သားစစ် ရဲ့ အသံတိုင်း သရုပ်ဆောင်နေရင်း ရုတ်တရတ်ဒွန့်ပြလိုက်တဲ့ အိချောပိုရဲ့အခွီဗီဒီယိုလေး
UNICODE
အခုဆိုရင်လည်း အိချောပိုဟာ အားလပ်ချိန်လေးမှာ သူမရဲ့ stylishနဲ့အတူ လတ်တလော Tik Tokမှာ နာမည်ကြီးနေတဲ့ သားစစ်ရဲ့အသံ အတိုင်းလိုက်လုပ်ကြရင်း အခွီတွေလုပ်ကာ ဒွန့်နေတဲ့ ဗီဒီယိုလေးကို သူမရဲ့ Tik Tok accလေးမှာ တင်ပေးခဲ့ပါတယ်။ ခပ်မိုက်မိုက် ဘော်ဒီအချိုးအစားလေးကြောင့် ရေပန်းစားနေတဲ့ မင်းသမီးလေးအိချောပိုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာပျိုးခင်း ကနေ မြေတောင်မြှောက်ပေးလိုက်ပြီး အောင်မြင်ကျော်ကြားလာတဲ့မင်းသမီးများထဲက တစ်ယောက်အပါအဝင် လည်းဖြစ်ပါတယ်။
ရုပ်ရှင်ကားကြီးပေါင်းများစွာကိုလည်း အောင်မြင်စွာနဲ့ရိုက်ကူးထားနိုင်တဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ အိ ချောပိုဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း မိန်းကလေးချင်းပါ အားကျနေရတဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထား သူပါ။ အိချောပိုဟာ လက်ရှိမှာလည်းကြော်ငြာတွေ အဆက်မပြတ်ရိုက်ကူးနေတာဖြစ်ပြီး မကြာခဏဆိုသလိုလည်း သူမရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေကို တင်ပေးတတ်ပါတယ်….။
Photo credit-Ei Chaw Po’s Facebook acc