေတြ (ၾကားခံ positive အခန္းထားလိုက္ျခင္းအားျဖင့္ relative negative pressure room ျဖစ္သြားေစပုံေတြ) ကို အားပါးတရ လာရွင္းျပခဲ့တယ္။ ကြၽန္ေတာ္ရဲ႕ ပထမဦးဆုံး ဆရာ ကြၽန္ေတာ္က ဦးဉီး ဆရာလို႔ေခၚတဲ့ ရန္ကုန္ေဆး႐ုံအုပ္ႀကီး ေဒါက္တာလွျမင့္က ဖုန္းအၾကာႀကီးဆက္ၿပီး လိုအပ္တဲ့အားေတြ ေပးခဲ့တယ္။ ရန္ကုန္ေဆး႐ုံ ႀကီးမွာ လူနာေတြ အနည္းဆုံး ကုတင္ေပၚတင္ေတာ့ ကုႏိုင္ေလာက္တဲ့ အေျခအေန တစ္ခု ေရာက္သြားပါၿပီ။ ဒါေပမယ့္ ျပည္သူေတြက က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ရဲ႕ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာပဲ ခုလို ထြက္သြား ထြက္လာ စည္းကမ္းမရွိရင္ေတာ့ ရန္ကုန္ ေဆး႐ုံႀကီးကို ကုတင္ အလုံးတစ္ေသာင္းျဖည့္လည္း ေလာက္မွာမဟုတ္ပါဘူး။ ျပည္သူေတြ လိုက္နာၾကပါ။ မကူးစက္ေအာင္ေနၾကပါ။ ကိုယ့္အိမ္က သက္ႀကီးေတြ နာတာရွည္ေရာဂါသယ္ေတြကို ကူးစက္မႈ ျဖစ္မလာေအာင္ ထိန္းသိမ္းၾကပါ။

ေဒါက္တာနႏၵဝင္း

UNICODE

ခု ကျွန်တော်တို့တောင့်ခံနေတာပါ။ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတာ (၁၀၀) ကျော် (၂၀၀) နီးပါးရှိနေပါပြီ။ လုပ်အားတွေ မမျှ တော့ပါဘူး။ အရမ်းပင်ပန်းနေကြပါပြီ။ ဒီလိုသာဆက် ဖြစ်နေမယ်ဆို စိတ်ပန်းလူပန်း နှင့် ဝန်ထမ်းအားလုံး ပြုတ်ပြုတ်ပြုန်းကုန်ပါ လိမ့် မယ်။ ဆရာဝန်ဆရာမမရှိတဲ့ ကုတင်အသစ်တွေနှင့် ဆေးရုံကြီးတွေဟာ ဇရပ် သာသာ တည်းခိုခန်းသာသာပဲဖြစ်ပါလိမ့်မယ်။ ဆရာဝန် ဆ ရာမတွေဟာ ဝယ်ယူလို့ စက်ရုံကထုတ်လို့မရပါဘူး။ ကန့်သတ်ချက်ရှိပါတယ်။ ပုံမှန်ထက် ပိုအလုပ်လုပ်ရ ရင် သတိမေ့လျော့ပြီး ရောဂါ ကူးစက်နိုင်ခြေရှိပါတယ်။ Mask မေးတပ် လူစုလူဝေးလုပ် ဈေးတွေထဲမှာ ပြုံတိုး မလိုပဲ လမ်းပေါ်ထွက် မလုပ်ပါနဲ့ တစ်သက်တာပျော် ရွှင်ဖို့ အိမ်မှာနေကြပါစို့ အလုပ်မလုပ်ရင် ငတ်မယ်ဆိုတဲ့သူတွေအတွက် ဒေသအလိုက် အလှူရှင်တွေ အဖွဲ့တွေ ရှိပါတယ် ကူကြမှာပါ ။

