ျမန္မာေတြ အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ေန တဲ့ ကိုဗစ္ ကာကြယ္ေဆးနဲ႔ ႏိုင္ငံတကာမွာ လက္ရွိျဖစ္ေပၚေနတဲ့ ဂယက္မ်ား

ကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး အခ်ိဳ႕ ကာကြယ္ေဆး ထုတ္လုပ္တဲ့ ကုမၸဏီမ်ားက ၎တို႔၏ ေဆးသည္ ၉၀% ထိေရာက္မႈ ရွိေနတယ္လို႔ ဆို ေပမယ့္ Oxford-AstraZeneca ေဆးသည္ ၇၀% သာ ထိေရာက္မႈ ရွိတာကို ေတြ႕ရွိခဲ့ရတယ္လို႔ ေလ့လာေစာင့္ၾကည့္ေရး အဖြဲ႕၏စစ္ တမ္းကို မေန႔က ထုတ္ျပန္လိုက္ပါတယ္။ ယူေအအီးမွာ ေနာက္ဆုံးအဆင့္ စမ္းသပ္ခံ ထိုးေနတဲ့ တ႐ုတ္ ကာကြယ္ေဆး Sinophram မွာ ၈၆% အထိ ထိေရာက္မႈ ရွိေၾကာင္း သတင္းထုတ္ျပန္တယ္လို႔ ေဝါစထရိ ဂ်ာနယ္မွာ ေဖၚျပထားပါတယ္။ သို႔ေသာ္ ကာယကံရွင္ ကုမၸဏီ ကေတာ့ ယူေအအီး ၏ ဝမ္းသာအားရ ေၾကညာခ်က္ အေပၚ မည္သို႔မွ် ထင္ျမင္ခ်က္ မေပးဘဲ ေရငုံႏႈတ္ပိတ္ေနပါတယ္။ ထိုေဆးကို တ႐ုတ္ျပည္တြင္း လူတသန္း ခန႔္ ထိုးၿပီး ျဖစ္ေသာ္လည္း ထိေရာက္မႈ ရွိမရွိ၊ စိတ္ခ်ရမႈ ရွိမရွိ ဘာသတင္းမွ ထုတ္ျပန္ျခင္း မရွိေသးဘူး။

Sinophram ကာကြယ္ေဆးကေတာ့ အပူခ်ိန္ ၂ ဒီဂရီ ႏွင့္ ရွစ္ ဒီဂရီ ဆဲလ္ရွပ္စ္ မွာ သိုေလွာင္ထားလို႔ ရတယ္ လို႔ ေျပာခဲ့ပါတယ္။ ႏိုင္ငံတ ကာ သိပၸံပညာရွင္မ်ားအေနနဲ႔ ၅၀% ေက်ာ္ရင္ လူထု ကို ကာကြယ္ဖို႔ သုံးရန္ လိုအပ္တယ္လို႔ ယူဆထားၾကပါ တယ္။ ျမန္မာျပည္တြင္ ကိုဗစ္ သည္ ဆူနာမီအလား အရွိန္အဟုန္ျပင္းစြာ ျဖင့္ ထိုးေဖာက္လွ်က္ ရွိေနသည္ဟု ေျပာဆိုေနၾကၿပီး ကေနဒါ ရွိ ကြၽန္ေတာ္ေနထိုင္ရာ ျပည္နယ္မွာေတာ့လူဦးေရ ၄.၄ သန္း ရွိေသာ္လည္း ေန႔စဥ္ ကူးစက္မႈသည္ ပွ်မ္းမ် ၁,၈၀၀ ခန႔္ ရွိေနတဲ့ အတြက္။ျမန္မာနဲ႔ စာရင္ အပုံႀကီး ဆိုးေနတယ္လို႔ ေျပာလို႔ရပါတယ္။ သို႔ေသာ္လည္း ေနာက္တပတ္အတြင္း ဖိုင္ဇာ ေဆးကို က်န္းမာေရး ဝန္ထမ္း မ်ားကို စထိုးေပးေတာ့ မယ္လို႔ ဒီေန႔ေၾကညာ သြားပါတယ္။ႏိုင္ငံ လူဦး၏ ၂၀ ရာႏႈန္း အတြက္ လုံေလာက္မည့္ ကိုဗစ္ ကာကြယ္ေဆး ကို လာမည့္ ႏွစ္အတြင္း ။

