ၾကက္သြန္နီနဲ႔ သံပုရာသီးျဖင့္ ညႇင္း နဲ႔ တင္းတိတ္ေတြ ကို (၅)ရက္အတြင္း ေပ်ာက္တဲ့ ႐ိုးရာေဆးနည္း

အခုေပးတဲ့ေဆးနည္းကို ငါးရက္ေလာက္ ဆက္တိုက္လုပ္ရင္ သင့္မ်က္နာဟာ ၾကည္လင္ရွင္းသန႔္ၿပီး က်က္သေရရွိစြာ လွပေနပါလိမ့္ မယ္။မူရင္းစာေရးသူ၏ အမွာစာ- မယုံမရွိပါနဲ႔။ လက္ေတြ႕ပါ။ ငါးရက္အတြင္း သက္သာေပ်ာက္ကင္းေစတဲ့ ျမန္မာ့႐ိုးရာ လိမ္းေဆးလို႔ ဆိုပါတယ္။ေဆးေဖာ္ဖို႔ကလည္း အလြန္လြယ္ကူပါတယ္။

ၾကက္သြန္နီဥေသးတစ္လုံးကို အခြံႏြာၿပီး ညက္ေအာင္ေထာင္းပါ။ၿပီးရင္ ေႂကြပုဂံလုံးထဲ ထည့္ၿပီး သံပရာသီးတစ္လုံးကို အရည္ညစ္ခ်လို႔ ေရာေဖ်ာ္ပါ။ သင့္ရဲ႕ေပြးကြက္၊ညႇင္းကြက္၊ တင္းတိတ္ကြက္၊ ဝက္ၿခံဖုကို လိမ္းေပးပါ။ တစ္ေန႔ႏွစ္ႀကိမ္ လိမ္းေပးပါ။၄။ ညပိုင္းမွာ မ်က္နာ ကို ေရေႏြးနဲ႔သန႔္စင္ၿပီး သနပ္ခါးအျမစ္လိမ္းၿပီး အိပ္ပါ။လုံး၀ေပ်ာက္ကင္းသြားပါ လိမ့္မယ္။

REF: SHWE LET PAN

UNICODE

အခုပေးတဲ့ဆေးနည်းကို ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့် မယ်။မူရင်းစာရေးသူ၏ အမှာစာ- မယုံမရှိပါနဲ့။ လက်တွေ့ပါ။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ လိမ်းဆေးလို့ ဆိုပါတယ်။ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။

ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။ သင့်ရဲ့ပွေးကွက်၊ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။၄။ ညပိုင်းမှာ မျက်နာ ကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။လုံး၀ပျောက်ကင်းသွားပါ လိမ့်မယ်။

REF:  SHWE  LET  PAN