ႏွစ္သစ္မွာ ထူးျခားထီဆုႀကီး ဆြတ္ခူးလိုက္တဲ့ သိန္း တစ္ေသာင္းခြဲ ဆုရွင္ ေဈးသည္မေလး ရဲ႕ စိတ္ထား နဲ႔ သေဘာထား(႐ုပ္သံ)

ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းခြဲ ထီေပါက္သည့္ ေငြမ်ားကို မိခင္၏ သေဘာတိုင္းသာ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္ သူမ အေနျဖင့္ သာသနာ ျပဳခ်င္ေၾကာင္း ထီလက္မွတ္အပ္ဖို႔ႀကိမ္းေမာင္းေနတဲ့ ေဆြမ်ိဴးသားျခင္းေတြေၾကာင့္ အိမ္မျပန္ရဲပဲ ေရွာင္တိမ္းေန ရတဲ့ သိန္းတစ္ေသာင္းခြဲကံထူးရွင္ မဝင္းဝင္းအိက ေျပာဆိုလိုက္ပါသည္။သားငါးေရာင္းတာဆိုေတာ့ အကုသိုလ္ အလုပ္ေလ။ ဆက္မ လုပ္ခ်င္ေတာ့ဘူး။ အခုလို ထီေပါက္ေတာ့ ေဆြမ်ိဳးသားခ်င္း ေတြကလည္း ဝိုင္းလာၾကတာေပါ့ေလ။ ထီလက္မွတ္ သူတို႔အပ္ဖို႔ ေတြဘာ ေတြ ေျပာေနတာတို႔၊ ဟိုႀကိမ္း ဒီႀကိမ္းနဲ႔ဆိုေတာ့ ညီမနည္းနည္း စိတ္ညစ္ တာေပါ့။

ထီလက္မွတ္ကလည္း ႐ုံးပိတ္ရက္ဆိုေတာ့ မထုတ္ရေသးဘူး။အိမ္ေတာ့ျပန္ဖို႔ အဆင္မေျပ ေသးတာေၾကာင့္ အခုတစ္ျခားမွာပဲ ေနေန တယ္။ညီမ ဘာျဖစ္ခ်င္လဲ ဆိုရင္ေတာ့ အေမနဲ႔ ေမာင္ႏွမေတြအတြက္ လုပ္စရာရွိတာ လုပ္ေပးၿပီးရင္ ညီမသီလရွင္ ဝတ္ခ်င္တယ္။ အိမ္ ေထာင္လည္း မျပဳခ်င္ဘူး’’ ဟု သူမဆႏၵကို ေျပာၾကားသည္။ယခုလို က်ပ္သိန္းတစ္ေသာင္းခြဲထီ ကံထူးရွင္အျဖစ္ လူတိုင္း ကံ ထူးႏိုင္သ ျဖင့္ ထီကိုမပ်က္မကြက္ ထိုးရန္ႏွင့္ ၎အေနျဖင့္လည္း ထီဆက္လက္ ကံစမ္းသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။၂၃ ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းငါးေထာင္ ထီဆုႀကီးကို မႏၲေလးၿမိဳ႕မွ ၂၄ ႏွစ္အ႐ြယ္ ေဈးသည္တစ္ဦးက ဆြတ္ခူးခဲ့ပါသည္။

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဇီးအုပ္ေက်း႐ြာတြင္ အိမ္ငွားရမ္းေနထိုင္ၿပီး သားငါးေရာင္းခ်သည့္ အမ်ိဳးသမီးငယ္ တစ္ဦးမွ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ၏ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဆြတ္ခူးခဲ့ျခင္းျဖစ္သည္။သူမအေနျဖင့္ ၂၀၂၀ တစ္ႏွစ္လုံး ထီထိုးခဲ့ျခင္းမရွိဘဲ ယခုလ တြင္ မွ ထီထိုးခဲ့ျခင္းျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္မွ စတင္ထီထိုးခဲ့ေၾကာင္း၊ ပထမဆုံး ထီေပါက္ျခင္းတြင္ က်ပ္သိန္း တစ္ေသာင္းခြဲဆု ကို ကံထူးခဲ့သျဖင့္ ယုံၾကည္ႏိုင္ျခင္း မရွိေသးဘဲ အရမ္းအံ့ၾသမိေၾကာင္း ကံထူးရွင္ မဝင္းဝင္းအိက ဆိုသည္။ေမြးခ်င္းငါးေယာက္အနက္ အႀကီးဆုံးျဖစ္ၿပီး သူမအေနျဖင့္ ၅၆ လမ္း ေအာင္ပင္လယ္ေဈးတြင္ သားငါးေရာင္းခ်ျခင္းျဖင့္ မိသားစု၏ တာဝန္ကို ေျဖရွင္းေနရသည္။

