ဆင္းရဲ လို႔ ရည္းစားေဟာင္း ရဲ႕ စြန႔္ပစ္မႈ ကို ခံခဲ့ရ၍ (၅)ႏွစ္ အတြင္း ႀကိဳးစားၿပီး သူေဌး အျဖစ္နဲ႔ ျပန္လက္စား ေခ်ခဲ့ တဲ့ မိန္းကေလး

ဖတ္ရႈ႕အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ကိုယ္ေအာင္ျမင္ဖို႔ ဆိုတာ ကိုယ့္ရဲ႕မခံခ်င္စိတ္နဲ႔ပဲ သက္ဆိုင္ပါတယ္။ အဓိကက ကိုယ္ ကိုယ္တိုင္ ႀကိဳးစားၿပီး ဇြဲလုံ႔လ ရွိဖို႔ ပါပဲ။ ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။ယခုေဖာ္ျပေပးမွာကေတာ့ မေလးရွားႏိုင္ငံက Romiza Roman ဆိုတဲ့ Twitter အသုံးျပဳသူတစ္ဦးဟာ သူမရဲ႕ ဘဝအေၾကာင္း အျဖစ္ အပ်က္ အားလုံးကို သူမေအာင္ျမင္မႈရရွိခဲ့ၿပီး ေနာက္ မွာေတာ့ Twitter ေပၚမွာ အရာအားလုံး ျပန္လည္ေဝမွ်ခဲ့တာကို ေတြ႕ျမင္လာရပါတယ္ ။

Romiza ဟာ သူမရဲ႕ခ်စ္သူေကာင္ေလးနဲ႔ အထက္တန္းကတည္းက ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။ အစပိုင္းမွာေတာ့ သူမတို႔ႏွစ္ေယာက္လုံး အ ဆင္ေျပေျပာရွိေနခဲ့ၿပီး အထက္တန္း ေက်ာင္းၿပီးသြားခ်ိန္မွာေတာ့ သူမ တို႔ဆက္လက္သင္ၾကားတဲ့ ပညာခ်င္းမတူညီေတာ့လို႔ အနည္း ငယ္ အေနေဝးသြားခဲ့က ပါတယ္ ။ ဒါေပမယ့္လည္း သူမရဲ႕ ခ်စ္သူေကာင္ေလးက တျခားေကာင္မေလးနဲ႔ ေဖာက္ျပန္ၿပီး ယြထေနခဲ့တာကို သူမ မသိခဲ့ပါဘူး။ အဆိုပါ ေကာင္မေလးက လက္ထပ္ရမဲ့သူ သီးသန႔္ရွိေနခဲ့တဲ့အတြက္ သူမခြင့္လႊတ္ေပးခဲ့ပါတယ္ ။ သူမတို႔ ဆက္လက္ ခ်စ္ႀကိဳက္ခဲ့ၾကရင္း တစ္ရက္မွာေတာ့ ေကာင္ေလးရဲ႕မိသားစုဝင္ေတြနဲ႔ ေတြ႕ဖို႔ဆုံးျဖတ္ခဲ့ပါတယ္ ။

ေကာင္ေလးရဲ႕ မိခင္က သူမနဲ႔အဆင္ေျပေျပ ရွိေနခဲ့ေပမဲ့လည္း ၊ ေကာင္ေလးရဲ႕အစ္မျဖစ္သူကေတာ့ သူမကို ” နင့္ရဲ႕မိသားစုက ဆင္းရဲ တယ္ ၊ နင္ငါတို႔နဲ႔ အဆင့္ခ်င္မတူဘူး ” ဆိုၿပီး သူမအား ခ်ိဳးႏွိမ္ၿပီး ေျပာဆိုခဲ့ပါတယ္ ။ သူမကေတာ့ ” ဟုတ္တယ္ ကြၽန္မက လမ္းေဘးပ်ံ က်ေစ်းသည္ရဲ႕သမီး ၊ ကြၽန္မရဲ႕ မိဘေတြက ဆင္းရဲတယ္ ” ဆိုၿပီးေတာ့သာ ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။ ခ်စ္သူေကာင္ေလးရဲ႕ မိသားစုက သူမကိုဘယ္လိုပဲ ေျပာဆိုဆက္ဆံေနပါေစ သူမကေတာ့ သူ႔ရဲ႕ ခ်စ္သူကို လက္တြဲမျဖဳတ္ခဲ့ပါဘူး ။ တစ္ရက္မွာေတာ့ သူမက ” ငါဘြဲ႕ရရင္ အလုပ္ႀကိဳးစားၿပီး Volkswagen ကားဝယ္စီးမယ္ ” ဆိုၿပီး ခ်စ္သူေကာင္ေလးကိုေျပာျပ ခဲ့ပါတယ္။

