အားတက္ ဖြယ္ရာ ရလဒ္ေကာင္း နဲ႔ ပြဲထြက္လာတဲ့ COVID-19 ကာကြယ္ေဆးသစ္၏ ထိေရာက္မႈ

ကိုဗစ္-၁၉ ကာကြယ္ေရး ေဆးဝါးသစ္က ဘယ္ေလာက္ထိေရာက္မႈရွိသလဲဆိုရင္ ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ေဆးဝါးသစ္ဟာ ေရာ ဂါကို တားဆီးႏိုင္စြမ္းေကာင္းမြန္ၿပီး သုေတသနရလဒ္ေတြအရဆိုရင္ ၉၀% ေက်ာ္အထိ ကာကြယ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။ အထူးသ ျဖင့္ ေစတနာ့ဝန္ထမ္း စမ္းသပ္ခံသူေတြအားလုံးမွာ သိသာထင္ရွားတဲ့ ေရာဂါကူးစက္ခံရမႈလကၡဏေတြ မျပသခဲ့ဘူးလို႔ ဆိုထားတာပါ။ အထူးျခားဆုံးအခ်က္ကေတာ့ လူ ၃၉၈၆၂ ဦးကို စမ္းသပ္ခဲ့တဲ့ အခ်ိန္ ၂ လတာကာလအတြင္း ေဘးထြက္ဆိုးက်ိဳးတစ္စုံတစ္ရာ ျပသျခင္း မရွိခဲ့တာပါပဲ။ Pfizer မတိုင္ခင္တုန္းက ေနာက္ဆုံးစမ္းသပ္မႈအဆင့္အထိ ေရာက္ရွိခဲ့တဲ့ ေဆးဝါးတစ္ခ်ိဳ႕ဟာ ေဘးထြက္ဆိုးက်ိဳးရွိခဲ့တာ ေၾကာင့္ ခုရလဒ္ဟာ အေတာ္ေလး အားရဖြယ္ရလဒ္ျဖစ္လာပါတယ္။

နည္းပညာကို အေျခခံၿပီး ထုတ္လုပ္ထားတာျဖစ္တာေၾကာင့္ ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္ကို တိုက္ထုတ္ႏိုင္စြမ္းကို ႏႈိးဆြေပးႏိုင္ေစဖို႔ ေဆးကို အသုံးမျပဳခင္မွာ အႏႈတ္ ၇၀ ဒီဂရီ ဆဲလ္စီးယပ္စ္မွာ ထိမ္းသိမ္းထားဖို႔ လိုအပ္ပါတယ္။ ဒီအခ်က္ဟာ လူအမ်ားအၾကားမွာ က်ယ္ က်ယ္ျပန႔္ျပန႔္ အသုံးျပဳႏိုင္ဖို႔အတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။ ဒီလို အေအးဒီဂရီမ်ိဳးထိမ္းသိမ္းႏိုင္ဖို႔ လိုအပ္ေနတာေၾကာင့္ သာမန္ေဆးေပးခန္းေတြမွာ ကာကြယ္ေဆးထိုးႏွံဖို႔ ခက္ခဲလာမွာေတာ့ အမွန္ပါပဲ။ ေဆးဝါးတီထြင္သူေတြဟာ ကေလးေတြအတြက္လည္း ထည့္သြင္းစဥ္းစားခဲ့ၾကပါတယ္။ ေဆးဝါးကို စတင္စမ္းသပ္ခ်ိန္တုန္းက ၁၈ ႏွစ္အထက္ အ႐ြယ္ေရာက္ၿပီးသူေတြကိုသာ စမ္းသပ္ခဲ့တာ ျဖစ္ေပမယ့္ ခုခ်ိန္မွာေတာ့ ၁၆ ႏွစ္အထိ အသက္အ႐ြယ္ ေလွ်ာ့ခ်သတ္မွတ္ေနပါတယ္။