ကမာၻက်န္း မာေရး အဖြဲ႕၏ COVAX အစီအစဥ္ ျဖင့္ ရရွိႏိုင္မည္ဟု က်န္းမာေရး ဝန္ႀကီး ဦးျမင့္ေထြးက တနလၤာေန႔ မွာ ေျပာသြားခဲ့ပါ တယ္။ COVAX သည္ ကာကြယ္ေဆး ေဖၚစပ္ရန္ ႏွင့္ ႏိုင္ငံအားလုံး ညီတူမွ်တူ ရရွိႏိုင္ေရး ႏိုင္ငံတကာ ပ႐ိုဂရမ္ တခု ျဖစ္ပါတယ္။ ထို႔အ တြက္ COVAX အစီအစဥ္ႏွင့္ ပူးတြဲ လုပ္ေဆာင္ေနတဲ့ ဆြစ္ဇာလန္ အေျခစိုက္ GAVI နဲ႔ ျမန္မာဖက္က ေပးရမယ့္။ ကုန္က်စရိတ္၊ ရရွိ ႏိုင္မည့္ ပမာဏ၊ ဦးစားေပး အဆင့္၊ ပို႔ေဆာင္ သိုေလွာင္ေရး၊ ႏိုင္ငံအတြင္းရွိ ေဆး႐ုံ ေဆးခန္းမ်ား အထိ ျဖန႔္ေဝႏိုင္မႈ အစရွိသည့္ လုပ္ငန္း မ်ား အတြက္ လာမည့္ႏွစ္ ဧၿပီလ အတြင္း စတင္ႏိုင္ဖို႔ အစီအစဥ္မ်ား ေရးဆြဲထားၿပီး ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ပထမ ႏွစ္မွာ လူဦး ေရ ၂၀ ရာႏႈန္းအတြက္သာ ရရွိႏိုင္ဦးမွာ ျဖစ္လို႔ လူ ငါးေယာက္လွ်င္ တေယာက္ ႏႈန္း ထိုးႏိုင္မွာ ျဖစ္ပါတယ္။

ေဆးက လည္း တခ်ိန္တည္းမွာ စုၿပဳံေရာက္ရွိလာႏိုင္မယ့္ အေနအထား မရွိေသးပါဘူး။ GAVI ဖက္ကလည္း ျမန္မာ အတြက္ ေဈးႏႈန္း ခ်ိဳခ်ိဳသာ သာ သို႔မဟုတ္ အခမဲ့ ေပးႏိုင္ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ အမ်ိဳးသား ကာကြယ္ေဆး ဆိုင္ရာ အႀကံေပး ဘုတ္အဖြဲ႕မွ ေဒါက္တာ ေစာဝင္း အဆိုအရ GAVI မွ လူတဦး အတြက္ ၅ ေဒၚလာ နဲ႔ ရ ေအာင္ ေရာင္းခ်ေပးဖို႔ ရွိေနၿပီး ၂၀၂၁ ဒုတိယ ေလးလ ပတ္ ကာလအတြင္း လူဦးေရ၏ ၃ %၊ ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ၁၇% ထိုးေပးႏိုင္ဖို႔ ရွိတယ္လို႔ သိရပါတယ္။ ဒီအတြက္ လိုအပ္တဲ့ အဆိုျပဳခ်က္ ေတြကို GAVI ထံ တင္သြင္းလိုက္ၿပီလို႔ လည္း ဆိုပါတယ္။ဦးစားေပး အျဖစ္ လူနာမ်ား ႏွင့္ ထိေတြ႕ဆက္ဆံေနရတဲ့ က်န္းမာေရးဝန္ထမ္း ေတြရဲ႕ ပ်ံ႕ႏွံ႔မႈ အေပၚ မူတည္ၿပီး ေရာဂါခံႏိုင္ရည္ မရွိတဲ့ သက္ႀကီး ႐ြယ္ အိုမ်ားကို ဦးစားေပး ထိုးေပးမယ္လို႔ ဝန္ႀကီးက ေျပာပါ တယ္။