သို႔ေပမဲ့လည္း ေကာင္ေလးရဲ႕တုံ႔ျပန္ခ်က္ကေတာ့ ” hahaha အဲ့ကားက ေစ်းႀကီးတယ္..နင့္မိသားစုက ဆင္းရဲတာကို နင္ Myvi ကား ေလာက္ပဲ စီးႏိုင္မွာပါ ” ဆိုၿပီး သူမကိုႏွိမ့္ခ်စြာ ေျပာဆိုၿပီး ပ်က္ရယ္ျပဳကာ ေလွာင္ေျပာင္ေနခဲ့ပါတယ္။တစ္ရက္မွာေတာ့ ခ်စ္သူေကာင္ ေလးဟာ သူမဆီက မျဖစ္မေန ေငြကိုအသည္းအသန္ ေတာင္းေခ်းခဲ့တဲ့အတြက္ သူမဟာမရွိတဲ့ၾကားက သူငယ္ခ်င္းေတြဆီက ေခ်းငွါး ၿပီးေပးခဲ့ရပါတယ္ ။ ဒါေပမယ့္ အဆိုပါေငြေတြနဲ႔ ခ်စ္သူေကာင္ေလးဟာ တျခားမိန္းကေလးတစ္ေယာက္နဲ႔ ေဖာက္ျပန္ၿပီး အေပ်ာ္ခရီး ထြက္သြားခဲ့ၿပီး ၊ သူမဟာ ဘူတာမွာလာႀကိဳဖို႔ ေျပာခဲ့ခ်ိန္မွာေတာ့ ေကာင္ေလးဟာ Port Dickson ကမ္းေျခေရာက္ေနလို႔။

လာမႀကိဳႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္ ။ ဒါ့ေၾကာင့္ပဲ သူမဟာ ခ်စ္သူနဲ႔လမ္းခြဲဖို႔ ခ်က္ခ်င္းပဲ ဆုံးျဖတ္ခဲ့ၿပီး အစပိုင္းမွာေတာ့ ခ်စ္သူရဲ႕မိခင္ က လမ္းမခြဲဖို႔သူမကို ေတာင္းဆိုခဲ့ေပမဲ့လည္း ေနာက္ဆုံးေတာ့ ” ငါ့ရဲ႕အနာဂတ္ေခြၽးမကို အစိုးရဝန္ထမ္း လုပ္တဲ့သူပဲလိုခ်င္တယ္ ” ဆိုၿပီး ေျပာဆိုခဲ့တဲ့အျပင္ ၊ ခ်စ္သူရဲ႕အစ္မျဖစ္သူ ကလည္း ” ဘယ္သူကနင့္ကို ဂ႐ုစိုက္မွာလဲ ၊ နင္က သုံးလို႔မွမရတာ ” ဆိုၿပီး ရက္ရက္စက္ စက္ေတြ ေျပာဆိုဆက္ဆံခဲ့ပါတယ္ ။ေနာက္ပိုင္းမွာေတာ့ သူမဟာ မခံခ်င္စိတ္နဲ႔ ေနာက္ျပန္မလွည့္တမ္း 5ႏွစ္ဆက္တိုက္ အလုပ္ေတြကို အသားကုန္ ႀကိဳးစားခဲ့ၿပီးခ်ိန္မွာေတာ့ အိမ္တစ္လုံးဝယ္ႏိုင္ခဲ့တဲ့အျပင္ ၊

