ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္း ရႈံးလို႔ ေဝဖန္ ေနၾကတဲ့ သူေတြ ကို ခပ္ျပတ္ျပတ္ ပဲ ေျပာလိုက္ တဲ့ နႏၵာလႈိင္ ရဲ႕ ခင္ပြန္း

ေဇသီဟကေတာ့ ရႈံးနိမ့္သြားတဲ့ ေအာင္လအန္ဆန္းနဲ႔ ပတ္သက္ၿပီး ေဝဖန္ေနတဲ့သူေတြကို ခပ္ျပတ္ျပတ္ပဲေျပာဆို လိုက္တာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေဇသီဟရဲ႕ အျမင္ကို သုံးသပ္ေပးၿပီး ေအာင္လအန္ဆန္းကိုလည္း ဆက္လက္ အားေပးၾကပါအုံးေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကိုအထူးပဲေက်းဇူးတင္ ရွိပါတယ္။ပရိသတ္ႀကီးေရ ေဇသီဟ ဟာဆိုရင္ ႏိုင္ငံေက်ာ္ မင္းသမီး အကယ္ဒမီနႏၵာလႈိင္ရဲ႕ ခင္ပြန္း ဆိုတာ ပရိသတ္ႀကီးသိပါတယ္ေနာ္။ ေအာက္တိုဘာလ(၃၀)ရက္ေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ေအာင္လအန္ဆန္း ပြဲမွာ ေအာင္လက စိန္ေခၚသူ နယ္သာလန္ ႏိုင္ငံသား ႐ိုင္နာဒီရစ္ဒါကို ပထမအခ်ီမွာပဲ ရႈံးနိမ့္သြားခဲ့ပါတယ္။

ေအာင္လရႈံးသြားတာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ ဝမ္းနည္းမႈေတြ၊ ေဝဖန္မႈေတြကို မ်ားစြာေတြ႕ရပါတယ္ေနာ္။ေအာင္လအန္ဆန္းကို နယ္သာလန္ ႏိုင္ငံသား ႐ိုင္နာဒီရစ္ဒါရဲ႕ အေနာက္ကေန သိုင္းဖက္ကာ လည္ပင္း ညႇစ္တဲ့ ခ်ဳပ္ကြက္ေၾကာင့္ ေအာင္လအန္ဆန္း ဟာ ရႈံးနိမ့္ သြားခဲ့ ရေပမယ့္ လုပ္ပြဲမ်ားလားဆိုတဲ့ ေဝဖန္ခ်က္ေတြ ျပည့္ႏွက္လာခဲ့ပါတယ္။ယေန႔မွာေတာ့ ထိုေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး ေဇသီဟ က”One Championship နဲ႔ ေအာင္လ ေၾကာင့္ ျမန္မာႏိုင္ငံမွာ Martial Arts ကို စိတ္ဝင္စားမႈ သိသိသာသာမ်ားလာတယ္ ဆိုတာ ျငင္း လို႔မရပါဘူး။ အားကစားမွာ အႏိုင္နဲ႔ အရႈံး ၂ မ်ိဳးပဲ ရွိတယ္။ဒီပြဲႏိုင္သြားရင္လဲ ႏိုင္တဲ့သူပဲ ေခၚထိုးတယ္ ေျပာၾကအုံးမယ္။

ရႈံးသြားေတာ့လဲ ေနာက္တမ်ိဳး ေျပာၾကတာပါပဲ… အသက္နဲ႔ ရင္းၿပီး ကစားရတဲ့ ကစားသမား ေတြကို ႏွိမ္ခ် ေျပာဆိုေနတဲ့သူေတြက ျပည္ တြင္း Martial Arts ပြဲစီစဥ္သူေတြပါဝင္ေနတယ္ ဆိုတာ သိရေတာ့ သူတို႔ကို ပိုလို႔ေတာင္ ႐ြံသြားမိပါတယ္။ ေအာက္တန္းက် လြန္းပါ တယ္။ ခင္ဗ်ားတို႔ စားေနတဲ့ ထမင္းက One Championship နဲ႔ေအာင္လေၾကာင့္ Martial Arts ကိုစိတ္ဝင္စားလာၾကတဲ့ လူေတြရဲ႕ ပိုက္ဆံေတြလဲ ပါတယ္။ ဇာတ္ၫႊန္းအတိုင္း ထိုးလို႔ရမရ သိခ်င္ရင္ ကိုယ္တိုင္ စင္ေပၚတက္ ထိုးသင့္ ပါတယ္။ေဝဖန္တာနဲ႔ ေဖာင္းထုတာနဲ႔ မတူဘူး။”ဆိုၿပီးသူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာမွာေရး သားထားတာကိုေတြ႕ရပါတယ္။

