အူအတွင်းပိုးဝင်ခြင်း ၊ကျောက်တည်ခြင်း၊ယားနာ၊ သရက်ရွက်ကြီးခြင်း အတွက် ဆေးကောင်းတစ်လက်
UNICODE
ရေဖျဉ်းရောဂါအတွက် အသီး သတ္ထုရည် ၁ိ ၈ ပဲသား တွင် ပျား ရည် အနည်းငယ် ထည့်သောက်ပါက ဝမ်းသက်ပြီး ရေဖျဉ်းရောဂါ ပျောက်ကင်း၏။ကာလဝမ်းရောဂါအတွက် အသီးသတ္ထုရည်ကို ဆီနှင့်ရောသောက်ကပျောက်ကင်း၏ လည်ချောင်းနာ အသီးခြောက်ကိုသွေးပြီး လူးသော်လည်ခြောင်းရောင်သော ရောဂါပျောက်စေ၏။ ကျောက်တည်ရော ဂါအတွက်အရွက်စိမ်း သတ္ထုရည်ကို ၂ိ ၄ ပဲသား ဒိန်ရည် ၁ိ ၈ ပဲကိုရောသောက်လျှင်ကျောက်တည်ရောဂါ ပျောက်ကင်း ၏။ ၎င်းနောက် ဆန်ပုန်းရည် ၃ိ သားမျှ ဆက်သောက်ပါ၊ ၃ ရက်ဆက် မှီဝဲပြီး နောက် ၃ ရက်နားနေပါ၊
နောက် ၄ ရက် ဆက်သောက်ပါ၊ ၄ ရက်နားနေပါ၊ နောက် ၅ ရက်သောက် ၅ ရက်နား ၊ ၆ ရက် သောက် ၆ ရက်နား ၊ ၇ ရက်ဆက် သောက်သော် ကျောက်တည်ရောဂါစင်ကြယ်စွာပျောက်ကင်းစေသည်။ပိုးရောဂါအတွက် အူအတွင်းရှိ သော ပိုးများ ၎င်းသတ္ထုရည်သောက်လျှင် ပျောက်ကင်းသည်။ပါးစပ်ကွဲလောင်ခြင်းအတွက် ၎င်းသတ္ထုရည်ကို မြေဖြူ မှုန့်နှင့်ရောပွတ်ပေးလျှင် ပျောက်သည်။ယားနာ…အတွက် အပင်၏ ပဥ္စငါးပါးကို သစ်ကြပိုးခေါက် ပိတ်ချင်း၊ ဆန်၊ဗာဒံ စေ့၊ရောပြီးလူးပေးပါကယားနာလို အရေပြားရောဂါပျောက်၏။
ကိုယ်ရေဝါရောဂါအတွက် အရွက်သတ္ထုရည်နှင့် ဖန်ခါးသီးသွေးသောက်သော် ပျောက်ကင်းစေသည်။ အဆစ်ယောင် ရောဂါအတွက် အသီးနုများ၏ သတ္ထုရည်ကို မီးပေါ်မှာ နွှေးပြီး လိမ်းသော် အဆစ်ယောင်ရောဂါ ပျောက်ကင်းစေ သည်။သရက်ရွက်ကြီးသောရောဂါအတွက် အသီးသတ္ထုရည်ကို မုန်ညှင်းစေ့ ထည့်ထောင်း ရောသောက်လျှင် ပျောက် စေသည်။