ကားကိုလည္း Volkswagens မဝယ္စီးႏိုင္ပါဘူး ဆိုၿပီးေျပာခဲ့တဲ့ ခ်စ္သူေဟာင္းကို တုံ႔ျပန္တဲ့အေနနဲ႔ Mercedes ClA AMG ကားကိုသာ ဝယ္စီးခဲ့ပါတယ္ ။ ထို႔အျပင္ သူမဟာ သိန္း 50 ေက်ာ္ ေပးကိုင္ရတဲ့အိတ္မ်ိဳးနဲ႔အတူ ဓာတ္ပုံ႐ိုက္ၿပီး ဆင္းရဲ႕လြန္းလို႔နိမ္ခဲ့တဲ့ ခ်စ္သူ ေဟာင္းရဲ႕ မိသားစုေတြအားလုံးကို ျပန္ၿပီးလုပ္တုံ႔ျပန္ခဲ့ပါတယ္ ။ သူမဟာ ယခုအခ်ိန္မွာေတာ့ အေတာ္ေလးကိုေအာင္ျမင္ေနတဲ့ ေငြ ေရးေၾကးေရး အႀကံေပးတစ္ေယာက္အေနနဲ႔ လုပ္ကိုင္ေနလ်က္ရွိေၾကာင္း သိရွိရပါတယ္။

Source: world ofbuzz

UNICODE

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ်အောင်မြင်ဖို့ ဆိုတာ ကိုယ့်ရဲ့မခံချင်စိတ်နဲ့ပဲ သက်ဆိုင်ပါတယ်။ အဓိကက ကိုယ် ကိုယ်တိုင် ကြိုးစားပြီး ဇွဲလုံ့လ ရှိဖို့ ပါပဲ။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက် လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ယခုဖော်ပြပေးမှာကတော့ မလေးရှားနိုင်ငံက Romiza Roman ဆိုတဲ့ Twitter အသုံးပြုသူတစ်ဦးဟာ သူမရဲ့ ဘဝအကြောင်း အဖြစ် အပျက် အားလုံးကို သူမအောင်မြင်မှုရရှိခဲ့ပြီး နောက် မှာတော့ Twitter ပေါ်မှာ အရာအားလုံး ပြန်လည်ဝေမျှခဲ့တာကို တွေ့မြင်လာရပါတယ် ။

Romiza ဟာ သူမရဲ့ချစ်သူကောင်လေးနဲ့ အထက်တန်းကတည်းက ချစ်ကြိုက်ခဲ့ကြတာပါ။ အစပိုင်းမှာတော့ သူမတို့နှစ်ယောက်လုံး အ ဆင်ပြေပြောရှိနေခဲ့ပြီး အထက်တန်း ကျောင်းပြီးသွားချိန်မှာတော့ သူမ တို့ဆက်လက်သင်ကြားတဲ့ ပညာချင်းမတူညီတော့လို့ အနည်း ငယ် အနေဝေးသွားခဲ့က ပါတယ် ။ ဒါပေမယ့်လည်း သူမရဲ့ ချစ်သူကောင်လေးက တခြားကောင်မလေးနဲ့ ဖောက်ပြန်ပြီး ယွထနေခဲ့တာကို သူမ မသိခဲ့ပါဘူး။ အဆိုပါ ကောင်မလေးက လက်ထပ်ရမဲ့သူ သီးသန့်ရှိနေခဲ့တဲ့အတွက် သူမခွင့်လွှတ်ပေးခဲ့ပါတယ် ။ သူမတို့ ဆက်လက် ချစ်ကြိုက်ခဲ့ကြရင်း တစ်ရက်မှာတော့ ကောင်လေးရဲ့မိသားစုဝင်တွေနဲ့ တွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ် ။

ကောင်လေးရဲ့ မိခင်က သူမနဲ့အဆင်ပြေပြေ ရှိနေခဲ့ပေမဲ့လည်း ၊ ကောင်လေးရဲ့အစ်မဖြစ်သူကတော့ သူမကို ” နင့်ရဲ့မိသားစုက ဆင်းရဲ တယ် ၊ နင်ငါတို့နဲ့ အဆင့်ချင်မတူဘူး ” ဆိုပြီး သူမအား ချိုးနှိမ်ပြီး ပြောဆိုခဲ့ပါတယ် ။ သူမကတော့ ” ဟုတ်တယ် ကျွန်မက လမ်းဘေးပျံ ကျစျေးသည်ရဲ့သမီး ၊ ကျွန်မရဲ့ မိဘတွေက ဆင်းရဲတယ် ” ဆိုပြီးတော့သာ ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ချစ်သူကောင်လေးရဲ့ မိသားစုက သူမကိုဘယ်လိုပဲ ပြောဆိုဆက်ဆံနေပါစေ သူမကတော့ သူ့ရဲ့ ချစ်သူကို လက်တွဲမဖြုတ်ခဲ့ပါဘူး ။ တစ်ရက်မှာတော့ သူမက ” ငါဘွဲ့ရရင် အလုပ်ကြိုးစားပြီး Volkswagen ကားဝယ်စီးမယ် ” ဆိုပြီး ချစ်သူကောင်လေးကိုပြောပြ ခဲ့ပါတယ်။

