ထိုင္းဘတ္စ္ကား ေပၚက ျမန္မာနာမည္ တပ္ထားတဲ့ ထူးဆန္း တဲ့ ေငြထုပ္ႀကီးေတြ႕ (သိန္း ၂၆၀၀ေက်ာ္ ပါလာပုံနဲ႔ ထူးဆန္းတဲ့ျဖစ္ရပ္

ထိုင္းဘတ္စ္ကား ေပၚက ျမန္မာနာမည္ တပ္ထားတဲ့ ထူးဆန္း တဲ့ ေငြထုပ္ႀကီးေတြ႕ (သိန္း ၂၆၀၀ေက်ာ္ ပါလာပုံနဲ႔ ထူးဆန္းတဲ့ျဖစ္ရပ္ အေၾကာင္း တင္ဆက္လိုက္ပါတယ္။ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ အေဝးေျပးဘတ္စ္ ကားတစ္စီးေပၚမွာ ျမန္မာအမ်ိဳးသား တစ္ဦးရဲ႕ နာမည္နဲ႔ ေပးပို႔လိုက္တဲ့ ပါဆယ္ထုပ္ေတြ ထဲက ထိုင္းဘတ္ေငြ ၆ သန္း ၁ သိန္း ေက်ာ္တန္ဖိုးရွိ အိႏၵိယ႐ူပီေငြအေျမာက္အျမား ဖမ္းဆီး ရမိတယ္လို႔ သေနးရွင္းသတင္းမွာ ေဖာ္ျပပါတယ္။ မဲေဆာက္နယ္ေျမ အမွတ္ ၄ အထူးစစ္ဆင္ေရး တပ္ဖြဲ႕၊ နယ္ေျမခံရဲတပ္ဖြဲ႕၊ လဝကနဲ႔ အေကာက္ခြန္ဝန္ထမ္းေတြပါတဲ့ ပူးေပါင္းအဖြဲ႕ဟာ မဲ ေဆာက္ၿမိဳ႕နယ္ မယ္ပအုပ္စု ဘန္႔ေဟြ႕ဟင္ဖြန္ စစ္ေဆးေရးဂိတ္မွာ။

တာဝန္ထမ္းေဆာင္စဥ္ မဲေဆာက္ကေန မယ္ဆိုင္ကို သြားမယ့္ ဂရင္း ဘတ္စ္ကုမၸဏီပိုင္ ခရီးသည္တင္ အေဝးေျပးကားတစ္စီးေပၚကေန အဆိုပါအိႏၵိယေငြေတြ စစ္ေဆးဖမ္းဆီးရမိခဲ့တာလို႔ တာဝန္ရွိသူမွ သတင္းေထာက္ေတြကို ေျပာပါတယ္။တာဝန္ရွိသူေတြဟာ ကား ေအာက္ထပ္က ခရီးသည္ေတြရဲ႕ အထုပ္အပိုးေတြကို စစ္ေဆးရာမွာ ပိုင္ရွင္ခရီးသည္မပါတဲ့ ပါဆယ္ထုပ္ထဲက အိႏၵိယ႐ူပီးေငြ အေျမာက္ အျမား (ေငြစကၠဴ ၁၀၀၀ ႐ြက္ပါ အစည္းေပါင္း ၃၀ စည္း) ကို ေတြ႕ရွိ ခဲ့ေၾကာင္း ၊ ေရတြက္ၾကည့္ရာမွာ ႐ူးပီးေငြ ၁၅ သန္းျဖစ္တယ္လို႔ သ ေနရွင္းသတင္းမွာ ေဖာ္ျပေပမဲ့ ဘန္ေကာက္ပို႔ သတင္းမွာေတာ့ ၁၆ သန္း ေတြ႕တယ္လို႔ ေရးပါတယ္။

ပါဆယ္ထုပ္ကို ေပးပို႔သူမွာ Mr. Min Min Aye ဆိုသူျဖစ္ၿပီး အထုပ္လက္ခံမယ့္ သူကေတာ့ ခ်င္းမိုင္မွ Mrs. Grongwan Kengkat ဆိုသူျဖစ္ေၾကာင္း၊ ဒီကိစၥ နဲ႔ ပတ္သက္ၿပီး ဂရင္းဘတ္စ္ ကုမၸဏီဝန္ထမ္းကေတာ့ ပါဆယ္ထုပ္ ေပးပို႔သူရဲ႕ အမည္နဲ႔ ဆက္သြယ္ဖို႔ ဖုန္းနံ ပတ္ေရာ လက္ခံမယ့္သူရဲ႕ အမည္နဲ႔ ဖုန္းနံပါတ္ေတြ အတိအက်ေပးထားတာမို႔ အထုပ္ကို ဖြင့္လွစ္စစ္ေဆးျခင္း မျပဳဘဲ သံသယကင္းစြာ လက္ခံလိုက္တာလို႔ ေျပာပါတယ္။ဒါေပမဲ့ အထုပ္လာအပ္သူဟာ အမ်ိဳးသား မွတ္ပုံတင္ကတ္ သို႔မဟုတ္ သက္ေသ အေထာက္အထား ကတ္ ျပသျခင္းမရွိဘူးလို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြကေတာ့ ေလာေလာဆယ္ အဆိုပါေငြစကၠဴေတြ သိမ္းဆည္းထားၿပီး ေငြပိုင္ရွင္အေန နဲ႔ ရက္ေပါင္း ၃၀ အတြင္း လာ ေရာက္ဆက္သြယ္ျခင္း မရွိဘူးဆိုရင္ ႏိုင္ငံ ေတာ္ပိုင္အျဖစ္ သိမ္းဆည္း သြားမယ္လို႔ ဆိုပါတယ္။ တာဝန္ရွိသူ တစ္ဦးကေတာ့ အထုပ္လာ ပို႔သူဟာ အမည္ရင္းဟုတ္ဟန္မတူေၾကာင္း၊ အဲဒီေငြေတြဟာ နယ္စပ္ေ႐ႊႀတိဂံ နယ္ေျမနဲ႔ တရားမဝင္ကုန္သြယ္မႈကေန ရလာတဲ့ေငြေတြ ျဖစ္ႏိုင္ၿပီး ေငြလာရာလမ္းေၾကာင္းကို ဆက္လက္စုံစမ္းစစ္ေဆးအေရးယူသြားမယ္လို႔ သတင္းေထာက္ေတြကို ေျပာသြားပါတယ္ ။

