လှပတဲ့bodyနဲ့ ရင်ခုန်ဖွယ်ကောင်းတဲ့ နွယ်နွယ်ထွန်းရဲ့ အမိုက်စားဗီဒီယို





UNICODE

ရုပ်သံဖိုင် ထဲမှာတော့ နွယ်နွယ်ထွန်းက သူ့ရဲ့လှပတဲ့ ဘော်ဒီအချိုးအစားလေးကို အထင်းသားပေါ်လွင်နေပြီး ခပ်မိုက်မိုက်‌ပုံစံလေးတွေနဲ့ ဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နွယ်နွယ်ထွန်း က ” ကြိုးစားနေတာကို ဘယ်တော့မှ မရပ်ပါနဲ့ ….မနက်ဖြန်ဆို Gym ဆော့တာ ၁လ ပြည့်ပီလေ..” ဆိုပြီး ရေးသားဖော်ပြထား ပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ gym ဆော့ကစားရင်း ရိုက်ထားတဲ့ နွယ် နွယ်ထွန်းရဲ့ ရင်ခုန်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရေ လူမှုကွန်ယက်စာမျက်နှာ မှာ အမိုက်စားပုံရိပ်လေးတွေနဲ့ ပုရိသတွေရဲ့အသည်းကို အချိန်အတိုတွင်း ခြွေချထားတဲ့ သူက တော့ မော်လ်ဒယ်သရုပ်ဆောင် နွယ်နွယ်ထွန်း ပဲဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေ နဲ့ photo shooting တွေအပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးထားတာတွေ့ရပါတယ်။ နွယ်နွယ်ထွန်း ဟာ ဖြူဖွေးနုဖက်နေတဲ့ အသားအရည်လေးတွေအပြင် သွယ်လျ ကျစ်လျစ်တဲ့ အမိုက်စားကိုယ်လုံးလေးနဲ့ လှရက်လွန်းနေသူပဲဖြစ်ပါတယ်။

နွယ်နွယ်ထွန်း က ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ဆန်းသစ်တဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးတွေကို စမတ်ကျကျ ဝတ်ဆင်တတ်တဲ့ သူ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မကြာခဏဆိုသလို ဆွဲဆောင်မှုရှိပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အလန်းစား ပုံရိပ်လေးတွေကို ဖော်ပြ ပေးတာတွေ့ရပါတယ်။ ဒီတစ်ခါမှာလည်း နွယ်နွယ်ထွန်း က gym ဆော့ကစားနေရင်း ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာပါတယ်။

Source – Nwe Nwe Tun fb account