သို့ပေမဲ့လည်း ကောင်လေးရဲ့တုံ့ပြန်ချက်ကတော့ ” hahaha အဲ့ကားက စျေးကြီးတယ်..နင့်မိသားစုက ဆင်းရဲတာကို နင် Myvi ကား လောက်ပဲ စီးနိုင်မှာပါ ” ဆိုပြီး သူမကိုနှိမ့်ချစွာ ပြောဆိုပြီး ပျက်ရယ်ပြုကာ လှောင်ပြောင်နေခဲ့ပါတယ်။တစ်ရက်မှာတော့ ချစ်သူကောင် လေးဟာ သူမဆီက မဖြစ်မနေ ငွေကိုအသည်းအသန် တောင်းချေးခဲ့တဲ့အတွက် သူမဟာမရှိတဲ့ကြားက သူငယ်ချင်းတွေဆီက ချေးငှါး ပြီးပေးခဲ့ရပါတယ် ။ ဒါပေမယ့် အဆိုပါငွေတွေနဲ့ ချစ်သူကောင်လေးဟာ တခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်ပြီး အပျော်ခရီး ထွက်သွားခဲ့ပြီး ၊ သူမဟာ ဘူတာမှာလာကြိုဖို့ ပြောခဲ့ချိန်မှာတော့ ကောင်လေးဟာ Port Dickson ကမ်းခြေရောက်နေလို့။

လာမကြိုနိုင်ကြောင်း ပြောခဲ့ပါတယ် ။ ဒါ့ကြောင့်ပဲ သူမဟာ ချစ်သူနဲ့လမ်းခွဲဖို့ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့ပြီး အစပိုင်းမှာတော့ ချစ်သူရဲ့မိခင် က လမ်းမခွဲဖို့သူမကို တောင်းဆိုခဲ့ပေမဲ့လည်း နောက်ဆုံးတော့ ” ငါ့ရဲ့အနာဂတ်ချွေးမကို အစိုးရဝန်ထမ်း လုပ်တဲ့သူပဲလိုချင်တယ် ” ဆိုပြီး ပြောဆိုခဲ့တဲ့အပြင် ၊ ချစ်သူရဲ့အစ်မဖြစ်သူ ကလည်း ” ဘယ်သူကနင့်ကို ဂရုစိုက်မှာလဲ ၊ နင်က သုံးလို့မှမရတာ ” ဆိုပြီး ရက်ရက်စက် စက်တွေ ပြောဆိုဆက်ဆံခဲ့ပါတယ် ။နောက်ပိုင်းမှာတော့ သူမဟာ မခံချင်စိတ်နဲ့ နောက်ပြန်မလှည့်တမ်း 5နှစ်ဆက်တိုက် အလုပ်တွေကို အသားကုန် ကြိုးစားခဲ့ပြီးချိန်မှာတော့ အိမ်တစ်လုံးဝယ်နိုင်ခဲ့တဲ့အပြင် ၊

ကားကိုလည်း Volkswagens မဝယ်စီးနိုင်ပါဘူး ဆိုပြီးပြောခဲ့တဲ့ ချစ်သူဟောင်းကို တုံ့ပြန်တဲ့အနေနဲ့ Mercedes ClA AMG ကားကိုသာ ဝယ်စီးခဲ့ပါတယ် ။ ထို့အပြင် သူမဟာ သိန်း 50 ကျော် ပေးကိုင်ရတဲ့အိတ်မျိုးနဲ့အတူ ဓာတ်ပုံရိုက်ပြီး ဆင်းရဲ့လွန်းလို့နိမ်ခဲ့တဲ့ ချစ်သူ ဟောင်းရဲ့ မိသားစုတွေအားလုံးကို ပြန်ပြီးလုပ်တုံ့ပြန်ခဲ့ပါတယ် ။ သူမဟာ ယခုအချိန်မှာတော့ အတော်လေးကိုအောင်မြင်နေတဲ့ ငွေ ရေးကြေးရေး အကြံပေးတစ်ယောက်အနေနဲ့ လုပ်ကိုင်နေလျက်ရှိကြောင်း သိရှိရပါတယ်။

Source: world ofbuzz