ကိုဗစ် နဲ့ ပတ်သက်ပြီး ပြည်သူများ သိထားသင့် တဲ့ အချက် (၁၀) ချက်ကို “ဒေါက်တာခင်ခင်ကြီး” ပြောပြီ



ဒေါက်တာခင်ခင်ကြီး

UNICODE

ကိုဗစ် နဲ့ ပတ်သက်ပြီး ပြည်သူများ သိထားသင့် တဲ့ အချက် (၁၀) ချက်ကို “ဒေါက်တာခင်ခင်ကြီး”၏ ပြောကြားချက်များကို ဖော်ပြပေး လိုက်ပါတယ်။ကိုဗစ်ဟာ ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်လိုက်တာကနေတွက်မယ် ဆိုရင် ၆ လရှိသွား ပါပြီ ဒီ ၆ လအတွင်း ဘာတွေထပ် သိလာရသလဲ ဆိုရင်…လူငယ်တွေဟာလဲ ကိုဗစ်ရောဂါကူးစက် ခံရနိုင်ပါတယ် ကင်းလွတ်ခွင့်မရှိပါဘူး။ရောဂါပိုးကပ်ငြိနေသော မျက်နှာ ပြင်များနှင့် ပတ်သက်၍ အစိုးရိမ် အကြောက်လန့်မကြီးကြပါနှင့် ကိုဗစ်ဗိုင်းရပ်စ်သည် တချို့အခြေအနေများတွင် လေထဲမှ တစ်ဆင့် လည်း ကူးစက်နိုင်ပါသည်။ကိုဗစ်ရောဂါကူးစက်ပြီးသူများလည်း တစ်ကြိမ်မက ကူးစက် နိုင်ပါသည်။

အပူချိန်နှင့် စိုထိုင်းဆသည် ကိုဗစ်ရန်မှ ကာကွယ်မပေးနိုင်ပါ။ကလေးများမှတစ်ဆင့် လည်း လူကြီးများကို ရောဂါကူးစက်နိုင်ပါသည်။ တစ်ချို့သောရောဂါပိုး ရှိသူများသည် ရောဂါပိုးကို အလွန်လျင်မြန်လွန်ကူစွာဖြန့်ဖြူးပြီး လူအများကို အချိန်တိုအတွင်း ကူးစက်စေနိုင် ပါသည်။ ရောဂါဖြစ်ပွားပြီးသူများတွင် အများစုသောသူများ၌ နာတာရှည်ရောဂါလက္ခဏာများ ဆက်လက်ခံစားရနိုင်ပါသည်။အချို့သော တိုင်းပြည်များတွင် အသားအရောင်ရှိသောသူများသည် ရောဂါပိုးကူးစက်ခံရနိုင်သည့် အန္တရာယ်ပို၍ များပြားသည်။အတုအယောင်သ တင်းများ သတင်းမှားများနှင့် တမင်ဖန်တီးထားသော သတင်းများသည် အလွန့် အလွန် အန္တရာယ်ရှိကြောင်း သိစေအပ်ပါသည်။

ဒေါက်တာခင်ခင်ကြီး