အစာငတ်မသေအောင်တော့ ဝိုင်းကြရမှာပါ…ပြည်သူမပါ ဘယ်ဟာမှမပြီးပါဘူး ပြည်သူတွေ မလိုက်နာရင်တော့ ပြည်သူတွေပဲ အထိ နာတော့မှာပါ… သတိပြုကြပါဗျာ။ရန်ကုန်ကို ရောက်ခဲ့တယ်”။၁၀၊၁၀၊၂၀၂၀ အရေးပေါ်ချက်ချင်းပဲ ရန်ကုန်ဆေးရုံကြီးကို ပြောင်းဖို့ အမိန့် ထွက်လာတယ်။ရန်ကုန်ဆေးရုံကြီးရဲ့ စနစ်ကျနတဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာ တတ်စွမ်းသမျှ လိုအပ်ချက်ရှိနိုင်တာလေးတွေ ကို ကြည့် ကာ ဖြည့်စည်းပေါင်းစပ်နိုင်အောင် ကြိုးစားခဲ့တယ်။ အလုပ်တွေများလွန်းတာမို့ တာဝန်တွေ ခွဲဝေပြီ: ပီပီပြင်ပြင် လုပ်နေတဲ့ ရန်ကုန်ဆေး ရုံကြီးမှာလိုတာက ပေါင်းစပ်ညှိုနှိုင်းသူ နေရာစုံလျှောက်သွား လူ အစုံနှင့်တွေ့ လိုတာ ဖြည့်နိုင်ဖြည့် မလုပ်နိုင်တင်ပြ ပေါင်းစပ် ဖြေလျော့ ပေးမယ့်သူ…. ဘယ်သူမှတာဝန်မပေးပါပဲ အဲဒီနေရာကို ခုန်ဆင်း တာဝန်ယူခဲ့တယ်။

မာနကိုခဝါချပြီး လူတိုင်းကို “ကျွန်တော်က အသစ်ရောက်တဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်း ပါခင်ဗျာ” လို့မိတ်ဆက်ရင်း တစ် သက်တာရဲ့ အချိုသာဆုံးလေသံ အောက်အကျို့ဆုံး အနေအထား နှင့် ပေါင်းစပ်ခဲ့ပါတယ်။ အရွေ့တစ်ခု ရှိလာတယ်။ အားကိုးသူတွေရှိ လာတယ်။ ဘဝရဲ့ စိတ်အပင်ပန်းဆုံးအချိန်ကို ဖြတ်ကျော်ခဲ့ရတယ်။ အရိုးသားဆုံး ဖြစ်ပျက်နေတာတွေကို တင်ပြတယ်။ အကြီးအကဲ တွေ ကိုရော ပြည်သူကိုချပြသင့်တာတွေရောပေါ့။ ပြည်သူကို ချမပြပါနဲ့ ဆိုတဲ့ စကားသံလေးတွေ တစ်ချို့ဆီက ထွက်လာတယ်။ post တစ်ခု only me လုပ်ဖို့ အပြောခံရတယ်။ကျွန်တော်ယုံကြည်တဲ့ ကူးစက်ရောဂါ သို့မဟုတ် ပြည်သူတွေ ပါဝင် ပတ်သက်နေတဲ့ အရာတွေကို ဖြေ ရှင်းတဲ့နေရာမှာ ADAPT ဆိုတဲ့ နည်းက အကောင်းဆုံးပဲ ။ အဲဒီထဲမှာ T ရဲ့အဓိပ္ပါယ်က transparency (ပွင့်လင်းမြင်သာမှု) ပါတယ်။

အလုပ်လုပ်တာ ဘယ်သူမှ အမှားမကင်းနိုင်ဘူး ဝေဖန်မှုမကင်းနိုင်ဘူး ဒါပေမယ့် ရိုးရှင်း ရင် ဘာမှ ချမပြနိုင်စရာမရှိဘူး။ ရိုးသားမှု ဟာ အရေးအကြီးဆုံးပါပဲ။ ရိုးသားစွာ ချပြနိုင်ရင် ပြည်သူ့အားကို သိမ်းကြုံးရမှာ အသေအချာပါပဲ။ မြန်မာပြည်မှာ တစ်ချို့သော institution တွေ failed ဖြစ်ခဲ့တဲ့ အကြောင်းရင်းထဲမှာ အဓိက တစ်ခုတည်းသော အကြောင်းကို ပြောပါဆိုရင် မရိုးသားခဲ့တဲ့ အုပ်ချုပ်စီမံမှု ကြောင့်ပါ ပဲ။ကျွန်တော်က အုပ်ချုပ်စီမံသူတစ်ယောက် ဖြစ်ပါတယ်။ ရန်ကုန်ကို အရေးပေါ် သူရဲကောင်းလိုလို special mission လိုလို ဇာတ်လမ်းထဲက လိုလို ခေါ်လိုက်ပေမယ့် လူချည်းပဲ ပစ်ထည့်တာခံလိုက်ရတာပါ။ ပါဝါအာဏာ လူသူ အင်အား ဘာမှ မဖြည့်လိုက်ပါဘူး။ တင်ပြကာမှ အားကိုးရတဲ့ မြဝတီ နှင့်သီပေါက သားနှစ်ယောက်ကို ထည့်ပေးပါတယ်။