GAVI က ေထာက္ပံ့ေပးမႈအျပင္ ႏိုင္ငံေတာ္မွလည္း မိမိတို႔ ေငြအား၊ ကမာၻဘဏ္ ေခ်းေငြမ်ား အသုံးျပဳၿပီး ကာကြယ္ေဆးကို ဝယ္ယူဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ တဖက္ကလည္း ေဆးထုတ္လုပ္တဲ့ ႏိုင္ငံေတြ၊ ကုမၸဏီေတြ နဲ႔ တိုက္႐ိုက္ ဆက္သြယ္ ဝယ္ယူႏိုင္ဖို႔ ႏွစ္ဖက္ သေဘာတူညီခ်က္ ေတြ ရရွိေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ႐ုံး ပိတ္ရက္မ်ားတြင္ အျပင္မထြက္ဘဲ အိမ္တြင္းမွာ ေနၾကဖို႔ သတိေပးေနပါတယ္။ ေဒါက္တာေစာဝင္းမွ ကာကြယ္ေဆး ထြက္ရွိလာေသာ္ လည္း ၂၀% ေလာက္သာ ထိုးေပးႏိုင္ဦးမွာမို႔ က်န္ ၈၀% အဖို႔ အႏၲရာယ္ ရွိေနဆဲ ျဖစ္လို႔ သတိဝိရိယ နဲ႔ ေနဖို႔ တိုက္တြန္းခဲ့ပါတယ္။ လက္ရွိမွာ ကာကြယ္ေဆး ၅၈ မ်ိဳးကို စမ္းသပ္ေနတဲ့ အဆင့္ ရွိေနၿပီး ။

မေန႔က ၿဗိတိန္ တြင္ အသက္ ၉၁ အ႐ြယ္ရွိ အဖြားအို တဦးအား ဖိုင္ဇာ ကာကြယ္ေဆးကို စတင္ ထိုးေပးလိုက္ျခင္းျဖင့္ ၿဗိတိသွ် တို႔၏ ကိုဗစ္ ကာကြယ္ေဆး ထိုးေပးတဲ့ အစီအစဥ္ကို စတင္လိုက္ၿပီ ျဖစ္ပါတယ္။ ထိုလူမ်ားအား ေနာက္ထပ္ ၂၁ ရက္ ျခားၿပီး ေနာက္တႀကိမ္ ထပ္မံ ထိုးေပးရဦးမွာ ျဖစ္ပါတယ္။ အထိုးခံၿပီးသူမ်ားထဲက ႏွစ္ဦးသည္ ဓါတ္မတည့္တဲ့ လကၡဏာေတြ ဆိုးဆိုးဝါးဝါး ျပလာေပမယ့္ ျပန္ လည္ က်န္းမာလာတယ္လို႔ ၿဗိတိသွ် အမ်ိဳးသား က်န္းမာေရး (NHS) က ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။

လွစိုးေဝ

UNICODE

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး အချို့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီများက ၎င်းတို့၏ ဆေးသည် ၉၀% ထိရောက်မှု ရှိနေတယ်လို့ ဆို ပေမယ့် Oxford-AstraZeneca ဆေးသည် ၇၀% သာ ထိရောက်မှု ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ လေ့လာစောင့်ကြည့်ရေး အဖွဲ့၏စစ် တမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ယူအေအီးမှာ နောက်ဆုံးအဆင့် စမ်းသပ်ခံ ထိုးနေတဲ့ တရုတ် ကာကွယ်ဆေး Sinophram မှာ ၈၆% အထိ ထိရောက်မှု ရှိကြောင်း သတင်းထုတ်ပြန်တယ်လို့ ဝေါစထရိ ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ သို့သော် ကာယကံရှင် ကုမ္ပဏီ ကတော့ ယူအေအီး ၏ ဝမ်းသာအားရ ကြေညာချက် အပေါ်  မည်သို့မျှ ထင်မြင်ချက် မပေးဘဲ ရေငုံနှုတ်ပိတ်နေပါတယ်။ ထိုဆေးကို တရုတ်ပြည်တွင်း လူတသန်း ခန့် ထိုးပြီး ဖြစ်သော်လည်း ထိရောက်မှု ရှိမရှိ၊ စိတ်ချရမှု ရှိမရှိ ဘာသတင်းမှ ထုတ်ပြန်ခြင်း မရှိသေးဘူး။

