မသန္စြမ္းမ်ားအား ခြဲျခားႏွိမ္ခ် ဆက္ဆံ၍ ျပည္ခိုင္ၿဖိဳးပါတီအား တရားဝင္ေတာင္းပန္ရန္ အရပ္ဘက္အဖြဲ႕အစည္း (၉၀)ေက်ာ္ ေၾကျငာခ်က္ ထုတ္ျပန္

ျမန္မာျပည္တစ္ဝန္းရွိ မသန္စြမ္းသူ ႏိုင္ငံသားမ်ားအား ခြဲျခားဆက္ ဆံျခင္း၊ ႏိုင္ငံသားအခြင့္အေရး ပိတ္ပင္ျခင္းသေဘာ သက္ ေရာက္ ေၾကာင္း ထင္ရွားသည့္ အ ေရးအသားႏွင့္ စကားရပ္မ်ားျဖင့္ သတင္းလႊာထုတ္ျပန္ေသာ ျပည္ ခိုင္ၿဖိဳးအား ျပင္းထန္စြာကန႔္ကြက္ ရႈတ္ခ် ေၾကာင္းႏွင့္ ျပည္ခိုင္ၿဖိဳး ပါတီမွ အၾကားအာ႐ုံမသန္စြမ္း သူမ်ားႏွင့္ မသန္စြမ္းသူမ်ားအား ခြဲျခားႏွိမ္ခ် ဆက္ဆံခဲ့ျခင္းအေပၚ တရားဝင္ျပန္ ေတာင္းပန္ရန္ မ သန္စြမ္းအဖြဲ႕အစည္းႏွင့္ လူမႈအ ဖြဲ႕အစည္း ၉၅ဖြဲ႕က သေဘာထား ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။အဆိုပါ ကိစၥႏွင့္ ပတ္သက္ ၿပီး ျပည္ခိုင္ၿဖိဳးပါတီမွ ဦးသိန္းထြန္းဦးႏွင့္ ေဒါက္ တာနႏၵလွျမင့္တို႔ထံ ဖုန္းဆက္သြယ္ေသာ္လည္း လက္ခံေျဖ ၾကားျခင္းမရွိေပ။

ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက အၾကားအာ႐ုံမသန္စြမ္းသူမ်ားအားခြဲျခား ႏွိမ္ခ် ဆက္ဆံမႈအေပၚ တရားဝင္ေတာင္းပန္ရန္ မသန္စြမ္းအဖြဲ႕အစည္းမ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္း စုစုေပါင္း ၉၅ခုက ႏိုဝင္ဘာ ၁၄ ရက္တြင္ ထုတ္ျပန္သည္။ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီကေ႐ြးေကာက္ ပြဲႏွင့္ပတ္သက္ၿပီး ႏိုဝင္ဘာ ၁၁ ရက္စြဲျဖင့္ထုတ္ျပန္သည့္ သတင္း လႊာစာမ်က္ႏွာ(၃) စာပိုဒ္(၆)တြင္ အစၥရံေက်း႐ြာ၌ စာမတတ္သူ၊ စကားမေျပာတတ္သူ၊ နားမၾကား သူ ေဒၚဝင္းစႏၵာခိုင္အား ဆႏၵမဲ ေပးခြင့္ျပဳျခင္းကို ကန႔္ကြက္ ေရးသား ထားသည့္အျပင္ ႏိုဝင္ဘာ ၁၂ရက္ထုတ္ သတင္းလႊာ စာမ်က္ႏွာ(၆)တြင္လည္း မသန္မစြမ္းသူဟု ေရးသားျပျခင္းကို ေတြ႕ရွိရသည္။

မသန္စြမ္းသူမ်ားသည္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အရေသာ္လည္းေကာင္း၊ ေ႐ြး ေကာက္ပြဲဥပေဒအရ ေသာ္လည္း ေကာင္း ႏိုင္ငံသား တိုင္းအတြက္ ျပ႒ာန္းထားသည့္ ဥပေဒအရကန႔္ သတ္ထားသည့္ အခ်က္တစ္ခုမွ မရွိသည့္အတြက္ အၾကားအာ႐ုံ မသန္စြမ္းမႈကို အသိအ မွတ္မျပဳ သည့္အေနျဖင့္ ထုတ္ျပန္ထား သည္ကိုေတြ႕ရွိရေၾကာင္း ျမန္မာ ႏိုင္ငံမသန္စြမ္းသူမ်ားေရွ႕ေဆာင္ အဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦး ေနလင္းစိုးက ေျပာသည္။ကြၽန္ေတာ္တို႔ရဲ႕ အခြင့္အ ေရးေပါ့။ မဲေပးခြင့္ အခြင့္အေရး ေပါ့ေနာ္။ မဲေပးခြင့္ ဂုဏ္သိကၡာကို အမ်ားႀကီးထိခိုက္ တယ္။ ေစာ္ ကားတယ္။ ပြင့္ လင္းလာတဲ့ေခတ္မွာ အခြင့္အေရးေတြ ဆုံးရႈံးေအာင္ ေနာက္ေၾကာင္းျပန္လွည့္ေအာင္ လုပ္တယ္။