Credit:Yin Khat Pan

UNICODE

ဇေသီဟကတော့ ရှုံးနိမ့်သွားတဲ့ အောင်လအန်ဆန်းနဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေကို ခပ်ပြတ်ပြတ်ပဲပြောဆို လိုက်တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေသီဟရဲ့ အမြင်ကို သုံးသပ်ပေးပြီး အောင်လအန်ဆန်းကိုလည်း ဆက်လက် အားပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင် ရှိပါတယ်။ပရိသတ်ကြီးရေ ဇေသီဟ ဟာဆိုရင် နိုင်ငံကျော် မင်းသမီး အကယ်ဒမီနန္ဒာလှိုင်ရဲ့ ခင်ပွန်း ဆိုတာ ပရိသတ်ကြီးသိပါတယ်နော်။ အောက်တိုဘာလ(၃၀)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့အောင်လအန်ဆန်း ပွဲမှာ အောင်လက စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။

အောင်လရှုံးသွားတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝမ်းနည်းမှုတွေ၊ ဝေဖန်မှုတွေကို များစွာတွေ့ရပါတယ်နော်။အောင်လအန်ဆန်းကို နယ်သာလန် နိုင်ငံသား ရိုင်နာဒီရစ်ဒါရဲ့ အနောက်ကနေ သိုင်းဖက်ကာ လည်ပင်း ညှစ်တဲ့ ချုပ်ကွက်ကြောင့် အောင်လအန်ဆန်း ဟာ ရှုံးနိမ့် သွားခဲ့ ရပေမယ့် လုပ်ပွဲများလားဆိုတဲ့ ဝေဖန်ချက်တွေ ပြည့်နှက်လာခဲ့ပါတယ်။ယနေ့မှာတော့ ထိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဇေသီဟ က”One Championship နဲ့ အောင်လ ကြောင့် မြန်မာနိုင်ငံမှာ Martial Arts ကို စိတ်ဝင်စားမှု သိသိသာသာများလာတယ် ဆိုတာ ငြင်း လို့မရပါဘူး။ အားကစားမှာ အနိုင်နဲ့ အရှုံး ၂ မျိုးပဲ ရှိတယ်။ဒီပွဲနိုင်သွားရင်လဲ နိုင်တဲ့သူပဲ ခေါ်ထိုးတယ် ပြောကြအုံးမယ်။

ရှုံးသွားတော့လဲ နောက်တမျိုး ပြောကြတာပါပဲ… အသက်နဲ့ ရင်းပြီး ကစားရတဲ့ ကစားသမား တွေကို နှိမ်ချ ပြောဆိုနေတဲ့သူတွေက ပြည် တွင်း Martial Arts ပွဲစီစဉ်သူတွေပါဝင်နေတယ် ဆိုတာ သိရတော့ သူတို့ကို ပိုလို့တောင် ရွံသွားမိပါတယ်။ အောက်တန်းကျ လွန်းပါ တယ်။ ခင်ဗျားတို့ စားနေတဲ့ ထမင်းက One Championship နဲ့အောင်လကြောင့် Martial Arts ကိုစိတ်ဝင်စားလာကြတဲ့ လူတွေရဲ့ ပိုက်ဆံတွေလဲ ပါတယ်။ ဇာတ်ညွှန်းအတိုင်း ထိုးလို့ရမရ သိချင်ရင် ကိုယ်တိုင် စင်ပေါ်တက် ထိုးသင့် ပါတယ်။ဝေဖန်တာနဲ့ ဖောင်းထုတာနဲ့ မတူဘူး။”ဆိုပြီးသူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာရေး သားထားတာကိုတွေ့ရပါတယ်။

Credit:Yin Khat Pan