Celebrity

လက်မထပ်ရသေးခင် ချစ်သူဘဝ မှာတင် ရင်သွေးလေးရသွားတဲ့ သတင်းကောင်းလေးကို ဝေမျှခဲ့တဲ့ စည်ဖြိုး နဲ့ ခင်လွှမ်း

Written by Zar Ti Man



Source: Si Phyo’s fb

UNICODE

စည်ဖြိုးကတော့ အခုလို ရင်သွေးလေး ရရှိခဲ့တဲ့အတွက် သူကိုယ်တိုင်လည်း အံ့သြတကြီးဖြစ်ခဲ့ရသလို ကလေးဖေဖေဖြစ်လာတော့ဖို့ ရင် ခုန်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့ ခင်လွှမ်းအတွက် ဝမ်းသာဂုဏ်ယူစကားလေး ပြောခဲ့ပေးပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ပရိတ်သတ်ကြီးရေ သရုပ်ဆောင် စည်ဖြိုးနဲ့ မော်ဒယ်ခင်လွှမ်းကတော့ စိတ်တူကိုယ်တူ နဲ့ ပွင့်လင်းမှုရှိတဲ့ အချစ်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့က ချစ်သူသက်တမ်းကြာမြင့်ပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်စ ကြင်နာစကအတိုင်းပဲ ရှိနေကြဆဲ ဖြစ် ပြီး ကိုယ်ပိုင်းစီးပွားရေးလုပ်ငန်းတွေကိုလည်း အတူတူလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ချစ်စရာ ကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့အတွဲလေးကို ချစ်ခင်အားပေးကြပါတယ်။ဒီကနေ့မှာတော့ စည်ဖြိုးက ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုကို ပရိသတ်တွေ ဆီ မျှဝေပေးလာခဲ့ပါတယ်။ အဲ့ဒါကတော့ စည်ဖြိုးက သူ့ရဲ့ ချစ်သူ ခင်လွှမ်းနဲ့အတူတူ ရရှိခဲ့တဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ထားရပြီ ဆိုတဲ့ သတင်းကောင်းကို ဝမ်းသာအားရ မျှဝေပေးလာခဲ့တာ ဖြစ်ပါတယ်။

Source: Si Phyo’s fb

About the author

Zar Ti Man