Local News

ေဆာ့ကစားရာမွ ေပ်ာက္ဆုံးေနသည့္ (၄)ႏွစ္အ႐ြယ္မိန္းကေလးငယ္ ျပန္ေတြ႕ၿပီဟု ဆို

Written by Zar Ti Man

မိန္းခေလးငယ္ ရွာေတြ႕မႈနဲ႔ ပတ္သက္ၿပီး “ရဲတပ္ဖြဲ႕ကေလာေလာဆယ္ဘာမွေျပာသြားတာမရွိေသးဘူး သူ႔မိဘေတြကိုေတာ့ ေမးျမန္းတာ ေလးေတြရွိတယ္။ ကြၽန္ေတာ္တို႔ကလည္း ျဖစ္စဥ္ေလးေတြနဲ႔ ရွာေဖြသူေတြကိုေမးျမန္းၿပီးခ်ိတ္ဆက္မႈေလးေတြ ယူထားတယ္။ လယ္ပိုင္ ရွင္နာမည္ အကြက္အမွတ္ေတြ ေမးျမန္း ထားတယ္။ စေတြ႕တုန္းကေတာ့ ေမွာက္လွ်က္ အေနအထားပါပဲ။ ကြၽန္ေတာ္တို႔ အမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေခါင္းပိုင္းေပါ့။ အျမင္ေပါ့ ႐ိုက္ ထားတဲ့သေဘာမွာေတြ႕တယ္ ႐ုန္းကန္လို႔နဲ႔တူတယ္ လက္အ႐ိုးေလးေတြခ်ိဳးထားတာ ေတြ႕ တယ္။ ကြၽန္ေတာ္တို႔အျမင္ေပါ့ သက္ဆိုင္ရာ ဘက္ကေတာ့ တိက်တဲ့အေျဖေလးေတြေတာ့ မထြက္ေသးဘူး ကြၽန္ေတာ္တို႔အျမင္ေလး ေပါ့” မန္က်ီးေပါက္ကုန္းအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ကိုလတ္ ကေျပာသည္။

ယင္းမိန္းကေလးေပ်ာက္ဆုံးမႈတြင္ ေဒသခံမ်ား၊ ပရဟိတအသင္းအဖြဲ႕မ်ား၊ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက လူအင္အားမ်ားစြာျဖင့္ ရွာေဖြခဲ့ၾကျခင္း ျဖစ္ၿပီး လူအမ်ား စိတ္ဝင္စားမႈရွိေနသည့္ ျဖစ္စဥ္လည္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕အေနျဖင့္လည္း စုံစမ္းစစ္ေဆးျခင္းမ်ားကို ဆက္တိုက္ျပဳ လုပ္လွ်က္ရွိေၾကာင္း သိရသည္။ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ ျပည္ခ႐ိုင္၊ ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ ေပ်ာက္ဆုံးေနသည့္ ေလးႏွစ္အ ႐ြယ္မိန္းကေလးငယ္အား ကိုးရက္အၾကာတြင္ လယ္ကြင္းအတြင္း ေသဆုံးလွ်က္ ေတြ႕ရွိေၾကာင္း သိရသည္။အဆိုပါမိန္းကေလးငယ္အား ေအာက္တိုဘာ ၂၆ ရက္ နံနက္ ၉ နာရီဝန္းက်င္ခန႔္က ကံသုံးဆင့္ ေက်း႐ြာႏွင့္ေက်ာက္ဖူးေက်း႐ြာခ်င္းဆက္လမ္းေဘး လယ္ကြင္းအတြင္း ေသဆုံးလွ်က္ အေနအထားျဖင့္ ေတြ႕ရွိျခင္းျဖစ္သည္ဟု ဆိုသည္။

သမီးငယ္ေပ်ာက္ဆုံးမႈအတြက္ ဘုရားဆုေတာင္းရန္ သြားေရာက္သည့္ မိဘမ်ားကိုယ္တိုင္ အနံ႔ရ၍ ႐ြာခံမ်ားျဖင့္ ရွာေဖြရာ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။လယ္ကြင္းအတြင္း ေသဆုံးလွ်က္ အေနအထားျဖင့္ ေတြ႕ရွိ ဆယ့္ရွစ္ရက္ေန႔ ညေနေလာက္က ေပ်ာက္တာ ဒီေန႔ မနက္ေတာ့ ကေလးေတြ႕တယ္ဆိုၿပီး သတင္းေပးေတာ့ ကြၽန္ေတာ္တို႔ခ်က္ခ်င္းပဲ ထြက္သြားတယ္။ အခုေရာက္ေတာ့ အခင္းျဖစ္တဲ့ေနရာ က လယ္ကြင္းေပါ့ ကံသုံးဆင့္နဲ႔ ေက်ာက္ဖူး႐ြာၾကားေပါ့။ ေရာက္ေရာက္ခ်င္းေတာ့ ခဏေစာင့္ရတယ္။ မႈခင္းဆရာဝန္ေတြေစာင့္ၿပီး။ အ ကုန္လူစုံၿပီဆိုကာမွ သူတို႔တာဝန္ရွိသူေတြက စစ္ေဆးမႈေတြလုပ္ၾကတယ္။ ေတြ႕တဲ့ပုံစံက လယ္ကြင္းထဲ ကားလမ္းနဲ႔မလွမ္း ကမ္းေလးမွာ သူတို႔ေျပာစကားအရေတာ့ သူ႔အေဖတို႔ ယၾတာေခ်ရေအာင္ ထြက္သြားရင္းနဲ႔ လမ္းမွာ အနံ႔ရေတာ့ ေတြ႕တယ္ေပါ့” ဟု။

