တခုခု နာက်င္သလို ခံစားေနရလွ်င္ အျမန္ဆုံးသက္သာ ေပ်ာက္ကင္းေစမယ့္ သံပုရာခြံ၏ အစြမ္း

သံပုရာခြံမွာပါတဲ့ ခရစ္တစ္အက္ဆစ္နဲ႔ ဗစ္တာမင္စီေၾကာင့္ အေရျပားေပၚက အမည္းစက္ေတြနဲ႔ အိုမင္းရႈံ႕တြမႈကိုျဖစ္ေစတဲ့ ဖရီးရက္ဒီ ကယ္ေတြကို တားဆီးရာမွာ အလြန္အမင္းကို အစြမ္းထက္ ထိေရာက္လွတာေၾကာင့္ အေရျပားရဲ႕ အရည္အေသြးကို ထိန္းသိမ္းေပးႏိုင္ ပါတယ္။ ကဲ- က်န္းမာေရးနဲ႔အလွအပအတြက္ သံပုရာသီးေရာ သံပုရာခြံပါ လိမ္းရာ၊ စားသုံးရာမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ အစြမ္းထက္တယ္ ဆိုတာ အခုသိသြားၿပီဆိုမွေတာ့ ေနာက္က်တယ္ဆိုတာ မရွိေတာ့ပါဘူးေလ။ေလးဖက္နာ၊ အ႐ိုးအဆစ္ ေရာင္ရမ္းနာ၊ ဒူလာ ေခၚ ေဂါက္ ေရာဂါ၊ အ႐ြတ္အေၾကာနာ စတဲ့ ေဝဒနာေတြကို ခံစားရလို႔ ေနရထိုင္ရ ကသိကေအာက္ ျဖစ္ရသူေတြအတြက္ သက္သာေစမယ့္ သတင္း ေကာင္းတစ္ခုကေတာ့ သံပုရာခြံ ရွိဖို႔ပဲ လိုပါတယ္။

သံပုရာ ဆိုတာ ဗစ္တာမင္ စီ ႂကြယ္ဝတဲ့ပစၥည္းျဖစ္ၿပီး ေန႔စဥ္ ခႏၶာကိယ္အတြက္ ဗစ္တာမင္စီ လိုအပ္ခ်က္က ၃၁ ရာခိုင္ႏႈန္း ရွိပါတယ္။ ဗီတာမင္စီရဲ႕ ဂုဏ္သတၱိေတြက ေျပာမဆုံးေအာင္ မ်ားလွသလို သံပုရာသီး၊ သံပုရာခြံရဲ႕ ေဆးဖက္ဝင္အစြမ္းေတြကလဲ သုံးမကုန္ေအာင္ က်ယ္ျပန႔္လွပါတယ္။ အဲ့ဒီထဲကမွ အ႐ိုးအဆစ္ နာက်င္မႈေတြကို သံပုရာခြံက သက္သာေအာင္ ထိေရာက္ စြမ္းေဆာင္ေပးႏိုင္ပုံကို က်ေနာ္ တို႔ က်န္းမာေရးသတင္းမ်ား ေပ့ခ္်ကေန မွ်ေဝတင္ျပလိုက္ပါတယ္။လိုအပ္တဲ့ပစၥည္းေတြကေတာ့ – သံပုရာသီး ၄ လုံးနဲ႔ သံလြင္ဆီတို႔ ပါပဲ။ တျခားပစၥည္းေတြကေတာ့ ပလတ္စတစ္အိတ္၊ ဖန္ဘူး သို႔မဟုတ္ ဖန္ပုလင္းတလုံး၊ ေဂါ့ဇ္စ ေခၚ ပတ္တီးအက်ဲစ၊ သိုးေမြးတဘက္ တို႔ပါပဲ။ေဆးနည္းလမ္းကေတာ့ – သံပုရာခြံေတြကို ဖန္ဘူးထဲထည့္ၿပီး သံလြင္ဆီကို ဖန္ဘူးထိပ္အထိ ထည့္ေပးရပါမယ္။

