မြင့်မြတ် ကိုပေါက် တို့နဲ့ အတူ အမိုက်စားကကွက်တွေနဲ့ အပီအပြင် ဒွန့်ပြလိုက်တဲ့ မအေးသောင်း



Yuan – Cele Zone

UNICODE

အခုအခါလည်း မအေးသောင်းက မြင့်မြတ် ကိုပေါက်တို့နဲ့အတူ ဆုံတုန်းလေးခေတ်စားနေတဲ့ သီချင်းလေးကို အခွီကကွက်တွေကကာ မျက်နှာပြောင်ထားတဲ့ tik tok ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ သုံးယောက်လုံး ကနေတာ အရမ်းရယ်နေရသလို ချစ်စရာ ကောင်းလွန်းတာကြောင့် အခါခါပြန်ကြည့်တိုင်း မရိုးရအောင်ပါပဲနော် ။ ပရိသတ်ကြီးလည်း သူတို့သုံးယောက်ရဲ့ ဗီဒီယိုလေးကို ကြည့် ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။မင်းသမီးချောမအေးသောင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာတွေထဲ မှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိနေပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်လျက် ရှိ နေတဲ့ သူမကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့သူလေးပါ ။မအေးသောင်းက အသက် (၃၀) ကျော်အရွယ် အ မျိုးသမီးတစ်ဦး ဖြစ်ပေမယ့်လည်း အရမ်းနုပျိုပြီး လှချင်တိုင်းလှနေဆဲ ဖြစ်ပါတယ် ။ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ့ ရှိတဲ့ မအေးသောင်းက ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်လို့တောင် အထင်မှား နိုင်စရာပါ ။ ဒါ့အပြင် မအေးသောင်းက Tik Tok ကစားရတာကို ကြိုက်နှစ်သက်ပြီး သူများတွေနဲ့မတူတဲ့ပုံစံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ဖန်တီးလေ့ရှိပါတယ် ။

Yuan – Cele Zone