ေ႐ႊေတာင္ နာေရးကူညီမႈ အသင္းအတြင္းေရးမႉး ဦးေဇာ္ဝင္းကေျပာသည္။အဆိုပါကေလးငယ္မွာ မက်ီးေပါက္ကုန္း ေက်း႐ြာအုပ္စု၊ ေက်ာက္ဖူးေက်း႐ြာမွ မိန္းကေလးငယ္ျဖစ္ၿပီး ေအာက္တိုဘာလ ၁၈ ရက္ေန႔ ညေန(၄) နာရီခြဲခန႔္က ေပ်ာက္ဆုံးသြားျခင္းျဖစ္ၿပီး နာရီ ဝက္ခန႔္အၾကာမွ စတင္ကာ ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ၿပီး ရက္ဆက္ဆိုသလို အင္အားသုံး ရွာေဖြေနေသာ္လည္း ေအာက္တိုဘာ ၂၅ ရက္အထိ မေတြ႕ရေၾကာင္း ေဒသခံမ်ားထံက သိရသည္။သူတို႔အပိုင္းကေတာ့ သူတို႔ဆက္လုပ္စရာရွိတာေတြ ဆက္လုပ္တယ္ေပါ့ ကြၽန္ေတာ္တို႔အ ပိုင္းကေတာ့ မိဘေတြအုပ္ခ်ဳပ္ေရးမႉးေတြကို ေမးၿပီး ဘယ္မွာသၿဂိဳလ္ခ်င္လည္းေမးတယ္။ ေ႐ႊေတာင္မွာသၿဂိဳလ္ရင္လည္း အကူညီေပး မယ္ဆိုၿပီး သူတို႔ကလည္း သေဘာတူတာနဲ႔ ေ႐ႊေတာင္မွာပဲ ရဲေထာက္ခံခ်က္ေတြနဲ႔ သၿဂိဳလ္လိုက္ပါၿပီ” ဟု ဦးေဇာ္ဝင္းက ေျပာသည္။

ကေလးငယ္တြင္ ဒဏ္ရာဒဏ္ခ်က္မ်ားကို ေတြ႕ရွိရၿပီး မည္သည့္အေၾကာင္းေၾကာင့္ ေသဆုံးသည္ဆိုသည္ကို ကေလးငယ္တြင္ ဒဏ္ရာ ဒဏ္ခ်က္မ်ားကို ေတြ႕ရွိရၿပီး မည္သည့္အေၾကာင္းေၾကာင့္ ေသဆုံးသည္ဆိုသည္ကို ရဲတပ္ဖြဲ႕က ထုတ္ျပန္ျခင္းမရွိေသးေၾကာင္း မန္က်ီး ေပါက္ကုန္းအုပ္စုအုပ္ခ်ဳပ္ေရးမႉးဦးေအာင္ကိုလတ္ေက ျပာၾကားသည္။

REF: CITY NEWS

UNICODE

မိန်းခလေးငယ် ရှာတွေ့မှုနဲ့ ပတ်သက်ပြီး “ရဲတပ်ဖွဲ့ကလောလောဆယ်ဘာမှပြောသွားတာမရှိသေးဘူး သူ့မိဘတွေကိုတော့ မေးမြန်းတာ လေးတွေရှိတယ်။ ကျွန်တော်တို့ကလည်း ဖြစ်စဉ်လေးတွေနဲ့ ရှာဖွေသူတွေကိုမေးမြန်းပြီးချိတ်ဆက်မှုလေးတွေ ယူထားတယ်။ လယ်ပိုင် ရှင်နာမည် အကွက်အမှတ်တွေ မေးမြန်း ထားတယ်။ စတွေ့တုန်းကတော့ မှောက်လျှက် အနေအထားပါပဲ။ ကျွန်တော်တို့ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခေါင်းပိုင်းပေါ့။ အမြင်ပေါ့ ရိုက် ထားတဲ့သဘောမှာတွေ့တယ် ရုန်းကန်လို့နဲ့တူတယ် လက်အရိုးလေးတွေချိုးထားတာ တွေ့ တယ်။ ကျွန်တော်တို့အမြင်ပေါ့ သက်ဆိုင်ရာ ဘက်ကတော့ တိကျတဲ့အဖြေလေးတွေတော့ မထွက်သေးဘူး ကျွန်တော်တို့အမြင်လေး ပေါ့” မန်ကျီးပေါက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ် ကပြောသည်။