ၿပီးရင္ေတာ့ ဖန္ဘူးကို ပိတ္ၿပီး ၂ ပတ္ေလာက္ ထားရမွာပါ။ အဲလိုထားၿပီးရင္ ေဆးအဆီ ရလာပါၿပီ။ အဲဒီေဆးအဆီကို ပတ္တီးစမွာ စိမ္ ဆြတ္လိုက္ၿပီး နာတဲ့ အ႐ိုး၊ အဆစ္ေပၚမွာ လိမ္းပါ။ အဲဒီ ေဆးစိုေနတဲ့ ပတ္တီးစကိုပါ နာတဲ့ေနရာေပၚမွာ တင္ထားလိုက္ၿပီး ပတ္တီးစ ေပၚကေန ပလတ္စတစ္အိတ္ ထပ္ပတ္လိုက္ပါ။ၿပီးရင္ အဲ့ဒီအေပၚကမွ သိုးေမြးတဘက္ ထပ္ပတ္ေပးရမွာပါ။ နည္းကေတာ့ အဲဒါပါပဲ။ လြယ္ပါတယ္ေနာ္။ အဲလိုလုပ္ေပးရင္ ညဖက္လုပ္ မနက္ဆို ေပ်ာက္ေရာ ဆိုပဲ။ ႏွစ္ရွည္ခံစားရသူေတြကေတာ့ ခ်က္ခ်င္း မေပ်ာက္ေတာင္ သက္သာသြားမွာေတာ့ အေသအခ်ာပါပဲ။

တခ်ိဳ႕ကေတာ့ ေဆးဖက္ဝင္ အစြမ္းစုံတဲ့ သံပုရာခြံကို ေဆးျဖစ္ဝါးျဖစ္ေရာ ႀကိဳက္ႏွစ္သက္လို႔ ေရာ စားတတ္ၾကပါတယ္။သံပုရာခြံက ဗစ္တာမင္စီ ျပည့္ဝလြန္းတာေၾကာင့္ တုပ္ေကြး၊ လည္ေခ်ာင္းနာ၊ သာမန္ အေအးမိတာမ်ိဳးလို ကူးစက္ေရာဂါေတြကို ကာကြယ္ေပးႏိုင္ၿပီး ဝမ္းပုံမွန္ သြားေစတဲ့ ဖိုက္ဘာဓာတ္ကိုလဲ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ သံပုရာခြံမွာပါတဲ့ ပိုလီဖွီေနာ ဖွေလဗာႏြိဳက္ ဆိုတဲ့ဓာတ္က ကိုလက္ စထေရာကို ေလွ်ာ့ခ်ေပးၿပီး ေသြးဖိအားပမာဏကို ထိန္းသိမ္းေပးႏိုင္တဲ့ ပိုတက္စီယမ္လဲ ပါဝင္ပါတယ္။ဒါ့အျပင္ ခႏၶာကိုယ္ကေန ကာဘို ဟိုက္ဒရိတ္ ပိုလွ်ံပမာဏကို စုပ္ယူျခင္းကေန တားဆီးေပးႏိုင္တဲ့ ပက္တင္ ဆိုတဲ့ ဓာတ္လဲ ပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ် ရာမွာ အေထာက္အကူ ျပဳေနျပန္ပါေရာ။ ဒါေၾကာင့္ ပ်ားသံပုရာ ဆိုၿပီး အခြံပါ ထည့္ရတာ ျဖစ္ပါလိမ့္မယ္။

ေစာႏြဲ႕ေနဆိုင္(ပူတာအို)

UNICODE

သံပုရာခွံမှာပါတဲ့ ခရစ်တစ်အက်ဆစ်နဲ့ ဗစ်တာမင်စီကြောင့် အရေပြားပေါ်က အမည်းစက်တွေနဲ့ အိုမင်းရှုံ့တွမှုကိုဖြစ်စေတဲ့ ဖရီးရက်ဒီ ကယ်တွေကို တားဆီးရာမှာ အလွန်အမင်းကို အစွမ်းထက် ထိရောက်လှတာကြောင့် အရေပြားရဲ့ အရည်အသွေးကို ထိန်းသိမ်းပေးနိုင် ပါတယ်။ ကဲ- ကျန်းမာရေးနဲ့အလှအပအတွက် သံပုရာသီးရော သံပုရာခွံပါ လိမ်းရာ၊ စားသုံးရာမှာ ပုံစံအမျိုးမျိုးနဲ့ အစွမ်းထက်တယ် ဆိုတာ အခုသိသွားပြီဆိုမှတော့ နောက်ကျတယ်ဆိုတာ မရှိတော့ပါဘူးလေ။လေးဖက်နာ၊ အရိုးအဆစ် ရောင်ရမ်းနာ၊ ဒူလာ ခေါ် ဂေါက် ရောဂါ၊ အရွတ်အကြောနာ စတဲ့ ဝေဒနာတွေကို ခံစားရလို့ နေရထိုင်ရ ကသိကအောက် ဖြစ်ရသူတွေအတွက် သက်သာစေမယ့် သတင်း ကောင်းတစ်ခုကတော့ သံပုရာခွံ ရှိဖို့ပဲ လိုပါတယ်။

