အေအးလႈိင္း ျဖစ္စဥ္ လာနီညာ ျဖစ္ေပၚမႈေၾကာင့္ ျမန္မာႏိုင္ငံ တဝွမ္း အေအး ပိုၿပီး အခ်ိန္အခါ မဟုတ္ မိုး႐ြာမည္

လာနီညာဟာ ပစိဖိတ္သမုဒၵရာမွာ ျဖစ္ေပၚတဲ့ ျဖစ္စဥ္ျဖစ္ေပမယ့္ ဒီအက်ိဳးသက္ေရာက္မႈ ကေတာ့ ေယဘုယ်အားျဖင့္ အေရွ႕ေျမာက္ မုတ္သုံေလ အားေကာင္းတာေၾကာင့္ ျမန္မာႏိုင္ငံမွာ ညအပူခ်ိန္ေတြ ေလ်ာ့နည္းတာ၊ အေအးပိုတာ၊ အေရွ႕ဘက္က ေလေပြ လႈိင္းေတြ တိုက္ခတ္တာ၊ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းတာေတြ ပိုျဖစ္ေလ့ ရွိတယ္လို႔ ဆိုပါတယ္။

ဒီေန႔နဲ႔ ေနာက္ရက္ တို႔မွာ လည္း ရန္ကုန္၊ ပဲခူး၊ တနသၤာရီတိုင္း၊ ကရင္နဲ႔ မြန္ျပည္နယ္ တို႔မွာ အေအးပို လာႏိုင္တယ္လို႔ ဆိုပါတယ္။ လာ နီညာ ျဖစ္စဥ္ေၾကာင့္ ျမန္မာႏိုင္ငံမွာ အေအးပိုလာတာ၊ အခ်ိန္မဟုတ္ မိုး႐ြာ တာေတြ ျဖစ္ႏိုင္ၿပီး ရန္ကုန္၊ ပဲခူး၊ တနသၤာရီတိုင္းတို႔မွာ အ ေအးပိုမယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

အီေကြတာနားက အပူပိုင္း ပစိဖိတ္သမုဒၵရာ ရဲ႕ ပင္လယ္ေရ မ်က္ႏွာျပင္အပူခ်ိန္နဲ႔ ေလထု ျဖစ္စဥ္ေတြအရ လက္ရွိမွာ အားအသင့္အတင့္ ရွိတဲ့ လာနီညာအေျခအေနမွာ ရွိေနတယ္လို႔ ဆိုပါတယ္။ႏိုင္ငံတကာ မိုးေလဝသဌာနေတြရဲ႕ ခန္႔မွန္းခ်က္အရ ဇန္နဝါရီလထဲမွာ အားအ သင့္အတင့္ ရွိတဲ့ လာနီညာ အဆင့္မွာ ဆက္ရွိေနမွာ ျဖစ္ၿပီး ေဖေဖာ္ဝါရီလ မွာေတာ့ အားနည္းတဲ့ လာနီညာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

UNICODE

လာနီညာဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဖြစ်ပေမယ့် ဒီအကျိုးသက်ရောက်မှု ကတော့ ယေဘုယျအားဖြင့် အရှေ့မြောက် မုတ်သုံလေ အားကောင်းတာကြောင့် မြန်မာနိုင်ငံမှာ ညအပူချိန်တွေ လျော့နည်းတာ၊ အအေးပိုတာ၊ အရှေ့ဘက်က လေပွေ လှိုင်းတွေ တိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုဖြစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့နဲ့ နောက်ရက် တို့မှာ လည်း ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ် တို့မှာ အအေးပို လာနိုင်တယ်လို့ ဆိုပါတယ်။ လာ နီညာ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ အအေးပိုလာတာ၊ အချိန်မဟုတ် မိုးရွာ တာတွေ ဖြစ်နိုင်ပြီး ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းတို့မှာ အ အေးပိုမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အီကွေတာနားက အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ ရဲ့ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နဲ့ လေထု ဖြစ်စဉ်တွေအရ လက်ရှိမှာ အားအသင့်အတင့် ရှိတဲ့ လာနီညာအခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်အရ ဇန်နဝါရီလထဲမှာ အားအ သင့်အတင့် ရှိတဲ့ လာနီညာ အဆင့်မှာ ဆက်ရှိနေမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ မှာတော့ အားနည်းတဲ့ လာနီညာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။