တစ်ပတ်စာ မိုးလေဝသ အခြေအနေအကြောင်း ဖော်ပြချက် ( မိုးဇလ ပညာရှင် ဦးချစ်ကျော်)




UNICODE

လာမယ့် ဒီဇင်ဘာ ၃ ရက် ကနေ ၇ ရက်အတွင်းမှာလည်း ဘင်္ဂလား ပင်လယ်တော င်ပိုင်းမှာ နောက်တကြိမ်လေဖိအားနည်းရပ်ဝန်းတခု ထပ်မံအစပျိုးလာနိုင်သဖြင့် ရေလုပ်သားများသတိပြုလုပ်ဆောင်စေလိုပါတယ်။ နောက်တပါတ်မှာ ထပ်မံတင်ပြပါမယ်။ လက်ရှိအခြေ အနေကတော့ ကြိုတင်မှန်းဆထာ းခဲ့ကြသ လိုဘဲ ဘင်္ဂလား ပင်လယ်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး နောက် ၂၄ နာရီလောက်မှာ မုန်တိုင်းငယ် အဆင့်ရောက်နိုင်ပြီး ဒီဇင်ဘာ ၂ ရက်လောက်မှာ အိန္ဒိယ/သီရီလင်္ကာ ဘက်ကိုဘဲ ထပ်ဖြတ်အုံးမှာ ဖြစ် ပါတယ်။

မြန်မာဘက် မှာ အဲ့ဒီရက် အအေးနည်းနည်းပြန်ပေါ့နိုင်ပြီး ရခိုင်ပြည်နယ် ချင်းပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း ပဲခူးတိုင်းတွေမှာ မ နက်ပိုင်း မြူထူများ ခပ်ထူထူကျရောက်နိုင်ပါတယ်။ ဧရာဝတီ ရန်ကုန်တိုင်းတွေမှာတော့ မြူထူ ပါးပါးကျရောက်နိုင်ပါတယ်။ မိုးအနေနဲ့ ဒီဇင်ဘာ ၁ ရက် ကနေ ၄ ရက်မှာ ရှမ်းပြည်နယ် ကယားပြည်နယ် တနင်္သာရီတိုင်းတွေမှာ ကွက်ကျားမိုး မိုးသေးမိုးဖွဲ ရွာနိုင်ပါတယ်။ ဒီ ဇင်ဘာ ၅ ရက် ကနေ ၇ ရ က် အတွင်းမှာတော့ အဲ့ဒီဒေသတွေအပြင် ဧရာဝတီတိုင်း ပဲခူးတိုင်း ရခိုင်တောင်ပိုင်းတွေပါ မိုးသေးမိုးဖွဲ ကွက် ကျားရွာနိုင်ပါကြောင်း အသိပေးလိုပါတယ်။

source : ဦးချစ်ကျော် (မိုးဇလ)