ဒါေပမယ့္လည္း ၁၆ ႏွစ္ေအာက္ကေလးေတြမွာ အဆင္ေျပႏိုင္သလားဆိုတာကိုေတာ့ ေသခ်ာမသိႏိုင္ေသးပါဘူး။ မၾကာခင္မွာေတာ့ ၁၂ ႏွစ္ေအာက္ကေလးေတြမွာ စမ္းသပ္သြားဖို႔ရွိတယ္လို႔ ဆိုထားပါတယ္။ကုမၸဏီႀကီးကေတာ့ သူတို႔ရဲ႕ ေဆးဝါးအေပၚ အျပည့္အဝယုံၾကည္ မႈရွိေနတာမို႔ ယခုလကုန္မွာ FDA အသိအမွတ္ျပဳမႈရရွိဖို႔အတြက္ ခြင့္ျပဳခ်က္ေတာင္းခံထားၿပီး FDA Approved ရရွိရင္ တရားဝင္ေဆး ဝါးအျဖစ္ ျဖန႔္ခ်ိသြားဖို႔ စီစဥ္ေနပါတယ္။ အဆိုပါေဆးဝါးကို ယခုႏွစ္ကုန္မွာ ၁၅ သန္းကေန သန္း ၂၀ အထိ ထုတ္လုပ္သြားဖို႔ ရွိေနေၾကာင္း လည္း ေဆးဝါးကုမၸဏီဘက္ကဆိုထားပါတယ္။ တစ္ဖက္မွာလည္း အေစာပိုင္းကႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံေတြအရ ကနဦးရလဒ္ေတြ အ ေပၚ လြန္လြန္ကဲကဲ ယုံၾကည္မႈမထားဖို႔ သတိေပးမႈေတြလည္း ရွိေနပါတယ္။

ေရရွည္လုံၿခဳံစိတ္ခ်ရမႈကို ဦးစားေပးဖို႔အတြက္ အခ်ိန္လုံလုံေလာက္ေလာက္ယူဖို႔ ေဆးသိပၸံပညာရွင္တစ္ခ်ိဳ႕က တိုက္တြန္းေနၾကတာပါ။ အထူးသျဖင့္ FDA Approved ရရွိထားၿပီးျဖစ္ေပမယ့္ သိသာထင္ရွားတဲ့ ထိေရာက္မႈမ်ိဳးမျပသႏိုင္ျဖစ္ေနတဲ့ COVID-19 ေရာဂါကုသ ေဆး Remdesivir နဲ႔ ကနဦးရလဒ္ေကာင္းမြန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေဘးထြက္ဆိုးက်ိဳးေတြေပၚထြက္လာတာေၾကာင့္ ရပ္တန႔္လိုက္ ရတဲ့ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ရဲ႕ COVID-19 ကာကြယ္ေဆးေတြကို ဥပမာေပးၿပီး သတိေပးေနၾကတာျဖစ္ပါတယ္။ Pfizer ကေတာ့ သူ တို႔ရဲ႕ေဆးဝါးကို ယုံၾကည္မႈအျပည့္အဝထားေနၿပီး အေစာဆုံးဇန္နဝါရီလမွာ မေမွ်ာ္မွန္းႏိုင္ေလာက္တဲ့ အရွိန္ႏႈန္းနဲ႔ ေဆးဝါးေတြျဖန႔္ခ်ိၿပီး ေဈးကြက္ကို လက္ဝါးႀကီးအုပ္ဖို႔ ရည္မွန္းေနပါတယ္။ ေဆးဝါးသစ္အေနနဲ႔ ေမွ်ာ္မွန္းထားသလို ရလဒ္ေကာင္းေတြနဲ႔။

လူသားေတြရင္ဆိုင္ေနရတဲ့ ေရာဂါဆိုးႀကီးကို ကာကြယ္ေပးႏိုင္မလား၊ ေရွ႕က စမ္းသပ္ခ်က္ေတြလို အဖ်ားရႉးသြားမလားဆိုတာကိုေတာ့ လာမယ့္ အခ်ိန္တိုကာလေလးအတြင္းမွာ သိရေတာ့မွာျဖစ္ပါတယ္။COVID-19 ရဲ႕ ကမာၻနဲ႔အဝွမ္း ထိခိုက္ပ်က္စီးေစမႈေတြေၾကာင့္ လူ တိုင္းက ေရာဂါ ကာကြယ္ေပးႏိုင္မယ့္ ကာကြယ္ေဆ;ကို ေတာင့္တေနၾကတာပါ။ ေဆးဝါးကုမၸဏီေတြကလည္း အမ်ိဳးမ်ိဳး စမ္းသပ္တီ ထြင္မႈေတြ ျပဳလုပ္ေနၾကပါတယ္။ ဒီလိုစမ္းသပ္မႈေတြၾကားထဲကေန ရလဒ္ေကာင္းေတြနဲ႔ ေဆးဝါးသစ္တစ္မ်ိဳးေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ ထိပ္တန္း ေဆးဝါးထုတ္လုပ္သူျဖစ္တဲ့ Pfizer ရဲ႕ ေဆးဝါးသစ္ဟာ ရလဒ္ေကာင္းေတြ နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ စမ္းသပ္မႈေတြအရ ေဆး ဝါးသစ္ရဲ႕ ေရာဂါကာကြယ္ႏိုင္စြမ္းက ၉၀% ေက်ာ္ ထိေရာက္မႈရွိတယ္လို႔ သူတို႔က တရားဝင္ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

