ဝမ္းမၾကာမၾကာ ခ်ဳပ္ေနတတ္သူမ်ား အျမန္ဆုံး သက္သာ ေပ်ာက္ကင္းေစေသာ ေဆးနည္း

ဝမ္းမၾကာမၾကာ ခ်ဳပ္ေနတတ္သူမ်ား အျမန္ဆုံး သက္သာ ေပ်ာက္ကင္းေစေသာ ေဆးနည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။ နံနက္အိပ္ ရာထ ေသာက္ေရ ႏွစ္ခြက္ ဆက္တိုက္ ေသာက္ေပးျခင္းက အူေတြကို အလုပ္လုပ္ ေစလို႔ ဝမ္းသြား ေစပါတယ္။ (ေန႔စဥ္ ေရရွစ္ခြက္မွ ၁၀ -ခြက္အထိ ေသာက္တဲ့ အက်င့္ကို ေမြးျမဴပါ)။သံပရာသီးကလည္း ဝမ္းခ်ဳပ္ျခင္းမွ သက္သာေစ လို႔ နံနက္အိပ္ရာထ အစာမစားခင္မွာ ေရ ေႏြး တစ္ဖန္ခြက္ထဲကို သံပရာသီး တစ္လုံး ညႇစ္ၿပီး၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ဆားအနည္းငယ္ ေဖ်ာ္၍ ေသာက္ပါ။ပဲသီး၊ ဟင္းႏုနယ္ စတဲ့ အစိမ္းေရာင္ ဟင္းသီး ဟင္း႐ြက္မ်ားနဲ႔ လိေမၼာ္သီး၊ သစ္ေတာ္သီးကဲ့သို႔ အရည္႐ႊမ္းၿပီး အမွ်င္မ်ားတဲ့ သစ္သီးမ်ား စားပါ။

အမွ်င္ဓာတ္ ေပါမ်ားေသာ ဂုန္ေလွ်ာ္ေစ့ က အစာေၾကေစၿပီး ဝမ္းခ်ဳပ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစပါတယ္။ ႏြားႏို႔ပူပူ ေသာက္ျခင္း က အူမႀကီးကို ေကာင္းစြာ လႈံ႕ေဆာ္ေပး တာေၾကာင့္ ဝမ္းမခ်ဳပ္ေစေတာ့ပါဘူး။ (သို႔မဟုတ္) ညအိပ္ရာဝင္ ခါနီး ႏြားႏို႔ပူပူထဲ မွာ ေထာပတ္ ကို လက္ဖက္ရည္ဇြန္းတစ္ဇြန္း ပမာဏ ခပ္၍ ေသာက္ျခင္းျဖင့္ နံနက္ပိုင္း ေရွာေရွာရႈရ ဝမ္းသက္ေစပါတယ္။ နံနက္ေစာေစာ ၁၅-မိနစ္ခန႔္ လမ္းသြက္ သြက္ ေလွ်ာက္ျခင္းက အူမ်ားကို လႈပ္ရွားကာ ဝမ္းသြားေစပါတယ္။ (၇) သဖန္းသီး၊ပဲကတၱီပါ၊ ေျမပဲ၊ စြန္ပလြန္သီး၊ ပဲပင္ ေပါက္ စားေပးပါ။မာလကာသီး (အူနီ) အမွည့္ကလည္း ဝမ္းခ်ဳပ္ျခင္း ကို သက္သာေစပါတယ္။ႀကံရည္၊ ခရမ္းခ်ဥ္သီးနဲ႔ beet root (ေခၚ) သၾကား မုန္လာဥ (ေခၚ) ေသြးေရာင္ကဲ့သို႔ မုန္လာဥနီ အလုံး တို႔ကလည္း ဝမ္းသက္ေစလို႔ စား ေပးပါ။

နံနက္တိုင္း သေဘၤာသီးမွည့္မွည့္ စားပါ။(၁၀) ပန္းသီး ကလည္း ဝမ္းခ်ဳပ္ျခင္း ကို ေကာင္းက်ိဳးျပဳတဲ့ အတြက္ တစ္ေန႔ႏွစ္လုံး မွန္မွန္ စား သင့္ပါတယ္။အ႐ြက္မွာ အေမြးေလး ေတြပါတဲ့ ကုလားျမင္းခြာ႐ြက္ပင္၏ အပြင့္ကို သၾကားနဲ႔ ႀကိတ္၍စားပါ။ ၾကက္ဟင္းခါး သီးကို ေသာက္ေရ၊ ဆားတို႔နဲ႔ စိမ္ၿပီး ေသာက္ပါ။(၁၃) ၾကက္ဟင္းခါးသီးကို ေရနံဆီျဖင့္ စိမ္၍ ဝမ္းဗိုက္ကို လိမ္းေပးပါ။ႀကိတ္မွန္႐ြက္ ၂၅-က်ပ္ သားကို ထန္းလ်က္ ၁၀-က်ပ္သား၊ အရည္ညႇစ္ၿပီးေသာ ေရွာက္သီးဖတ္ ၁၀- က်ပ္သား၊ ပါးပါးလွီးတဲ့ ၾကက္သြန္နီ ၁၀-က်ပ္သား၊ စမုံမ်ိဳး ငါးပါးကို အမႈန႔္ႏွစ္ပဲ၊ စားဆီတို႔ျဖင့္ ေရာခ်က္ထားေသာ ႀကိတ္မွန္႐ြက္ယိုကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းခန႔္ တစ္ေန႔သုံးႀကိမ္ စားေပးပါ။

UNICODE

ဝမ်းမကြာမကြာ ချုပ်နေတတ်သူများ အမြန်ဆုံး သက်သာ ပျောက်ကင်းစေသော ဆေးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ နံနက်အိပ် ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ် စေလို့ ဝမ်းသွား စေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀ -ခွက်အထိ သောက်တဲ့ အကျင့်ကို မွေးမြူပါ)။သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေ လို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေ နွေး တစ်ဖန်ခွက်ထဲကို သံပရာသီး တစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီး ဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။

အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့ က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။ နွားနို့ပူပူ သောက်ခြင်း က အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေး တာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး။ (သို့မဟုတ်) ညအိပ်ရာဝင် ခါနီး နွားနို့ပူပူထဲ မှာ ထောပတ် ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။ နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက် သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။ (၇) သဖန်းသီး၊ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင် ပေါက် စားပေးပါ။မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်း ကို သက်သာစေပါတယ်။ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံး တို့ကလည်း ဝမ်းသက်စေလို့ စား ပေးပါ။

နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။(၁၀) ပန်းသီး ကလည်း ဝမ်းချုပ်ခြင်း ကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စား သင့်ပါတယ်။အရွက်မှာ အမွေးလေး တွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။ ကြက်ဟင်းခါး သီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းေပးပါ။ကြိတ်မှန်ရွက် ၂၅-ကျပ် သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုး ငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။