ဝမ္းသာစရာပါ သိုေလွာင္ ရလြယ္ၿပီး ေစ်းသက္သာ တဲ့ Oxford ကာကြယ္ ေဆးစမ္းသပ္မႈ ၉၀% ေအာင္ျမင္

Oxford တကၠသိုလ္ ေဆးသိပၸံပါေမာကၡ ပိုလက္စ္က ” ကမာၻႀကီး ပုံမွန္အေနအထား ျပန္ေရာက္ေတာ့မွာပါ”လို႔ ေျပာပါတယ္။ ကာကြယ္ ေဆးပထမအဆင့္ကို ဒီဇင္ဘာ လကုန္မွာ ထုတ္လုပ္မွာျဖစ္ၿပီး ဧၿပီလအမွီေစ်းကြက္ထဲျဖန္႔မယ္လို႔သိရပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က “Oxford ကာကြယ္ေဆး သတင္းက မဂၤလာသတင္းပါ။ စိတ္ခ်လုံၿခဳံမႈရဖို႔ အဆင့္နည္းနည္းစစ္ဖို႔ က်န္ပါေသးတယ္။ ရလဒ္ေကာင္း မွာပါ”လို႔ေျပာပါတယ္။

သာမန္ေရခဲေသတၱာထည့္ထားႏိုင္တဲ့အျပင္ ထိေရာက္မႈ ၉၀ ရာခိုင္ႏႈန္း ရွိတဲ့ ကိုဗစ္ ကာကြယ္ေဆးရၿပီလို႔ ၿဗိတိန္ Oxford-Astrazeneca ကုမၸဏီက ေၾကညာလိုက္ပါတယ္။ Oxford တကၠသိုလ္ သုေတသနဌာနနဲ႔ AstraZeneca ကုမၸဏီရဲ႕ Phase III စမ္းသပ္မႈအၿပီးမွာ ခုလို ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ၿဗိတိန္အစိုးရက AstraZeneca ကာကြယ္ေဆး အတြက္ အလုံးသန္း ၁၀၀ မွာထားၿပီး အေရးေပၚ အတြက္ သုံးသန္း အရင္ ထိုးေပးဖို႔ စီစဥ္ ထားပါတယ္။

Oxford-Astrazeneca ကာကြယ္ေဆးဟာ ေစ်းႏႈန္းသက္သာၿပီး သိုေလွာင္ ရလြယ္ကူတဲ့ေဆး ျဖစ္ပါတယ္။ ဒီေဆးကို အေမရိကန္ ၃ ေဒၚလာနဲ႔ ၇ ေဒၚလာၾကားသတ္မွတ္မယ္လို႔ သိရပါတယ္။ သိုေလွာင္ဖို႔အတြက္ သာမန္ေရခဲေသတၱာပဲ လိုအပ္တာေၾကာင့္ ပိုအဆင္ေျပပါ တယ္။ Pfizer နဲ႔ Moderna ေဆးေတြကေတာ့ ေဆးသိုေလွာင္တဲ့ ေရခဲေသတၱာသီးသန္႔လိုအပ္ပါတယ္။ Astra Zeneca ကာကြယ္ေဆးကို တစ္လျခားၿပီး ႏွစ္ႀကိမ္ထိုးရမွာျဖစ္ပါတယ္။ Astra Zeneca ေဆးအတြက္ လူေပါင္း ၂၄၀၀၀ နဲ႔ စမ္းသပ္ခဲ့ၿပီး စိုးရိမ္စရာ တစုံတရာ မေတြ႕ ရဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

Ref – BBC

UNICODE

Oxford တက္ကသိုလ် ဆေးသိပ္ပံပါမောက္ခ ပိုလက်စ်က ” ကမ္ဘာကြီး ပုံမှန်အနေအထား ပြန်ရောက်တော့မှာပါ”လို့ ပြောပါတယ်။ ကာကွယ် ဆေးပထမအဆင့်ကို ဒီဇင်ဘာ လကုန်မှာ ထုတ်လုပ်မှာဖြစ်ပြီး ဧပြီလအမှီစျေးကွက်ထဲဖြန့်မယ်လို့သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်က “Oxford ကာကွယ်ဆေး သတင်းက မင်္ဂလာသတင်းပါ။ စိတ်ချလုံခြုံမှုရဖို့ အဆင့်နည်းနည်းစစ်ဖို့ ကျန်ပါသေးတယ်။ ရလဒ်ကောင်း မှာပါ”လို့ပြောပါတယ်။

သာမန်ရေခဲသေတ္တာထည့်ထားနိုင်တဲ့အပြင် ထိရောက်မှု ၉၀ ရာခိုင်နှုန်း ရှိတဲ့ ကိုဗစ် ကာကွယ်ဆေးရပြီလို့ ဗြိတိန် Oxford-Astrazeneca ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ Oxford တက္ကသိုလ် သုတေသနဌာနနဲ့ AstraZeneca ကုမ္ပဏီရဲ့ Phase III စမ်းသပ်မှုအပြီးမှာ ခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက AstraZeneca ကာကွယ်ဆေး အတွက် အလုံးသန်း ၁၀၀ မှာထားပြီး အရေးပေါ် အတွက် သုံးသန်း အရင် ထိုးပေးဖို့ စီစဥ် ထားပါတယ်။

Oxford-Astrazeneca ကာကွယ်ဆေးဟာ စျေးနှုန်းသက်သာပြီး သိုလှောင် ရလွယ်ကူတဲ့ဆေး ဖြစ်ပါတယ်။ ဒီဆေးကို အမေရိကန် ၃ ဒေါ်လာနဲ့ ၇ ဒေါ်လာကြားသတ်မှတ်မယ်လို့ သိရပါတယ်။ သိုလှောင်ဖို့အတွက် သာမန်ရေခဲသေတ္တာပဲ လိုအပ်တာကြောင့် ပိုအဆင်ပြေပါ တယ်။ Pfizer နဲ့ Moderna ဆေးတွေကတော့ ဆေးသိုလှောင်တဲ့ ရေခဲသေတ္တာသီးသန့်လိုအပ်ပါတယ်။ Astra Zeneca ကာကွယ်ဆေးကို တစ်လခြားပြီး နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။ Astra Zeneca ဆေးအတွက် လူပေါင်း ၂၄၀၀၀ နဲ့ စမ်းသပ်ခဲ့ပြီး စိုးရိမ်စရာ တစုံတရာ မတွေ့ ရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref – BBC