ဒါကိုသက္ဆိုင္တဲ့သူ ေတြသိေအာင္လို႔ ထုတ္ျပန္ခ်က္ ေတြထုတ္ျပန္တာပါ’’ဟု ဦးေန လင္းစိုးက ေျပာသည္။ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ မသန္စြမ္းႏွင့္ပတ္သက္သည့္ ဥပေဒကို နားမလည္သည့္အေန အထားရွိေနၿပီး နားမၾကားသူတစ္ ဦးက မဲမေပးရဆိုသည့္အခ်က္ သည္ အလြန္မွားယြင္းသည့္ အဓိပၸာယ္ျဖစ္ေၾကာင္း လင္း ေရာင္ျခည္ မသန္စြမ္းသူမ်ားအ သင္း တာဝန္ရွိသူ ဦးထြန္းေအာင္ ကေျပာသည္။

REF: 7DAY DAILY

UNICODE

မြန်မာပြည်တစ်ဝန်းရှိ မသန်စွမ်းသူ နိုင်ငံသားများအား ခွဲခြားဆက် ဆံခြင်း၊ နိုင်ငံသားအခွင့်အရေး ပိတ်ပင်ခြင်းသဘော သက် ရောက် ကြောင်း ထင်ရှားသည့် အ ရေးအသားနှင့် စကားရပ်များဖြင့် သတင်းလွှာထုတ်ပြန်သော ပြည် ခိုင်ဖြိုးအား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီမှ အကြားအာရုံမသန်စွမ်း သူများနှင့် မသန်စွမ်းသူများအား ခွဲခြားနှိမ်ချ ဆက်ဆံခဲ့ခြင်းအပေါ် တရားဝင်ပြန် တောင်းပန်ရန် မ သန်စွမ်းအဖွဲ့အစည်းနှင့် လူမှုအ ဖွဲ့အစည်း ၉၅ဖွဲ့က သဘောထား ထုတ်ပြန်လိုက်ကြောင်း သိရသည်။အဆိုပါ ကိစ္စနှင့် ပတ်သက် ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းဦးနှင့် ဒေါက် တာနန္ဒလှမြင့်တို့ထံ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေ ကြားခြင်းမရှိပေ။

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အကြားအာရုံမသန်စွမ်းသူများအားခွဲခြား နှိမ်ချ ဆက်ဆံမှုအပေါ် တရားဝင်တောင်းပန်ရန် မသန်စွမ်းအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၉၅ခုက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကရွေးကောက် ပွဲနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၁၁ ရက်စွဲဖြင့်ထုတ်ပြန်သည့် သတင်း လွှာစာမျက်နှာ(၃) စာပိုဒ်(၆)တွင် အစ္စရံကျေးရွာ၌ စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြား သူ ဒေါ်ဝင်းစန္ဒာခိုင်အား ဆန္ဒမဲ ပေးခွင့်ပြုခြင်းကို ကန့်ကွက် ရေးသား ထားသည့်အပြင် နိုဝင်ဘာ ၁၂ရက်ထုတ် သတင်းလွှာ စာမျက်နှာ(၆)တွင်လည်း မသန်မစွမ်းသူဟု ရေးသားပြခြင်းကို တွေ့ရှိရသည်။

မသန်စွမ်းသူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ ရွေး ကောက်ပွဲဥပဒေအရ သော်လည်း ကောင်း နိုင်ငံသား တိုင်းအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေအရကန့် သတ်ထားသည့် အချက်တစ်ခုမှ မရှိသည့်အတွက် အကြားအာရုံ မသန်စွမ်းမှုကို အသိအ မှတ်မပြု သည့်အနေဖြင့် ထုတ်ပြန်ထား သည်ကိုတွေ့ရှိရကြောင်း မြန်မာ နိုင်ငံမသန်စွမ်းသူများရှေ့ဆောင် အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦး နေလင်းစိုးက ပြောသည်။ကျွန်တော်တို့ရဲ့ အခွင့်အ ရေးပေါ့။ မဲပေးခွင့် အခွင့်အရေး ပေါ့နော်။ မဲပေးခွင့် ဂုဏ်သိက္ခာကို အများကြီးထိခိုက် တယ်။ စော် ကားတယ်။ ပွင့် လင်းလာတဲ့ခေတ်မှာ အခွင့်အရေးတွေ ဆုံးရှုံးအောင် နောက်ကြောင်းပြန်လှည့်အောင် လုပ်တယ်။

ဒါကိုသက်ဆိုင်တဲ့သူ တွေသိအောင်လို့ ထုတ်ပြန်ချက် တွေထုတ်ပြန်တာပါ’’ဟု ဦးနေ လင်းစိုးက ပြောသည်။ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မသန်စွမ်းနှင့်ပတ်သက်သည့် ဥပဒေကို နားမလည်သည့်အနေ အထားရှိနေပြီး နားမကြားသူတစ် ဦးက မဲမပေးရဆိုသည့်အချက် သည် အလွန်မှားယွင်းသည့် အဓိပ္ပာယ်ဖြစ်ကြောင်း လင်း ရောင်ခြည် မသန်စွမ်းသူများအ သင်း တာဝန်ရှိသူ ဦးထွန်းအောင် ကပြောသည်။

REF:  7DAY  DAILY