(သူများ အားမရတိုင်း အနားက သား ၂ကောင်ကို ဆဲလို့ရတာပေါ့လေ− ။ချစ်ရပါသောသားများပါ) ရှိတဲ့ အနေအထားကနေ ဆရာကြီ: ဆ ရာမကြီးတွေကို တင်ပြ မိတ်ဆွေတွေရဲ့ အားနှင့် လိုအပ်တာတွေကို ဖြည့်စွက် ဆောင်ရွက်ခဲ့ပါတယ်။ မအိပ်ရတဲ့ညတွေ အိပ်ဆေးသောက် အိပ်ရတဲ့အချိန်တွေ ငိုကြွေးခဲ့ရတဲ့ အချိန်တွေ ကျော်ဖြတ်ခဲ့ရတယ်။ (ဇာတ်နာပြတာမဟုတ်ဘူး ဇာတ်က မနာနာအောင် ပုဏ္ဏားတွေက အ ရိုက်ကြမ်းလွန်းတာ) အရမ်းချစ်မြတ်နိုးတဲ့ အလုပ်က နောက်ဆုံး ထွက်တော့မယ် ဆိုတဲ့အထိ ဆုံးဖြတ်လိုက်မှ အလုပ်လုပ်ရတာ အဆင် ပြေသွားတယ်။ ပြုတ်ချင်ပြုတ် ဖြုတ်ချင်ဖြုတ် ဆိုတဲ့ သေမထူး စိတ်တစ်ခုဟာ anaerobic reaction တစ်ခုလို ပေါက်ကွဲအားပြင်းထန်စွာ လှုပ်ရှားနိုင်ခဲ့တယ်။ကျွန်တော်ဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးရဲ့ လက်ရှိ အရွေ့တစ်ခုကိုတော့ ပုံမှန်ထက် မြန်ဆန် နိုင်အောင် ပုံမှန်လုပ်မှာထက် အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

မဏ္ဍပ်တိုင် တက်တာမဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်းတွေရှိနေပေမယ့် သူတို့ ရဲ့ ခံစားချက် ကို နားထောင်ပေးသူ သူတို့ကို ဖြေသိမ့်ပေးသူ အသေးအမွှားလေးသော သူတို့လိုအပ်ချက်ကို ဖြည့်စည်းပေးသူ မရှိပါဘူး (မင်းရှိလို့ငါမလုပ်တာလို့တော့မပြောစေချင်ဘူး မင်းကြံတာ ငါ ကြံထားတာလို့တော့ မဦးစေချင်ဘူး နဂိုကသာ လုပ်ခဲ့ ကြံခဲ့ရင် ကျွန်တော် ဒီမရောက်ပါဘူး။ မြဝတီမှာ အသစ်ထွက်တဲ့ positive လူနာ တွေအတွက် ကြံစည်ထားသမျှ ပုံအောပြီး တစ်မြို့လုံးကို လုံခြုံကျေနပ်အောင် ဆောင်ရွက်ပေးနိုင်နေပါပြီ − အားနာတယ်မြဝတီ ကိုဗစ်မှာ မြဝတီအတွက် အများကြီး ကြိုတွေးကြိုစီမံထားတာတွေရှိခဲ့တယ် ပိုးတွေ့ တစ်ရာ တစ်ပြိုင်တည်း တွေ့ရင်တောင် ဘယ်လိုလုပ်မလဲ ဆို တာတွေ တွေးထားခဲ့တယ် ကြံစည်သမျှ ကို အကုန် မသုံးလိုက်ရပါဘူး ညီလေး အဲလက်စ် မောင်မျိုး ညီမ ခင်ချို တို့ အစွမ်းကုန် လုပ်ပေး နေတာကို ကျေးဇူးတင်ပါတယ်)။