Sinophram ကာကွယ်ဆေးကတော့ အပူချိန် ၂ ဒီဂရီ နှင့် ရှစ် ဒီဂရီ ဆဲလ်ရှပ်စ် မှာ သိုလှောင်ထားလို့ ရတယ် လို့ ပြောခဲ့ပါတယ်။ နိုင်ငံတ ကာ သိပ္ပံပညာရှင်များအနေနဲ့ ၅၀% ကျော်ရင် လူထု ကို ကာကွယ်ဖို့ သုံးရန် လိုအပ်တယ်လို့ ယူဆထားကြပါ တယ်။ မြန်မာပြည်တွင် ကိုဗစ် သည် ဆူနာမီအလား အရှိန်အဟုန်ပြင်းစွာ ဖြင့် ထိုးဖောက်လျှက် ရှိနေသည်ဟု ပြောဆိုနေကြပြီး ကနေဒါ ရှိ ကျွန်တော်နေထိုင်ရာ ပြည်နယ်မှာတော့လူဦးရေ ၄.၄ သန်း ရှိသော်လည်း နေ့စဉ် ကူးစက်မှုသည် ပျှမ်းမျ ၁,၈၀၀ ခန့် ရှိနေတဲ့ အတွက်။မြန်မာနဲ့ စာရင် အပုံကြီး ဆိုးနေတယ်လို့ ပြောလို့ရပါတယ်။ သို့သော်လည်း နောက်တပတ်အတွင်း ဖိုင်ဇာ ဆေးကို ကျန်းမာရေး ဝန်ထမ်း များကို စထိုးပေးတော့ မယ်လို့ ဒီနေ့ကြေညာ သွားပါတယ်။နိုင်ငံ လူဦး၏ ၂၀ ရာနှုန်း အတွက် လုံလောက်မည့် ကိုဗစ် ကာကွယ်ဆေး ကို လာမည့် နှစ်အတွင်း ။

ကမ္ဘာကျန်း မာရေး အဖွဲ့၏ COVAX အစီအစဉ် ဖြင့် ရရှိနိုင်မည်ဟု ကျန်းမာရေး ဝန်ကြီး ဦးမြင့်ထွေးက တနင်္လာနေ့ မှာ ပြောသွားခဲ့ပါ တယ်။ COVAX သည် ကာကွယ်ဆေး ဖေါ်စပ်ရန် နှင့် နိုင်ငံအားလုံး ညီတူမျှတူ ရရှိနိုင်ရေး နိုင်ငံတကာ ပရိုဂရမ် တခု ဖြစ်ပါတယ်။ ထို့အ တွက် COVAX အစီအစဉ်နှင့် ပူးတွဲ လုပ်ဆောင်နေတဲ့ ဆွစ်ဇာလန် အခြေစိုက် GAVI နဲ့ မြန်မာဖက်က ပေးရမယ့်။ ကုန်ကျစရိတ်၊ ရရှိ နိုင်မည့် ပမာဏ၊ ဦးစားပေး အဆင့်၊ ပို့ဆောင် သိုလှောင်ရေး၊ နိုင်ငံအတွင်းရှိ ဆေးရုံ ဆေးခန်းများ အထိ ဖြန့်ဝေနိုင်မှု အစရှိသည့် လုပ်ငန်း များ အတွက် လာမည့်နှစ် ဧပြီလ အတွင်း စတင်နိုင်ဖို့ အစီအစဉ်များ ရေးဆွဲထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပထမ နှစ်မှာ လူဦး ရေ ၂၀ ရာနှုန်းအတွက်သာ ရရှိနိုင်ဦးမှာ ဖြစ်လို့ လူ ငါးယောက်လျှင် တယောက် နှုန်း ထိုးနိုင်မှာ ဖြစ်ပါတယ်။