ယင်းမိန်းကလေးပျောက်ဆုံးမှုတွင် ဒေသခံများ၊ ပရဟိတအသင်းအဖွဲ့များ၊ နှင့် ရဲတပ်ဖွဲ့ဝင်များက လူအင်အားများစွာဖြင့် ရှာဖွေခဲ့ကြခြင်း ဖြစ်ပြီး လူအများ စိတ်ဝင်စားမှုရှိနေသည့် ဖြစ်စဉ်လည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အနေဖြင့်လည်း စုံစမ်းစစ်ဆေးခြင်းများကို ဆက်တိုက်ပြု လုပ်လျှက်ရှိကြောင်း သိရသည်။ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပျောက်ဆုံးနေသည့် လေးနှစ်အ ရွယ်မိန်းကလေးငယ်အား ကိုးရက်အကြာတွင် လယ်ကွင်းအတွင်း သေဆုံးလျှက် တွေ့ရှိကြောင်း သိရသည်။အဆိုပါမိန်းကလေးငယ်အား အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က ကံသုံးဆင့် ကျေးရွာနှင့်ကျောက်ဖူးကျေးရွာချင်းဆက်လမ်းဘေး လယ်ကွင်းအတွင်း သေဆုံးလျှက် အနေအထားဖြင့် တွေ့ရှိခြင်းဖြစ်သည်ဟု ဆိုသည်။

သမီးငယ်ပျောက်ဆုံးမှုအတွက် ဘုရားဆုတောင်းရန် သွားရောက်သည့် မိဘများကိုယ်တိုင် အနံ့ရ၍ ရွာခံများဖြင့် ရှာဖွေရာ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။လယ်ကွင်းအတွင်း သေဆုံးလျှက် အနေအထားဖြင့် တွေ့ရှိ ဆယ့်ရှစ်ရက်နေ့ ညနေလောက်က ပျောက်တာ ဒီနေ့ မနက်တော့ ကလေးတွေ့တယ်ဆိုပြီး သတင်းပေးတော့ ကျွန်တော်တို့ချက်ချင်းပဲ ထွက်သွားတယ်။ အခုရောက်တော့ အခင်းဖြစ်တဲ့နေရာ က လယ်ကွင်းပေါ့ ကံသုံးဆင့်နဲ့ ကျောက်ဖူးရွာကြားပေါ့။ ရောက်ရောက်ချင်းတော့ ခဏစောင့်ရတယ်။ မှုခင်းဆရာဝန်တွေစောင့်ပြီး။ အ ကုန်လူစုံပြီဆိုကာမှ သူတို့တာဝန်ရှိသူတွေက စစ်ဆေးမှုတွေလုပ်ကြတယ်။ တွေ့တဲ့ပုံစံက လယ်ကွင်းထဲ ကားလမ်းနဲ့မလှမ်း ကမ်းလေးမှာ သူတို့ပြောစကားအရတော့ သူ့အဖေတို့ ယတြာချေရအောင် ထွက်သွားရင်းနဲ့ လမ်းမှာ အနံ့ရတော့ တွေ့တယ်ပေါ့” ဟု။

ရွှေတောင် နာရေးကူညီမှု အသင်းအတွင်းရေးမှူး ဦးဇော်ဝင်းကပြောသည်။အဆိုပါကလေးငယ်မှာ မကျီးပေါက်ကုန်း ကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာမှ မိန်းကလေးငယ်ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ(၄) နာရီခွဲခန့်က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နာရီ ဝက်ခန့်အကြာမှ စတင်ကာ ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ရက်ဆက်ဆိုသလို အင်အားသုံး ရှာဖွေနေသော်လည်း အောက်တိုဘာ ၂၅ ရက်အထိ မတွေ့ရကြောင်း ဒေသခံများထံက သိရသည်။သူတို့အပိုင်းကတော့ သူတို့ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်တယ်ပေါ့ ကျွန်တော်တို့အ ပိုင်းကတော့ မိဘတွေအုပ်ချုပ်ရေးမှူးတွေကို မေးပြီး ဘယ်မှာသဂြိုလ်ချင်လည်းမေးတယ်။ ရွှေတောင်မှာသဂြိုလ်ရင်လည်း အကူညီပေး မယ်ဆိုပြီး သူတို့ကလည်း သဘောတူတာနဲ့ ရွှေတောင်မှာပဲ ရဲထောက်ခံချက်တွေနဲ့ သဂြိုလ်လိုက်ပါပြီ” ဟု ဦးဇော်ဝင်းက ပြောသည်။

ကလေးငယ်တွင် ဒဏ်ရာဒဏ်ချက်များကို တွေ့ရှိရပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဆိုသည်ကို ကလေးငယ်တွင် ဒဏ်ရာ ဒဏ်ချက်များကို တွေ့ရှိရပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဆိုသည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးကြောင်း မန်ကျီး ပေါက်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဦးအောင်ကိုလတ်ကေ ပြာကြားသည်။

REF:  CITY  NEWS

About the author

Zar Ti Man