လက္ရွိေနထိုင္သည့္ ေနရာမွာလည္း က်ဴးေက်ာ္သေဘာမ်ိဳး ငွားရမ္းေနထိုင္ ရေၾကာင္း ထီထိုးတာကေတာ့ အ သက္ ၁၉ ႏွစ္အ႐ြယ္ထဲ ကပါ။ တစ္ခါမွ မေပါက္ဖူးပါဘူး။ အခုပထမဆုံး ေပါက္တာက က်ပ္သိန္းတစ္ေသာင္းခြဲ ျဖစ္ေနေတာ့ ခုထိမယုံ ႏိုင္ေသးဘူး။ ညီမက အခု ေနတာက က်ဴးသေဘာမ်ိဳး ဆိုေတာ့ ေနတဲ့ေနရာက စ႐ိုက္နည္းနည္းၾကမ္းတယ္။ အရင္က မိသားစုက အိမ္ ပိုင္ပါ။ေငြလိမ္ခံရၿပီး အ ေႂကြးေတြ တင္သြားေတာ့ ခုလိုအိမ္ငွားဘဝ ေရာက္သြား တာပါ။ အေဖက ေနာက္အိမ္ေထာင္ ျပဳသြားၿပီးအေမနဲ႔တူတူ ေဈးေရာင္းရင္း ေက်ာင္းကလည္း ဆက္ထားေပမယ့္ ၇ တန္းထဲက ထြက္လိုက္တာပါ’’ ဟု သူမ၏ လက္ရွိဘဝနဲ႔ ပတ္သက္ၿပီး ရွင္းျပခဲ့သည္။

Credit- Eleven

UNICODE

အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲ ထီပေါက်သည့် ငွေများကို မိခင်၏ သဘောတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သူမ အနေဖြင့် သာသနာ ပြုချင်ကြောင်း ထီလက်မှတ်အပ်ဖို့ကြိမ်းမောင်းနေတဲ့ ဆွေမျိူးသားခြင်းတွေကြောင့် အိမ်မပြန်ရဲပဲ ရှောင်တိမ်းနေ ရတဲ့ သိန်းတစ်သောင်းခွဲကံထူးရှင် မဝင်းဝင်းအိက ပြောဆိုလိုက်ပါသည်။သားငါးရောင်းတာဆိုတော့ အကုသိုလ် အလုပ်လေ။  ဆက်မ လုပ်ချင်တော့ဘူး။ အခုလို ထီပေါက်တော့ ဆွေမျိုးသားချင်း တွေကလည်း ဝိုင်းလာကြတာပေါ့လေ။ ထီလက်မှတ် သူတို့အပ်ဖို့ တွေဘာ တွေ ပြောနေတာတို့၊ ဟိုကြိမ်း ဒီကြိမ်းနဲ့ဆိုတော့ ညီမနည်းနည်း စိတ်ညစ် တာပေါ့။

ထီလက်မှတ်ကလည်း ရုံးပိတ်ရက်ဆိုတော့ မထုတ်ရသေးဘူး။အိမ်တော့ပြန်ဖို့ အဆင်မပြေ သေးတာကြောင့် အခုတစ်ခြားမှာပဲ နေနေ တယ်။ညီမ ဘာဖြစ်ချင်လဲ ဆိုရင်တော့ အမေနဲ့ မောင်နှမတွေအတွက် လုပ်စရာရှိတာ လုပ်ပေးပြီးရင် ညီမသီလရှင် ဝတ်ချင်တယ်။ အိမ် ထောင်လည်း မပြုချင်ဘူး’’ ဟု သူမဆန္ဒကို ပြောကြားသည်။ယခုလို ကျပ်သိန်းတစ်သောင်းခွဲထီ ကံထူးရှင်အဖြစ် လူတိုင်း ကံ ထူးနိုင်သ ဖြင့် ထီကိုမပျက်မကွက် ထိုးရန်နှင့် ၎င်းအနေဖြင့်လည်း ထီဆက်လက် ကံစမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။၂၃ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းငါးထောင် ထီဆုကြီးကို မန္တလေးမြို့မှ ၂၄ နှစ်အရွယ် ဈေးသည်တစ်ဦးက ဆွတ်ခူးခဲ့ပါသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ပြီး သားငါးရောင်းချသည့် အမျိုးသမီးငယ် တစ်ဦးမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၏ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။သူမအနေဖြင့် ၂၀၂၀ တစ်နှစ်လုံး ထီထိုးခဲ့ခြင်းမရှိဘဲ ယခုလ တွင် မှ ထီထိုးခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှ စတင်ထီထိုးခဲ့ကြောင်း၊ ပထမဆုံး ထီပေါက်ခြင်းတွင် ကျပ်သိန်း တစ်သောင်းခွဲဆု ကို ကံထူးခဲ့သဖြင့် ယုံကြည်နိုင်ခြင်း မရှိသေးဘဲ အရမ်းအံ့သြမိကြောင်း ကံထူးရှင် မဝင်းဝင်းအိက ဆိုသည်။မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်ပြီး သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွင် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသည်။

လက်ရှိနေထိုင်သည့် နေရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်း ထီထိုးတာကတော့ အ သက် ၁၉ နှစ်အရွယ်ထဲ ကပါ။ တစ်ခါမှ မပေါက်ဖူးပါဘူး။ အခုပထမဆုံး ပေါက်တာက ကျပ်သိန်းတစ်သောင်းခွဲ ဖြစ်နေတော့ ခုထိမယုံ နိုင်သေးဘူး။ ညီမက အခု နေတာက ကျူးသဘောမျိုး ဆိုတော့ နေတဲ့နေရာက စရိုက်နည်းနည်းကြမ်းတယ်။ အရင်က မိသားစုက အိမ် ပိုင်ပါ။ငွေလိမ်ခံရပြီး အ ကြွေးတွေ တင်သွားတော့ ခုလိုအိမ်ငှားဘဝ ရောက်သွား တာပါ။ အဖေက နောက်အိမ်ထောင် ပြုသွားပြီးအမေနဲ့တူတူ ဈေးရောင်းရင်း ကျောင်းကလည်း ဆက်ထားပေမယ့် ၇ တန်းထဲက ထွက်လိုက်တာပါ’’ ဟု သူမ၏ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သည်။

Credit-  Eleven