ဆေးက လည်း တချိန်တည်းမှာ စုပြုံရောက်ရှိလာနိုင်မယ့် အနေအထား မရှိသေးပါဘူး။ GAVI ဖက်ကလည်း မြန်မာ အတွက် ဈေးနှုန်း ချိုချိုသာ သာ သို့မဟုတ် အခမဲ့ ပေးနိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အမျိုးသား ကာကွယ်ဆေး ဆိုင်ရာ အကြံပေး ဘုတ်အဖွဲ့မှ ဒေါက်တာ စောဝင်း အဆိုအရ GAVI မှ လူတဦး အတွက် ၅ ဒေါ်လာ နဲ့ ရ အောင် ရောင်းချပေးဖို့ ရှိနေပြီး ၂၀၂၁ ဒုတိယ လေးလ ပတ် ကာလအတွင်း လူဦးရေ၏ ၃ %၊ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ၁၇% ထိုးပေးနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအတွက် လိုအပ်တဲ့ အဆိုပြုချက် တွေကို GAVI ထံ တင်သွင်းလိုက်ပြီလို့ လည်း ဆိုပါတယ်။ဦးစားပေး အဖြစ် လူနာများ နှင့် ထိတွေ့ဆက်ဆံနေရတဲ့ ကျန်းမာရေးဝန်ထမ်း တွေရဲ့ ပျံ့နှံ့မှု အပေါ် မူတည်ပြီး ရောဂါခံနိုင်ရည် မရှိတဲ့ သက်ကြီး ရွယ် အိုများကို ဦးစားပေး ထိုးပေးမယ်လို့ ဝန်ကြီးက ပြောပါ တယ်။

GAVI က ထောက်ပံ့ပေးမှုအပြင် နိုင်ငံတော်မှလည်း မိမိတို့ ငွေအား၊ ကမ္ဘာဘဏ် ချေးငွေများ အသုံးပြုပြီး ကာကွယ်ဆေးကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ တဖက်ကလည်း ဆေးထုတ်လုပ်တဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ နဲ့ တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်ဖို့ နှစ်ဖက် သဘောတူညီချက် တွေ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရုံး ပိတ်ရက်များတွင် အပြင်မထွက်ဘဲ အိမ်တွင်းမှာ နေကြဖို့ သတိပေးနေပါတယ်။ ဒေါက်တာစောဝင်းမှ ကာကွယ်ဆေး ထွက်ရှိလာသော် လည်း ၂၀% လောက်သာ ထိုးပေးနိုင်ဦးမှာမို့ ကျန် ၈၀% အဖို့ အန္တရာယ် ရှိနေဆဲ ဖြစ်လို့ သတိဝိရိယ နဲ့ နေဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး ၅၈ မျိုးကို စမ်းသပ်နေတဲ့ အဆင့် ရှိနေပြီး ။

မနေ့က ဗြိတိန် တွင် အသက် ၉၁ အရွယ်ရှိ အဖွားအို တဦးအား ဖိုင်ဇာ ကာကွယ်ဆေးကို စတင် ထိုးပေးလိုက်ခြင်းဖြင့် ဗြိတိသျှ တို့၏ ကိုဗစ် ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ထိုလူများအား နောက်ထပ် ၂၁ ရက် ခြားပြီး နောက်တကြိမ် ထပ်မံ ထိုးပေးရဦးမှာ ဖြစ်ပါတယ်။ အထိုးခံပြီးသူများထဲက နှစ်ဦးသည် ဓါတ်မတည့်တဲ့ လက္ခဏာတွေ ဆိုးဆိုးဝါးဝါး ပြလာပေမယ့် ပြန် လည် ကျန်းမာလာတယ်လို့ ဗြိတိသျှ အမျိုးသား ကျန်းမာရေး (NHS) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

လှစိုးဝေ