ဒီဇင္ဘာလ ထဲ ခရီးသြား လုပ္ငန္းေတြ ျပန္စႏိုင္ဖို႔ အစိုးရ ျပင္ဆင္ေနၿပီဟု သိရ

ျမန္မာႏိုင္ငံထဲ ျပည္ပဧည့္သည္ ဝင္ေရာက္မႈကေတာ့ ၂၀၁၉ နဲ႔ ၂၀၂၀ ႏွစ္ႏွစ္ကို (၁)လပိုင္းကေန (၁၀)လပိုင္းအထိ ကာလတူ ႏႈိင္းယွဥ္ခ်ိန္ မွာေတာ့ ၂၀၂၀ မွာ (၇၅) ရာခိုင္ႏႈန္းအထိက်ဆင္းခဲ့တယ္လို႔ အစိုးရရဲ႕ ကိုဗစ္ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း စီးပြားေရးက႑ သက္ ေရာက္မႈစစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ခရီးသြားလုပ္ငန္းေတြျပန္စတင္ႏိုင္ဖို႔ အေပ်ာ္စီးေလယာဥ္ ခရီးစဥ္၊ ျမစ္တြင္း သဘၤာခရီးစဥ္၊ ကုန္တြင္းယာဥ္တန္းနဲ႔ အဏၰဝါခရီးသြား လုပ္ငန္းေတြကို သတ္မွတ္ထားတဲ့စံသတ္မွတ္ခ်က္အတိုင္းလုပ္ႏိုင္ဖို႔။ဒီဇင္ဘာလထဲ ေဆာင္႐ြက္သြားမယ္ လို႔ ဒီေန႔ ဒီဇင္ဘာလ (၂) ရက္ေန႔ရက္စြဲနဲ႔ ၫႊန္ၾကားစာတစ္ေစာင္ ထြက္လာပါတယ္။

အဲဒီစာထဲမွာ ေတာ့ ျမန္မာႏိုင္ ငံခရီးသြားလုပ္ငန္း အဖြဲ႕ခ်ဳပ္နဲ႔ ညီေနာင္အသင္းသားေတြအေနနဲ႔ အဲဒီခရီးစဥ္ေတြကို ႀကိဳတင္ျပင္ဆင္ထား ဖို႔နဲ႔ ခရီးစဥ္ ေတြျဖစ္ေျမာက္ေအာင္ ဝိုင္းဝန္းႀကိဳးစားၾကဖို႔လည္း ၫႊန္ၾကားထားပါတယ္။“စာကေတာ့ တရားဝင္ၫႊန္ၾကားထားပါတယ္။ ဒါကေတာ့ အခုစဖြင့္ေပးတာကို ႀကိဳဆိုတယ္ ဝန္ႀကီးဌာနက လမ္းစဖြင့္ေပးတဲ့သေဘာေပါ့ ။

အခက္ခဲေတြ ကေတာ့ရွိမယ္။ ကိုဗစ္ကာလ ဆိုေတာ့ ခရီးသြားကေတာ့ ရွိေသးမွာ မဟုတ္ဘူး။”လို႔ Nature Dream Travels and tours ပိုင္ရွင္ မစံပယ္ေအာင္က O Media ကို ေျပာပါတယ္။

#Omedia #Covid19 #Myanmar #Tourism #PH

UNICODE

မြန်မာနိုင်ငံထဲ ပြည်ပဧည့်သည် ဝင်ရောက်မှုကတော့ ၂၀၁၉ နဲ့ ၂၀၂၀ နှစ်နှစ်ကို (၁)လပိုင်းကနေ (၁၀)လပိုင်းအထိ ကာလတူ နှိုင်းယှဉ်ချိန် မှာတော့ ၂၀၂၀ မှာ (၇၅) ရာခိုင်နှုန်းအထိကျဆင်းခဲ့တယ်လို့ အစိုးရရဲ့ ကိုဗစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း စီးပွားရေးကဏ္ဍ သက် ရောက်မှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ခရီးသွားလုပ်ငန်းတွေပြန်စတင်နိုင်ဖို့ အပျော်စီးလေယာဉ် ခရီးစဉ်၊ မြစ်တွင်း သင်္ဘာခရီးစဉ်၊ ကုန်တွင်းယာဉ်တန်းနဲ့ အဏ္ဏဝါခရီးသွား လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့စံသတ်မှတ်ချက်အတိုင်းလုပ်နိုင်ဖို့။ဒီဇင်ဘာလထဲ ဆောင်ရွက်သွားမယ် လို့ ဒီနေ့ ဒီဇင်ဘာလ (၂) ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားစာတစ်စောင် ထွက်လာပါတယ်။

အဲဒီစာထဲမှာ တော့ မြန်မာနိုင် ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နဲ့ ညီနောင်အသင်းသားတွေအနေနဲ့ အဲဒီခရီးစဉ်တွေကို ကြိုတင်ပြင်ဆင်ထား ဖို့နဲ့ ခရီးစဉ် တွေဖြစ်မြောက်အောင် ဝိုင်းဝန်းကြိုးစားကြဖို့လည်း ညွှန်ကြားထားပါတယ်။“စာကတော့ တရားဝင်ညွှန်ကြားထားပါတယ်။ ဒါကတော့ အခုစဖွင့်ပေးတာကို ကြိုဆိုတယ် ဝန်ကြီးဌာနက လမ်းစဖွင့်ပေးတဲ့သဘောပေါ့ ။

အခက်ခဲတွေ ကတော့ရှိမယ်။ ကိုဗစ်ကာလ ဆိုတော့ ခရီးသွားကတော့ ရှိသေးမှာ မဟုတ်ဘူး။”လို့ Nature Dream Travels and tours ပိုင်ရှင် မစံပယ်အောင်က O Media ကို ပြောပါတယ်။

#Omedia #Covid19 #Myanmar #Tourism #PH