ဆယ်ကျော်သက်လို နုပျိုနေကြောင်း ပုရိသတွေကို သက်သေပြလိုက်တဲ့ မတ်မတ်သင်ဇာ(ဗီဒီယို)
UNICODE
မကြာသေးမီက သင်ဇာဟာသူမ ရဲ့ Facebook my dayလေးမှာ application တစ်ခုကိုသုံးပြီး အသက်အရွယ်ကို ခန့်မှန်းတဲ့ ဗီဒီယိုလေး ကိုတင်ပေးလာပါတယ်။ အာ့မှာဆိုရင် သင်ဇာရဲ့အသက်အရွယ်ကို ၁၅နှစ်လို့ပြထားတာကြောင့် သင်ဇာတစ်ယောက် ပျော်ရွှင်ကျေနပ် နေ တာဖြစ်ပါတယ်။ ကဲ….ပရိသတ်တွေ အတွက် ဒီဗီဒီယိုလေး ကို ပြန်လည် မျှဝေပေး လိုက်ပါတယ်နော်။
ပရိသတ်ကြီးရေ….ပုရိသတွေရဲ့ သည်းသည်း လှုပ်ဝန်းရံခံရတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ သင်ဇာဝင့်ကျော် တစ်ယောက်လည်း အပါ အဝင်ဖြစ်ပါတယ်။ သူမရဲ့ကျစ်လျစ်လှပလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းဟာလည်း မိန်းကလေးချင်းပါ ကြွေရတဲ့အမိုက်စား ဘော်ဒီ လေးဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ခန္ဓာကိုယ်နဲ့ပက်သက်ပြီး အမြဲ ဂရုတစိုက်နေလေ့ရှိသူဖြစ်ပါတယ်။
လေ့ကျင့်ခန်းတွေလည်း အပြင်းအထန်လုပ်လေ့ရှိသူပါ။သင်ဇာဟာ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကြောင့် ရုပ်ရှင်ကားကြီးတွေ အထိပါရိုက်ကူးအောင်မြင်နေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာရုပ်ရည်အလှမှာလည်း အပြစ်ဆိုဖွယ်မရှိ တာကြောင့် အသက်၃၀ကျော်တာတောင် ယုံချင်စရာမရှိအောင်ကို ထိထိမိမိလှနေတာပါနော်။
Source& video Credit- Thinzar Wint Kyaw’s Facebook my day