Living Togetherဆိုတဲ့ လက်မထပ်ပဲအတူနေတာနဲ့ ပတ်သက်ပြီး လှနုထွန်း ပွင့်ပွင့်လင်းလင်းပြောပြီ
ချစ်တဲ့(လှနု)
UNICODE
ချစ်သူတွေ တရားဝင်လက်ထပ်ပြီးမှ စိတ်သဘော မတိုက်ဆိုင်လို့ ကွဲတာထက်စာရင် LT နေ့ကြည့်တာ ပိုအဆင်ပြေပါတယ်။ ခြုံတိုးဟို တယ်တက်ပြီး သမီးအလိမ်မာလေး လို အရုပ်ပိုက်ပြီး ဘေဘီလေးလို ဟန်ဆောင်နေကြတာထက် စာရင် အပျိုအစစ်လိုတင်ရိုက်နေ ကြတာထက်စာရင် ဘဝကို ရင်ဆိုင်ဖူးတဲ့ အမျိုးသမီးကသာ ရင့်ကျက်တဲ့ စိတ်ထားရှိမှာပါ။ဘဝကိုလက်တွေ့ရုန်းခွင့်ရှိပါတယ် ခြုံတိုး ဟိုတယ်တက် ပြီး ပြတ်သွား အပျိုဟန်ဆောင်တဲ့ ခေတ်က ကျန်ခဲ့ပါပြီ ဒါတွေက one night stand အထှာတွေပါ။ခြုံတိုး ဟိုတယ်တက် ပြီး ပြတ်သွား အပျိုဟန်ဆောင်တဲ့ ခေတ်က ကျန်ခဲ့ပါပြီ ဥပမာ အရွယ်ရောက်ပြီး အမျိုးသားနဲ့ အမျိုးသမီး နှစ် ယောက်။
ချစ်ကြိုက်ကြတယ် ဆိုပါစို့ အချိန်တန်ယူမယ် လက်ထပ်မယ် တိုင်ပင်ထားတယ် ဒါပေမယ့် မိဘတွေနဲ့ အတူနေနေတာဆိုတော့ ချိန်းတွေ့ ရတာ လောက်နဲ့ သူ့အကြောင်းကိုယ့်အကြောင့် အမှန်မသိဘူး ဟန်ဆောင်နေကြတာလေ သုံးနှစ်သုံးမိုးစောင့်ရင်လည်း အချိန် ကုန်သွား မယ် အသက်ကြီးသွားမယ် မယူဖြစ်ရင် တစ်ကပြန်စ အသစ်ရှာရမယ်။အိမ်ကိုခွင့်တောင်းပြီး သူ့အလုပ် ကိုယ့်အလုပ် ကြားလည်မှာ အဆင်ပြေတဲ့ အခန်းလေးငှားနေတယ် ပြီးတော့ ဟင်းထမင်းကိုယ်တိုင်ချက် ပြုတ် အဝတ်လျှော် မီးပူတိုက် သန့်ရှင်းရေးကို တာဝန်ခွဲလုပ် အိမ်လခ စျေးဖိုး မီတာခ ကုန်ကျစရိတ်တွေ နှစ်ယောက်မျှခံ ဒါမျိုးတွေ ကို နှစ်ယောက်သားတာဝန်ယူကြည့်ကြတာ။
အဲ့မှာ ယောကျ်ားတစ်ယောက်ဟာ ဂိမ်းပဲနှိပ်နေပြီး မိန်းမကိုဂရုမစိုက်တဲ့သူလား ဆဲဆိုပြီး အရပ် တကာနဲ့ရန်ဖြစ်တတ်သူလား ညဘက် အချိန်မှန် အိမ်ပြန်မအိပ်တတ်တဲ့သူလား။သူငယ်ချင်းတသိုက်နဲ့ သောက်စားမူးယစ် Ktv တတ်လား ပြသနာကို ဘက်ပါပြီးဖြေရှင်းသ လား အဝတ်တွေကို ကွင်းလုံးချွတ်တတ်တာ က အစ ရှုးပေါက်ရင် အိမ်သာမှာ အစက်ကြတာ ပြန်မသုတ် တတ်တဲ့သူလား အကုန် လေ့ လာလို့ရတယ်။မိန်းမတစ်ယောက်ရဲ့ အနေအထိုင် ပက်စက်တာ။အိမ်မှုကိစ္စမလုပ်တာ ဖေ့ဘုတ်ထိုင်ပွတ်ပြီး နေဖင်ထိုးမှထ တာ အမေ့ အိမ် ခနခနသွားပြီး အချိန်ဖြုန်းတတ်တာ အိမ်အကူမရှိရင် ဘာမှ မလုပ်တတ်တာ ပတ်ဝန်းကျင်က လူတွေအကြောင်း အတင်းပြော။
ပေးစါးတတ်တာ ဝင်ငွေထွက်ငွေမမျှ ကြွားဝါ သုံးဖြုန်းတတ်တာ ဒါတွေ လေ့လာလို့ရတယ်။ညှိကြည့်ရမယ် ပြောပြရမယ် တလ နှစ်လ ခြောက်လ သင်ပေးရမယ် တချို့ဆို နှစ်နဲ့ချီနေတယ်။ လက်မထပ်ပဲ ကလေးတောင်ယူလိုက်သေး။ တချို့ကျတော့ နှစ်ဝက်လောက် ဆို အခြေအနေမဟန်မှန်းသိပြီ သူကြီးပျင်းလာတဲ့ Background Behaviour နဲ့ Brought up က ကိုယ်နဲ့ ညှိလို့မရဘူး သိလာပြီဆို ယဥ် ကျေးစွာ လမ်းခွဲကြရုံပဲ ။လခတွေ မိဘကို အပ်ရသလား။မေမေ့သားလေးလား။တခုခုဆို အိမ်ပေါ်ကနေ ဆင်းသွားတတ်လား။ဘယ်လို Dark side တွေရှိလဲ သိလာမယ်။ကလေးရတာမရတာက family planning ပေါ်မူတည်ပါတယ်။
OG ဆီမှာ IUD ထည့်မလား ဆေးသောက်မလား အကာအကွယ်သုံးမလားက နှစ်ယောက်ပေါ်ပဲမူတည်ပါတယ် LT နေနေ မနေနေ ခြုံတိုးပြီး ကလေးရလို့ မိဘမဲ့တွေ တပုံကြီးပါ။ဒါကို ပတ်ဝန်းကျင် က ဝေဖန်နေတာ ဂရုစိုက်ရအောင် ကိုယ့်ကိုသူတို့မပိုင်ဘူးလေ သမာ အာဇီဝ လုပ်ကိုင်စားသောက်တယ် ပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးဘူး ဆိုရပြီလေ ဝေဖန်တယ်ဆိုတာ မနာလိုလို့ပါ။LTနေတဲ့ ကိစ္စ က ဟိုတယ်နာရီပိုင်းလို မလွယ်ပါဘူး အိမ်ထောင်တစ်ခု လို တာဝန်ယူရတာမို့ ဟာသအနေနဲ့ မမြင်သင့်ပါဘူးရှင်။
ချစ်တဲ့(လှနု)