ဒီဇင္ဘာလအတြင္း ရန္ကုန္ တြင္ ျမဴမ်ား ထူထပ္စြာ က်ဆင္းၿပီး အေအး ပိုမည္ဟု မိုး/ဇလ ၫႊန္ခ်ဳပ္ေျပာၾကား

လာနီညာ၏ သေဘာသဘာဝသည္ ေအးၿပီး စိုစြတ္ကာ ယခင္လာနီညာျဖစ္သည့္ႏွစ္မ်ားတြင္ သိသိသာသာအေအးပိုေသာ္လည္း ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွစတင္ကာ ကမာၻႀကီးပူ‌ေႏြးလာသည့္အတြက္ ႏွစ္စဥ္ အပူခ်ိန္မ်ားတိုးလာေၾကာင္း သိရပါ တယ္။ “ဒီ ၂၀၂၀ ဟာ လာနီ ညာႏွစ္ျဖစ္ေပမယ့္လည္း အပူခ်ိန္ကေတာ့ ပိုၿပီးေတာ့ပူတဲ့အေနအထားရွိတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ လာနီညာရဲ႕သက္ေရာက္မႈကို အနည္းငယ္ခံစားရတဲ့အေနအထားရွိတဲ့ အတြက္ေၾကာင့္ ႏိုဝင္ဘာ၊ ဒီဇင္ဘာနဲ႔ ဇန္နဝါရီေလာက္မွာေတာ့ ပုံမွန္အပူခ်ိန္ေလာက္ရွိတယ္။” ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကဆိုပါတယ္။

နံနက္ခင္းပိုင္းတြင္ ျမဴမ်ားက်လာႏိုင္သည့္ အေနအထားရွိသျဖင့္ ယာဥ္မေတာ္တဆျဖစ္မႈမ်ားအား သတိျပဳရန္လိုအပ္ၿပီး ျမန္မာႏိုင္ ငံေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းစြန္းမ်ားတြင္ မိုးအနည္းငယ္႐ြာႏိုင္သည့္အတြက္ ထိုေဒသမ်ားရွိ စိုက္ပ်ိဳးသီးႏွံမ်ားအား ေရမထိေအာင္ ဂ႐ုစိုက္ရန္လိုေၾကာင္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။ရန္ကုန္တိုင္းေဒသႀကီးအပါအဝင္ အျခားတိုင္းေဒသႀကီးႏွင့္ျပည္နယ္ မ်ားတြင္ ျမဴထူမ်ားဆိုင္းၿပီး အေအးပိုႏိုင္ေၾကာင္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္၊ ခ်င္း၊ ရွမ္း၊ ကယားႏွင့္ မြန္ျပည္ နယ္မ်ားတြင္ ခုနစ္ရက္မွ ကိုးရက္ခန္႔အထိ ျမဴဆိုင္းႏိုင္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ထို႔ျပင္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီတိုင္းေဒသႀကီးမ်ားႏွင့္ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္တို႔တြင္ သုံးရက္မွ ငါးရက္ခန္႔အထိ နံနက္ပိုင္းတြင္ ျမဴထူမ်ား ဆိုင္းႏိုင္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။အေအးလည္း နည္းနည္းပိုလာမယ္။ ဘာလို႔ဆို ေလထဲမွာ moisture(အစိုဓာတ္) ေလး နည္းနည္းရွိေနျခင္းက ျမဴ က်တာေပါ့ေနာ္။ ျမဴက်တယ္ အေအးလည္းနည္းနည္းပိုလာမယ့္အေနအထားမ်ိဳးမွာ ရွိတာေပါ့။ ၿပီးခဲ့တဲ့ႏွစ္ေတြကထက္စာရင္ေတာ့ ဒီႏွစ္က အနည္းငယ္ ပိုေအးတဲ့အေနအထားမ်ိဳးေလးေတာ့ ရွိပါတယ္” ဟု ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။ ယခုႏွစ္ ေဆာင္းရာသီ တြင္ လာနီညာျဖစ္ႏိုင္ေျခ အားေကာင္းသည့္အတြက္ လာနီညာ ႏွစ္ျဖစ္ႏိုင္ေၾကာင္း မိုးေလဝသပညာရွင္မ်ားမွ ခန္႔မွန္းထားၾကပါတယ္။

UNICODE

လာနီညာ၏ သဘောသဘာဝသည် အေးပြီး စိုစွတ်ကာ ယခင်လာနီညာဖြစ်သည့်နှစ်များတွင် သိသိသာသာအအေးပိုသော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကမ္ဘာကြီးပူ‌နွေးလာသည့်အတွက် နှစ်စဉ် အပူချိန်များတိုးလာကြောင်း သိရပါ တယ်။ “ဒီ ၂၀၂၀ ဟာ လာနီ ညာနှစ်ဖြစ်ပေမယ့်လည်း အပူချိန်ကတော့ ပိုပြီးတော့ပူတဲ့အနေအထားရှိတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ လာနီညာရဲ့သက်ရောက်မှုကို အနည်းငယ်ခံစားရတဲ့အနေအထားရှိတဲ့ အတွက်ကြောင့် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလောက်မှာတော့ ပုံမှန်အပူချိန်လောက်ရှိတယ်။” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကဆိုပါတယ်။

နံနက်ခင်းပိုင်းတွင် မြူများကျလာနိုင်သည့် အနေအထားရှိသဖြင့် ယာဉ်မတော်တဆဖြစ်မှုများအား သတိပြုရန်လိုအပ်ပြီး မြန်မာနိုင် ငံတောင်ပိုင်းနှင့် မြောက်ပိုင်းစွန်းများတွင် မိုးအနည်းငယ်ရွာနိုင်သည့်အတွက် ထိုဒေသများရှိ စိုက်ပျိုးသီးနှံများအား ရေမထိအောင် ဂရုစိုက်ရန်လိုကြောင်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် မြူထူများဆိုင်းပြီး အအေးပိုနိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ချင်း၊ ရှမ်း၊ ကယားနှင့် မွန်ပြည် နယ်များတွင် ခုနစ်ရက်မှ ကိုးရက်ခန့်အထိ မြူဆိုင်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်အထိ နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။အအေးလည်း နည်းနည်းပိုလာမယ်။ ဘာလို့ဆို လေထဲမှာ moisture(အစိုဓာတ်) လေး နည်းနည်းရှိနေခြင်းက မြူ ကျတာပေါ့နော်။ မြူကျတယ် အအေးလည်းနည်းနည်းပိုလာမယ့်အနေအထားမျိုးမှာ ရှိတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေကထက်စာရင်တော့ ဒီနှစ်က အနည်းငယ် ပိုအေးတဲ့အနေအထားမျိုးလေးတော့ ရှိပါတယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ ယခုနှစ် ဆောင်းရာသီ တွင် လာနီညာဖြစ်နိုင်ခြေ အားကောင်းသည့်အတွက် လာနီညာ နှစ်ဖြစ်နိုင်ကြောင်း မိုးလေဝသပညာရှင်များမှ ခန့်မှန်းထားကြပါတယ်။