ကိုဗစ္-19 ေၾကာင့္ ပန္းေသ ၊ ပန္းညႇိးျခင္း မ်ား ျဖစ္ ေပၚႏိုင္ေၾကာင္း ကူးစက္ေရာဂါဆိုင္ရာ ကြၽမ္းက်င္သူေျပာၿပီ

အေမရိကန္ရွိ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရး စင္တာမ်ားက ကို႐ိုနာဗိုင္းရပ္စ္ ၏ အျဖစ္မ်ားဆုံး လကၡဏာ မ်ားမွာ အျဖစ္ ပင္ပန္း ႏြမ္းနယ္ျခင္း၊ အသက္ရႉက်ပ္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အနံ႔ႏွင့္ အရသာ ျပႆနာမ်ား ႀကဳံရျခင္း၊ အိပ္စက္ျခင္း၊ အာ႐ုံစူးစိုက္မႈ အခက္အခဲ၊ စိတ္က်ေရာဂါ၊ ေခါင္းကိုက္ျခင္း၊ အာ႐ုံေၾကာ နာက်င္မႈမႈ ျဖစ္ပြားျခင္းတို႔ ျဖစ္သည္ဟု ဆိုသည္။အနံ႔မရျခင္းသည္ အမ်ားစု ႀကဳံေတြ႕ရ တတ္ေသာ ဘုံလကၡဏာ ျဖစ္ေနသည္။ကို႐ိုနာ ဗိုင္းရပ္စ္၏ အက်ိဳးသက္ေရာက္မႈသည္ လႏွင့္ခ်ီ ၾကာရွည္ ႏိုင္ေၾကာင္း သိၿပီး ျဖစ္သည္။

COVID-19 သည္ အဆုတ္၊ ႏွလုံးႏွင့္ ဦး ေႏွာက္တို႔ကို ထိခိုက္ ပ်က္စီးေစႏိုင္သည္။ယခုအခါ ပန္းညႇိးျခင္း (Erectile dysfunction )ဆို သည့္ ေရာဂါ လကၡဏာ သစ္တစ္ခုႏွင့္ ပတ္သက္၍ သတိေပးခ်က္မ်ား ထြက္ေပၚလာသည္။ ကူးစက္ေရာဂါဆိုင္ရာ ကြၽမ္းက်င္သူ ေဒါက္ တာ Dena Grayson က NBC 5 Chicago ႏွင့္ မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ အင္တာဗ်ဴးတြင္ ဗိုင္းရပ္စ္သည္ ခြန္အားမရွိဘဲ မစြမ္း ေဆာင္ႏိုင္သည့္ ဘက္သို႔ ဦးတည္သြားႏိုင္သည့္ ျဖစ္ႏိုင္ေျခကို မီးေမာင္းထိုးျပခဲ့သည္။

‘ဒီေနရာမွာ အမ်ိဳးသားေတြက ဗိုင္းရပ္စ္ေၾကာင့္ Erectile ကေမာက္ကမမႈေတြ ျပႆနာေတြ ရွိႏိုင္တယ္ ဆိုတာ တကယ္ကို စိုးရိမ္စရာ ပါ။ဒီေတာ့ ဒီဗိုင္းရပ္စ္ပိုးက ေသေစႏိုင္႐ုံ သာမက ေရရွည္၊ တစ္သက္တာလုံး ရႈပ္ေထြးေစႏိုင္တယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္တြက္ ထားသင့္တယ္” ဟုဆိုသည္ စိတ္ထင္တိုင္း မစြမ္းႏိုင္ျခ င္းသည္ ေယာက္်ားမ်ားတြင္ အမ်ားဆုံး ေတြ႕ရေလ့ရွိေသာ လိင္ျပႆနာ ျဖစ္သည္။

CRD_မင္းသုတဟန္

UNICODE

အမေရိကန်ရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများက ကိုရိုနာဗိုင်းရပ်စ် ၏ အဖြစ်များဆုံး လက္ခဏာ များမှာ အဖြစ် ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့နှင့် အရသာ ပြဿနာများ ကြုံရခြင်း၊ အိပ်စက်ခြင်း၊ အာရုံစူးစိုက်မှု အခက်အခဲ၊ စိတ်ကျရောဂါ၊ ခေါင်းကိုက်ခြင်း၊ အာရုံကြော နာကျင်မှုမှု ဖြစ်ပွားခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။အနံ့မရခြင်းသည် အများစု ကြုံတွေ့ရ တတ်သော ဘုံလက္ခဏာ ဖြစ်နေသည်။ကိုရိုနာ ဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှုသည် လနှင့်ချီ ကြာရှည် နိုင်ကြောင်း သိပြီး ဖြစ်သည်။

COVID-19 သည် အဆုတ်၊ နှလုံးနှင့် ဦး နှောက်တို့ကို ထိခိုက် ပျက်စီးစေနိုင်သည်။ယခုအခါ ပန်းညှိးခြင်း (Erectile dysfunction )ဆို သည့် ရောဂါ လက္ခဏာ သစ်တစ်ခုနှင့် ပတ်သက်၍ သတိပေးချက်များ ထွက်ပေါ်လာသည်။ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက် တာ Dena Grayson က NBC 5 Chicago နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဗိုင်းရပ်စ်သည် ခွန်အားမရှိဘဲ မစွမ်း ဆောင်နိုင်သည့် ဘက်သို့ ဦးတည်သွားနိုင်သည့် ဖြစ်နိုင်ခြေကို မီးမောင်းထိုးပြခဲ့သည်။

‘ဒီနေရာမှာ အမျိုးသားတွေက ဗိုင်းရပ်စ်ကြောင့် Erectile ကမောက်ကမမှုတွေ ပြဿနာတွေ ရှိနိုင်တယ် ဆိုတာ တကယ်ကို စိုးရိမ်စရာ ပါ။ဒီတော့ ဒီဗိုင်းရပ်စ်ပိုးက သေစေနိုင်ရုံ သာမက ရေရှည်၊ တစ်သက်တာလုံး ရှုပ်ထွေးစေနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်တွက် ထားသင့်တယ်” ဟုဆိုသည် စိတ်ထင်တိုင်း မစွမ်းနိုင်ခြ င်းသည် ယောက်ျားများတွင် အများဆုံး တွေ့ရလေ့ရှိသော လိင်ပြဿနာ ဖြစ်သည်။

CRD_မင်းသုတဟန်