မြန်မာနိုင်ငံအတွင်းက အမျိုးသားထုကြီး အတွက် စိုးရိမ်စရာ ဖြစ်လာတဲ့ အမျိုးသမီး လူလိမ်ဂိုဏ်း





UNICODE

ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေကို tag တွဲလို့မရအောင် ၊ကိုယ့် time line ထဲကိုဝင်ရေးလို့မရအောင် privacy and security setting တွေကို only me တွေချည်းလုပ်ထားလိုက်ရင် သူတို့အလွယ်တကူ ဒုက္ခပေးလို့မရတော့သလို ကိုယ့် friend list ထဲက friend တွေကို ကာကွယ်ပေးရာလည်းရောက်ပါတယ်။ Cyber Threat ရန်ဘေး ကင်းစင် ဝေး ငြိမ်းအေးကြပါစေ ။ ဒုက္ခပေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ။ဒီလောက်သတိပေးနေတဲ့ကြားက သူငယ်ချင်း တစ်ယောက်တော့ထိ သွားပြန်ပြီ ….တော်သေးတယ် ကျွန်တော်အရင်က တင်တဲ့ ပို့စ်ကိုဖတ်ထားမိလို့။

နည်းနည်းဘဲ ရှပ်ထိသွားတာ ။သူ့ဆီကို Ei Ei Zaw ဆိုတဲ့ကောင်မလေးက Friend request လာလုပ်လို့ လက်ခံလိုက် မိပါသတဲ့။ခနနေတော့ ထုံးစံအတိုင်း Hi အကို နေကောင်းလား ဘာလားပေါ့ ။ …ခနနေတော့ အကိုတစ်ယောက် ထဲ လား ၊ ညီ မပျင်းနေလို့ Vcall ခေါ်လို့ရလားပေါ့ ။ သူက မရဘူး ဘေးမှာ မိန်းမနဲ့ ကလေးတွေ ရှိနေလို့ အဆင်မပြေ ဘူးပါ့ ။ဒါနဲ့ အာ့ဆို ညီမတစ်ယောက်တည်းပျင်းနေလို့ စိတ်ကလည်းတအားလာနေလို့ အကို့ကိုညီမ ခနလေး V Call ခေါ်လိုက် မယ် အိမ်သာထဲခန ဝင်လိုက်ပါလား ဆိုပြီး ရေလာ မြောင်းပေးလုပ်သတဲ့ …။

အဲ့မှာတင် သူက အရင်ကျွန်တော်တင် ထားတဲ့ ပို့စ်ကို ဖတ်ထားဘူးတော့ သူတို့ခိုင်းသမျှ ဟိုလိုလုပ်ပြ ဒီလိုလုပ်ပြ ဆို တာတွေ။မလုပ်တော့ဘဲ V call ကို အမြန်ချလိုက်ပါသတဲ့ ။ဒါပေမဲ့ ခနနေတော့ အောက်မှာ ခြိမ်းခြောက်စာတွေ ဒလ စပ် ဝင်လာတော့တယ်ဆိုဘဲ ။ဒါ့ကြောင့် ယေင်္ကျား ၁၀၀ မှာ ၉၀ ကဘူး ၊ ၁၀ က ဒူး ဆိုပေမဲ့ သတိနဲ့ ဘူးကြပါလို့ ဒုတိ ယမ္ပိ သတိထပ်ပေးလိုက်ကြောင်းပါ ။ သူတို့ Target ထားတာက ချမ်းသာသူတွေ ၊ ရာထူးကြီးသူတွေ ၊ လုပ်ငန်းရှင် တွေပါ ။ အုပ်စုနဲ့ လှုပ်ရှားနေတာ။ ခြိမ်းခြောက်စာတွေအများကြီးကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း ဒရစပ် တင်နေတာ။

ကြည့်ခြင်းအားဖြင့် အုပ်စုဖွဲ့ ကြိုတင်ကြံစည်မှုဆိုတာ သိသာပါတယ် ။ အမျိုးသမီးပုံနဲ့ account ကတော့အမျိုးမျိုး ပြောင်းနေပေမဲ့ သူတို့ ပို့ တဲ့ message တွေက အားလုံးတထေရာတည်းဘဲ ။ ဒါကြောင့် အမျိုးသမီးပုံနဲ့ account လာadd ရင်သတိကြီးစွာထားပြီးလက်ခံကြပါ ။လိင်စိတ်နှိုးဆွတဲ့ chatting တွေလာလုပ်ပြီး Vcall ခေါ်လာရင်လုံး ဝမကိုင်ဘဲ တန်းပြီး block လိုက်တာအန္တရာယ်အကင်းဆုံးပါဘဲ။ နောက်တစ်ခုက ကိုယ့် friend list ထဲဝင်ကြည့် လို့မရအောင် လုပ်ထားလိုက်ပါ။အမျိုးသားထုကြီး အန္တရာယ်ကင်းကြပါစေ။