သံပုရာ ဆိုတာ ဗစ်တာမင် စီ ကြွယ်ဝတဲ့ပစ္စည်းဖြစ်ပြီး နေ့စဉ် ခန္ဓာကိယ်အတွက် ဗစ်တာမင်စီ လိုအပ်ချက်က ၃၁ ရာခိုင်နှုန်း ရှိပါတယ်။ ဗီတာမင်စီရဲ့ ဂုဏ်သတ္တိတွေက ပြောမဆုံးအောင် များလှသလို သံပုရာသီး၊ သံပုရာခွံရဲ့ ဆေးဖက်ဝင်အစွမ်းတွေကလဲ သုံးမကုန်အောင် ကျယ်ပြန့်လှပါတယ်။ အဲ့ဒီထဲကမှ အရိုးအဆစ် နာကျင်မှုတွေကို သံပုရာခွံက သက်သာအောင် ထိရောက် စွမ်းဆောင်ပေးနိုင်ပုံကို ကျနော် တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ မျှဝေတင်ပြလိုက်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကတော့ – သံပုရာသီး ၄ လုံးနဲ့ သံလွင်ဆီတို့ ပါပဲ။ တခြားပစ္စည်းတွေကတော့ ပလတ်စတစ်အိတ်၊ ဖန်ဘူး သို့မဟုတ် ဖန်ပုလင်းတလုံး၊ ဂေါ့ဇ်စ ခေါ် ပတ်တီးအကျဲစ၊ သိုးမွေးတဘက် တို့ပါပဲ။ဆေးနည်းလမ်းကတော့ – သံပုရာခွံတွေကို ဖန်ဘူးထဲထည့်ပြီး သံလွင်ဆီကို ဖန်ဘူးထိပ်အထိ ထည့်ပေးရပါမယ်။

ပြီးရင်တော့ ဖန်ဘူးကို ပိတ်ပြီး ၂ ပတ်လောက် ထားရမှာပါ။ အဲလိုထားပြီးရင် ဆေးအဆီ ရလာပါပြီ။ အဲဒီဆေးအဆီကို ပတ်တီးစမှာ စိမ် ဆွတ်လိုက်ပြီး နာတဲ့ အရိုး၊ အဆစ်ပေါ်မှာ လိမ်းပါ။ အဲဒီ ဆေးစိုနေတဲ့ ပတ်တီးစကိုပါ နာတဲ့နေရာပေါ်မှာ တင်ထားလိုက်ပြီး ပတ်တီးစ ပေါ်ကနေ ပလတ်စတစ်အိတ် ထပ်ပတ်လိုက်ပါ။ပြီးရင် အဲ့ဒီအပေါ်ကမှ သိုးမွေးတဘက် ထပ်ပတ်ပေးရမှာပါ။ နည်းကတော့ အဲဒါပါပဲ။ လွယ်ပါတယ်နော်။ အဲလိုလုပ်ပေးရင် ညဖက်လုပ် မနက်ဆို ပျောက်ရော ဆိုပဲ။ နှစ်ရှည်ခံစားရသူတွေကတော့ ချက်ချင်း မပျောက်တောင် သက်သာသွားမှာတော့ အသေအချာပါပဲ။

တချို့ကတော့ ဆေးဖက်ဝင် အစွမ်းစုံတဲ့ သံပုရာခွံကို ဆေးဖြစ်ဝါးဖြစ်ရော ကြိုက်နှစ်သက်လို့ ရော စားတတ်ကြပါတယ်။သံပုရာခွံက ဗစ်တာမင်စီ ပြည့်ဝလွန်းတာကြောင့် တုပ်ကွေး၊ လည်ချောင်းနာ၊ သာမန် အအေးမိတာမျိုးလို ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဝမ်းပုံမှန် သွားစေတဲ့ ဖိုက်ဘာဓာတ်ကိုလဲ လှုံ့ဆော်ပေးနိုင်ပါတယ်။ သံပုရာခွံမှာပါတဲ့ ပိုလီဖှီနော ဖှလေဗာနွိုက် ဆိုတဲ့ဓာတ်က ကိုလက် စထရောကို လျှော့ချပေးပြီး သွေးဖိအားပမာဏကို ထိန်းသိမ်းပေးနိုင်တဲ့ ပိုတက်စီယမ်လဲ ပါဝင်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ကနေ ကာဘို ဟိုက်ဒရိတ် ပိုလျှံပမာဏကို စုပ်ယူခြင်းကနေ တားဆီးပေးနိုင်တဲ့ ပက်တင် ဆိုတဲ့ ဓာတ်လဲ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချ ရာမှာ အထောက်အကူ ပြုနေပြန်ပါရော။ ဒါကြောင့် ပျားသံပုရာ ဆိုပြီး အခွံပါ ထည့်ရတာ ဖြစ်ပါလိမ့်မယ်။

စောနွဲ့နေဆိုင်(ပူတာအို)