အခုကျွန်တော့်ဘာသာ ရည်မှန်းချက်က ရန်ကုန်ဆေးရုံကြီးမှာ ရောက်လာတဲ့လူနာတိုင်း ကုတင်ပေါ်ရောက်ရေး ကုတင်နှင့်နေနိုင်ရေးကို အရင်ဆုံး ဦးတည်ထားခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ ခုံတွေပေါ်မှာ နေနေရတဲ့ ဘဝတွေထက် ရန်ကုန်ဆေးရုံကြီးရဲ့ကျောတစ်နေရာစာကို ကုတင်လေးပေါ်မှာဖြစ်ရေးပဲ ဦးတည်ခဲ့တယ်။ ကုသတာကတော့ ပြောစရာကိုမလိုလောက်အောင် တော်တဲ့ သူတွေ ချည်းပဲ။ အသစ်ဆောက်မယ့် နေရာတွေမှာ အိမ်သာတွေ အလုံအလောက်ပါရေး ကို ဆိုင်ဆိုင်မဆိုင်ဆိုင်ဒီဇိုင်း ဝင်ကြည့် ပါ ခဲ့တယ်။ မနေ့က အကိုစိုးလှိုင် ရောက်လာပေးတယ်။ ဆေးရုံအင်ဂျင်နီယာလောကမှာ အကူအညီအပေးဆုံး ရောက်ရာ နိုင်ငံမှာ ဆေးရုံတိုင်းကို ထဲထဲဝင်ဝင်လေ့လာတတ်တဲ့ အင်ဂျင်နီယာအကို က ညီလေး အတွက် အကိုလာ တယ်တဲ့။ လက်ရှိ အင်းလျားစင်တာရဲ့ ပုံဖော်သူ အကို့ဆီက ဆေးရုံ တွင်း ကူးစက်ရောဂါ နှိမ်နှင်းရေး အင်ဂျင်နီယာ အမြင်ကို တဝကြီ: ရလိုက်တယ်။

၂၀၀၆ စတွေ့ကတည်းက ချစ်ခင်တဲ့အကို နေပြည်တော် ခွဲစိတ်ခန်းမှင့် အထူးကြပ်မတ်ဌာန laminar flow ပျက်တုန်းက အတူ တွဲခဲ့တဲ့အ ကို ခုလည်း လေထုတ်စနစ်တွေ (ဖောင်ကြီးနမူနာ) လေဖိအားစနစ်တွေ (ကြားခံ positive အခန်းထားလိုက်ခြင်းအားဖြင့် relative negative pressure room ဖြစ်သွားစေပုံတွေ) ကို အားပါးတရ လာရှင်းပြခဲ့တယ်။ ကျွန်တော်ရဲ့ ပထမဦးဆုံး ဆရာ ကျွန်တော်က ဦးဉီး ဆရာလို့ခေါ်တဲ့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဖုန်းအကြာကြီးဆက်ပြီး လိုအပ်တဲ့အားတွေ ပေးခဲ့တယ်။ ရန်ကုန်ဆေးရုံ ကြီးမှာ လူနာတွေ အနည်းဆုံး ကုတင်ပေါ်တင်တော့ ကုနိုင်လောက်တဲ့ အခြေအနေ တစ်ခု ရောက်သွားပါပြီ။ ဒါပေမယ့် ပြည်သူတွေက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာပဲ ခုလို ထွက်သွား ထွက်လာ စည်းကမ်းမရှိရင်တော့ ရန်ကုန် ဆေးရုံကြီးကို ကုတင် အလုံးတစ်သောင်းဖြည့်လည်း လောက်မှာမဟုတ်ပါဘူး။ ပြည်သူတွေ လိုက်နာကြပါ။ မကူးစက်အောင်နေကြပါ။ ကိုယ့်အိမ်က သက်ကြီးတွေ နာတာရှည်ရောဂါသယ်တွေကို ကူးစက်မှု ဖြစ်မလာအောင် ထိန်းသိမ်းကြပါ။

ဒေါက်တာနန္ဒဝင်း

About the author

Zar Ti Man