UNICODE

ထိုင်းဘတ်စ်ကား ပေါ်က မြန်မာနာမည် တပ်ထားတဲ့ ထူးဆန်း တဲ့ ငွေထုပ်ကြီးတွေ့ (သိန်း ၂၆၀၀ကျော် ပါလာပုံနဲ့ ထူးဆန်းတဲ့ဖြစ်ရပ် အကြောင်း တင်ဆက်လိုက်ပါတယ်။ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အဝေးပြေးဘတ်စ် ကားတစ်စီးပေါ်မှာ မြန်မာအမျိုးသား တစ်ဦးရဲ့ နာမည်နဲ့ ပေးပို့လိုက်တဲ့ ပါဆယ်ထုပ်တွေ ထဲက ထိုင်းဘတ်ငွေ ၆ သန်း ၁ သိန်း ကျော်တန်ဖိုးရှိ အိန္ဒိယရူပီငွေအမြောက်အမြား ဖမ်းဆီး ရမိတယ်လို့ သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ မဲဆောက်နယ်မြေ အမှတ် ၄ အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ လဝကနဲ့ အကောက်ခွန်ဝန်ထမ်းတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မဲ ဆောက်မြို့နယ် မယ်ပအုပ်စု ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ။

တာဝန်ထမ်းဆောင်စဉ် မဲဆောက်ကနေ မယ်ဆိုင်ကို သွားမယ့် ဂရင်း ဘတ်စ်ကုမ္ပဏီပိုင် ခရီးသည်တင် အဝေးပြေးကားတစ်စီးပေါ်ကနေ အဆိုပါအိန္ဒိယငွေတွေ စစ်ဆေးဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။တာဝန်ရှိသူတွေဟာ ကား အောက်ထပ်က ခရီးသည်တွေရဲ့ အထုပ်အပိုးတွေကို စစ်ဆေးရာမှာ ပိုင်ရှင်ခရီးသည်မပါတဲ့ ပါဆယ်ထုပ်ထဲက အိန္ဒိယရူပီးငွေ အမြောက် အမြား (ငွေစက္ကူ ၁၀၀၀ ရွက်ပါ အစည်းပေါင်း ၃၀ စည်း) ကို တွေ့ရှိ ခဲ့ကြောင်း ၊ ရေတွက်ကြည့်ရာမှာ ရူးပီးငွေ ၁၅ သန်းဖြစ်တယ်လို့ သ နေရှင်းသတင်းမှာ ဖော်ပြပေမဲ့ ဘန်ကောက်ပို့ သတင်းမှာတော့ ၁၆ သန်း တွေ့တယ်လို့ ရေးပါတယ်။

ပါဆယ်ထုပ်ကို ပေးပို့သူမှာ Mr. Min Min Aye ဆိုသူဖြစ်ပြီး အထုပ်လက်ခံမယ့် သူကတော့ ချင်းမိုင်မှ Mrs. Grongwan Kengkat ဆိုသူဖြစ်ကြောင်း၊ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဂရင်းဘတ်စ် ကုမ္ပဏီဝန်ထမ်းကတော့ ပါဆယ်ထုပ် ပေးပို့သူရဲ့ အမည်နဲ့ ဆက်သွယ်ဖို့ ဖုန်းနံ ပတ်ရော လက်ခံမယ့်သူရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေ အတိအကျပေးထားတာမို့ အထုပ်ကို ဖွင့်လှစ်စစ်ဆေးခြင်း မပြုဘဲ သံသယကင်းစွာ လက်ခံလိုက်တာလို့ ပြောပါတယ်။ဒါပေမဲ့ အထုပ်လာအပ်သူဟာ အမျိုးသား မှတ်ပုံတင်ကတ် သို့မဟုတ် သက်သေ အထောက်အထား ကတ် ပြသခြင်းမရှိဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ လောလောဆယ် အဆိုပါငွေစက္ကူတွေ သိမ်းဆည်းထားပြီး ငွေပိုင်ရှင်အနေ နဲ့ ရက်ပေါင်း ၃၀ အတွင်း လာ ရောက်ဆက်သွယ်ခြင်း မရှိဘူးဆိုရင် နိုင်ငံ တော်ပိုင်အဖြစ် သိမ်းဆည်း သွားမယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူ တစ်ဦးကတော့ အထုပ်လာ ပို့သူဟာ အမည်ရင်းဟုတ်ဟန်မတူကြောင်း၊ အဲဒီငွေတွေဟာ နယ်စပ်ရွှေတြိဂံ နယ်မြေနဲ့ တရားမဝင်ကုန်သွယ်မှုကနေ ရလာတဲ့ငွေတွေ ဖြစ်နိုင်ပြီး ငွေလာရာလမ်းကြောင်းကို ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ် ။