ျမန္မာ မွာ ကိုဗစ္ကူးစက္မႈေတြ မ်ားျပားၿပီး ျမန္ဆန္ ေနရတဲ့ အေၾကာင္းရင္း အခ်က္အလက္ အမွန္ကို ထိုင္းပါေမာကၡ ေျပာၿပီ

ထိုင္းႏိုင္ငံအေနနဲ႔ AstraZeneca က ထုတ္တဲ့ ကာကြယ္ေဆး အလုံးေရ ၂၆ သန္းကို ဝယ္ဖို႔အတြက္ သေဘာတူထားၿပီးျဖစ္တဲ့အျပင္ ႏိုင္ ငံတြင္းမွာ ထုတ္ဖို႔ႀကိဳးစားေနတဲ့ ကာကြယ္ေဆးေတြလည္း ရွိေနပါတယ္။ ဒီအေတာအတြင္း ဗုဒၶဟူးေန႔က ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္ သူ ၁,၄၂၇ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၃ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားတာေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၂,၁၇၄ ဦးနဲ႔ ေရာဂါပိုး ကူးစက္ စုစုေပါင္း ၁၀၃,၁၆၆ ဦး ရွိသြားပါၿပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ကူးစက္ ျပန္႔ပြားေနတဲ့ ကိုဗစ္-၁၉ အမ်ိဳးအစားဟာ တျခားေနရာေတြ မွာ ျဖစ္ေနတဲ့ အမ်ိဳးအစားနဲ႔ မတူတဲ့အျပင္ ကူးစက္သူ လူနာေတြကို ေနာက္ေၾကာင္းျပန္လိုက္ဖို႔ ေကာင္းမြန္တဲ့စနစ္ ရွိမေနတာေၾကာင့္ ေရာဂါပိုးကူးစက္ ျမန္ဆန္ေနတာလို႔ ထိုင္းႏိုင္ ငံ၊ မဟီေဒါတကၠသိုလ္ ေဆးပညာဌာနမႉး ပါေမာကၡ ေဒါက္တာ ပရာဆစ္ ဝါတာနာပါက အဂၤါေန႔မွာ ေျပာပါတယ္။ ေရာဂါပိုး ကူးစက္ျပန္႔ ပြားေနတဲ့ေနရာေတြကေန ေ႐ႊ႕ေျပာင္း သြားလာေနသူ စုစုေပါင္းရဲ႕ ၅၀% ေအာက္ကိုသာ ေနာက္ေၾကာင္း လိုက္ႏိုင္တာမို႔ ျမန္မာႏိုင္ငံအ တြင္းမွာ ေရာဂါပိုးကူးစက္မႈဟာ အဆ ၂၀၀ အထိ ျဖစ္ေပၚေနတယ္လို႔ ေဒါက္တာ ဝါတာနာပါ က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ကူးစက္ျပန္႔ႏွံ႔ေနတဲ့ ေရာဂါပိုး အမ်ိဳးအစားဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ပထမဆုံး စတင္ျဖစ္ေပၚခဲ့တဲ့ တ႐ုတ္ႏိုင္ငံ၊ ဝူ ဟန္ၿမိဳ႕မွာေတြ႕ခဲ့တဲ့ D614 နဲ႔ လုံးဝ မတူဘူးလို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ ေရာဂါပိုး စတင္ေတြ႕ရွိတဲ့ မတ္လ ၂၃ ရက္ေန႔ကစလို႔ ေတြ႕ရွိ ခဲ့တဲ့ ေရာဂါပိုး အမ်ိဳးအစားေတြထဲမွာ အေနာက္ႏိုင္ငံမွာ လက္ရွိ ကူးစက္ ျပန္႔ႏွံ႔ေနတဲ့ G614 အမ်ိဳးအစားေတြလည္း ပါဝင္ေနတာကို ေတြ႕ ရတယ္လို႔ ဆိုပါတယ္။ ဒီ ေရာဂါပိုး အမ်ိဳးအစားဟာ မူရင္း ေရာဂါပိုးထက္ အဆ ၂၀ ကူးစက္မႈ ျမန္ဆန္တယ္လို႔ ဆိုပါတယ္။

UNICODE

ထိုင်းနိုင်ငံအနေနဲ့ AstraZeneca က ထုတ်တဲ့ ကာကွယ်ဆေး အလုံးရေ ၂၆ သန်းကို ဝယ်ဖို့အတွက် သဘောတူထားပြီးဖြစ်တဲ့အပြင် နိုင် ငံတွင်းမှာ ထုတ်ဖို့ကြိုးစားနေတဲ့ ကာကွယ်ဆေးတွေလည်း ရှိနေပါတယ်။ ဒီအတောအတွင်း ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ ရောဂါကူးစက် သူ ၁,၄၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာကြောင့် သေဆုံးသူ စုစုပေါင်း ၂,၁၇၄ ဦးနဲ့ ရောဂါပိုး ကူးစက် စုစုပေါင်း ၁၀၃,၁၆၆ ဦး ရှိသွားပါပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကူးစက် ပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ အမျိုးအစားဟာ တခြားနေရာတွေ မှာ ဖြစ်နေတဲ့ အမျိုးအစားနဲ့ မတူတဲ့အပြင် ကူးစက်သူ လူနာတွေကို နောက်ကြောင်းပြန်လိုက်ဖို့ ကောင်းမွန်တဲ့စနစ် ရှိမနေတာကြောင့် ရောဂါပိုးကူးစက် မြန်ဆန်နေတာလို့ ထိုင်းနိုင် ငံ၊ မဟီဒေါတက္ကသိုလ် ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာ ပရာဆစ် ဝါတာနာပါက အင်္ဂါနေ့မှာ ပြောပါတယ်။ ရောဂါပိုး ကူးစက်ပြန့် ပွားနေတဲ့နေရာတွေကနေ ရွှေ့ပြောင်း သွားလာနေသူ စုစုပေါင်းရဲ့ ၅၀% အောက်ကိုသာ နောက်ကြောင်း လိုက်နိုင်တာမို့ မြန်မာနိုင်ငံအ တွင်းမှာ ရောဂါပိုးကူးစက်မှုဟာ အဆ ၂၀၀ အထိ ဖြစ်ပေါ်နေတယ်လို့ ဒေါက်တာ ဝါတာနာပါ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကူးစက်ပြန့်နှံ့နေတဲ့ ရောဂါပိုး အမျိုးအစားဟာ ကိုရိုနာ ဗိုင်းရပ်စ် ပထမဆုံး စတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူ ဟန်မြို့မှာတွေ့ခဲ့တဲ့ D614 နဲ့ လုံးဝ မတူဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိတဲ့ မတ်လ ၂၃ ရက်နေ့ကစလို့ တွေ့ရှိ ခဲ့တဲ့ ရောဂါပိုး အမျိုးအစားတွေထဲမှာ အနောက်နိုင်ငံမှာ လက်ရှိ ကူးစက် ပြန့်နှံ့နေတဲ့ G614 အမျိုးအစားတွေလည်း ပါဝင်နေတာကို တွေ့ ရတယ်လို့ ဆိုပါတယ်။ ဒီ ရောဂါပိုး အမျိုးအစားဟာ မူရင်း ရောဂါပိုးထက် အဆ ၂၀ ကူးစက်မှု မြန်ဆန်တယ်လို့ ဆိုပါတယ်။