လူေပါင္း ၁.၂ သန္းေက်ာ္ရဲ႕ အသက္ကိုႏႈတ္ယူသြားတဲ့ ေရာဂါဆိုးႀကီးကို တိုက္ထုတ္ရာမွာ တစ္ဖက္တစ္လမ္းကေန ကူညီႏိုင္ေတာ့မယ့္ ဟန္ပါပဲ။ တစ္ကမာၻလုံးက စိုးရိမ္ပူပန္ေနသူေတြအတြက္လည္း သတင္းေကာင္းျဖစ္လာႏိုင္ေျခမ်ားေနၿပီလို႔ ဆိုရမွာပါ။Fortune 500 စာရင္းဝင္ အေမရိကန္ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီႀကီး Pfizer ဟာ ဂ်ာမန္ေဆးဝါးကုမၸဏီတစ္ခုျဖစ္တဲ့ BioNTech နဲ႔ ပူးေပါင္းၿပီး COVID-19 ကာကြယ္ေဆးထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈရလဒ္ေတြကို ထုတ္ျပန္လိုက္ရာမွာ ေတာ့ အားရဖြယ္ရာ အခ်က္အလက္ေတြ ပါဝင္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိရလဒ္ေတြဟာ ပထမအဆင့္ သုံးသပ္ခ်က္ ရလဒ္ေတြသာျဖစ္ၿပီးေတာ့ ဘက္မလိုက္ျပင္ပပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ေတြ ထပ္မံလိုအပ္ဦးမွာျဖစ္ပါတယ္။

ေရးသားသူ Ye Zon Aung

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn

UNICODE

ကိုဗစ်-၁၉ ကာကွယ်ရေး ဆေးဝါးသစ်က ဘယ်လောက်ထိရောက်မှုရှိသလဲဆိုရင် ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ ဆေးဝါးသစ်ဟာ ရော ဂါကို တားဆီးနိုင်စွမ်းကောင်းမွန်ပြီး သုတေသနရလဒ်တွေအရဆိုရင် ၉၀% ကျော်အထိ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသ ဖြင့် စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူတွေအားလုံးမှာ သိသာထင်ရှားတဲ့ ရောဂါကူးစက်ခံရမှုလက္ခဏတွေ မပြသခဲ့ဘူးလို့ ဆိုထားတာပါ။ အထူးခြားဆုံးအချက်ကတော့ လူ ၃၉၈၆၂ ဦးကို စမ်းသပ်ခဲ့တဲ့ အချိန် ၂ လတာကာလအတွင်း ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ပြသခြင်း မရှိခဲ့တာပါပဲ။ Pfizer မတိုင်ခင်တုန်းက နောက်ဆုံးစမ်းသပ်မှုအဆင့်အထိ ရောက်ရှိခဲ့တဲ့ ဆေးဝါးတစ်ချို့ဟာ ဘေးထွက်ဆိုးကျိုးရှိခဲ့တာ ကြောင့် ခုရလဒ်ဟာ အတော်လေး အားရဖွယ်ရလဒ်ဖြစ်လာပါတယ်။

နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို နှိုးဆွပေးနိုင်စေဖို့ ဆေးကို အသုံးမပြုခင်မှာ အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ လူအများအကြားမှာ ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒီလို အအေးဒီဂရီမျိုးထိမ်းသိမ်းနိုင်ဖို့ လိုအပ်နေတာကြောင့် သာမန်ဆေးပေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ ခက်ခဲလာမှာတော့ အမှန်ပါပဲ။ ဆေးဝါးတီထွင်သူတွေဟာ ကလေးတွေအတွက်လည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ ဆေးဝါးကို စတင်စမ်းသပ်ချိန်တုန်းက ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတွေကိုသာ စမ်းသပ်ခဲ့တာ ဖြစ်ပေမယ့် ခုချိန်မှာတော့ ၁၆ နှစ်အထိ အသက်အရွယ် လျှော့ချသတ်မှတ်နေပါတယ်။

ဒါပေမယ့်လည်း ၁၆ နှစ်အောက်ကလေးတွေမှာ အဆင်ပြေနိုင်သလားဆိုတာကိုတော့ သေချာမသိနိုင်သေးပါဘူး။ မကြာခင်မှာတော့ ၁၂ နှစ်အောက်ကလေးတွေမှာ စမ်းသပ်သွားဖို့ရှိတယ်လို့ ဆိုထားပါတယ်။ကုမ္ပဏီကြီးကတော့ သူတို့ရဲ့ ဆေးဝါးအပေါ် အပြည့်အဝယုံကြည် မှုရှိနေတာမို့ ယခုလကုန်မှာ FDA အသိအမှတ်ပြုမှုရရှိဖို့အတွက် ခွင့်ပြုချက်တောင်းခံထားပြီး FDA Approved ရရှိရင် တရားဝင်ဆေး ဝါးအဖြစ် ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။ အဆိုပါဆေးဝါးကို ယခုနှစ်ကုန်မှာ ၁၅ သန်းကနေ သန်း ၂၀ အထိ ထုတ်လုပ်သွားဖို့ ရှိနေကြောင်း လည်း ဆေးဝါးကုမ္ပဏီဘက်ကဆိုထားပါတယ်။ တစ်ဖက်မှာလည်း အစောပိုင်းကကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ ကနဦးရလဒ်တွေ အ ပေါ် လွန်လွန်ကဲကဲ ယုံကြည်မှုမထားဖို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

ရေရှည်လုံခြုံစိတ်ချရမှုကို ဦးစားပေးဖို့အတွက် အချိန်လုံလုံလောက်လောက်ယူဖို့ ဆေးသိပ္ပံပညာရှင်တစ်ချို့က တိုက်တွန်းနေကြတာပါ။ အထူးသဖြင့် FDA Approved ရရှိထားပြီးဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ထိရောက်မှုမျိုးမပြသနိုင်ဖြစ်နေတဲ့ COVID-19 ရောဂါကုသ ဆေး Remdesivir နဲ့ ကနဦးရလဒ်ကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေပေါ်ထွက်လာတာကြောင့် ရပ်တန့်လိုက် ရတဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ COVID-19 ကာကွယ်ဆေးတွေကို ဥပမာပေးပြီး သတိပေးနေကြတာဖြစ်ပါတယ်။ Pfizer ကတော့ သူ တို့ရဲ့ဆေးဝါးကို ယုံကြည်မှုအပြည့်အဝထားနေပြီး အစောဆုံးဇန်နဝါရီလမှာ မမျှော်မှန်းနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ ဆေးဝါးတွေဖြန့်ချိပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ရည်မှန်းနေပါတယ်။ ဆေးဝါးသစ်အနေနဲ့ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေနဲ့။

လူသားတွေရင်ဆိုင်နေရတဲ့ ရောဂါဆိုးကြီးကို ကာကွယ်ပေးနိုင်မလား၊ ရှေ့က စမ်းသပ်ချက်တွေလို အဖျားရှူးသွားမလားဆိုတာကိုတော့ လာမယ့် အချိန်တိုကာလလေးအတွင်းမှာ သိရတော့မှာဖြစ်ပါတယ်။COVID-19 ရဲ့ ကမ္ဘာနဲ့အဝှမ်း ထိခိုက်ပျက်စီးစေမှုတွေကြောင့် လူ တိုင်းက ရောဂါ ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေ;ကို တောင့်တနေကြတာပါ။ ဆေးဝါးကုမ္ပဏီတွေကလည်း အမျိုးမျိုး စမ်းသပ်တီ ထွင်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒီလိုစမ်းသပ်မှုတွေကြားထဲကနေ ရလဒ်ကောင်းတွေနဲ့ ဆေးဝါးသစ်တစ်မျိုးတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ထိပ်တန်း ဆေးဝါးထုတ်လုပ်သူဖြစ်တဲ့ Pfizer ရဲ့ ဆေးဝါးသစ်ဟာ ရလဒ်ကောင်းတွေ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဆေး ဝါးသစ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းက ၉၀% ကျော် ထိရောက်မှုရှိတယ်လို့ သူတို့က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လူပေါင်း ၁.၂ သန်းကျော်ရဲ့ အသက်ကိုနှုတ်ယူသွားတဲ့ ရောဂါဆိုးကြီးကို တိုက်ထုတ်ရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်တော့မယ့် ဟန်ပါပဲ။ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေသူတွေအတွက်လည်း သတင်းကောင်းဖြစ်လာနိုင်ခြေများနေပြီလို့ ဆိုရမှာပါ။Fortune 500 စာရင်းဝင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer ဟာ ဂျာမန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို ထုတ်ပြန်လိုက်ရာမှာ တော့ အားရဖွယ်ရာ အချက်အလက်တွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိရလဒ်တွေဟာ ပထမအဆင့် သုံးသပ်ချက် ရလဒ်တွေသာဖြစ်ပြီးတော့ ဘက်မလိုက်ပြင်ပပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ထပ်မံလိုအပ်ဦးမှာဖြစ်ပါတယ်။

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn