ပရိသတ္ေတြ ေစာင့္ေမွ်ာ္ ေနၾက တဲ့ MVသီခ်င္းေလးကို ပထမဦးဆုံး အႀကိမ္ခ်ျပလာတဲ့ ေဖြးေဖြး

ေဖြးေဖြးရဲ႕ သီခ်င္းေလးကေတာ့ တစ္ေယာက္တည္း ရွိေနခ်ိန္ ေတြမွာ နားေထာင္ရင္း ေဆြးလို႔ေကာင္းမယ့္ သီခ်င္းတစ္ပုဒ္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေဖြးေဖြးရဲ႕ “င့ါကမာၻထဲ” သီခ်င္း MV ေလးကို ၾကည့္ရႈခံစားရင္း ခံစားခ်က္တစ္စုံတစ္ရာရရွိေစမွာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးရဲ႕ ငယ္ဘ ဝအိပ္မက္ကေတာ့ အဆိုေတာ္ တစ္ေယာက္ျဖစ္လာဖို႔ပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက သူမဆယ္ေက်ာ္သက္အ႐ြယ္က Art Of Depression အဖြဲ႕နဲ႔ သီခ်င္းေတြသီဆိုခဲ့ဖူးသူတစ္ေယာက္ျဖစ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ ေဖြးေဖြးက သ႐ုပ္ေဆာင္ဘက္ ကို ပိုမို လုပ္ကိုင္ျဖစ္ၿပီး အခု ဆိုရင္ တစ္ႏိုင္ငံလုံးက ခ်စ္ရတဲ့ အကယ္ဒမီသုံးဆုရွင္ ေဖြးေဖြးရယ္ လို႔ ျဖစ္လာခဲ့တာပဲ ျဖစ္ပါတယ္။

ေဖြးေဖြးရဲ႕ ငယ္ဘဝအိပ္မက္ေလး ကေတာ့က သူမကိုယ္တိုင္ သီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္ကို Music Video အျဖစ္ ႐ိုက္ကူးၿပီး ပရိ သတ္ေတြဆီ ခ်ျပခ်င္တာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေဖြးေဖြးက သူမရဲ႕ အိပ္မက္ေလးတစ္ခုကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ရင္း Music Video ေလးတစ္ပုဒ္ကို ခ်ျပလာပါတယ္။ ေဖြးေဖြးက ထြန္းေနာင္ဆင့္ ေရးေပးၿပီး သူမ ကိုယ္တိုင္သီဆိုထားတဲ့ “င့ါကမာၻထဲ” သီခ်င္းေလးကို အခုလိုပဲ ပရိသတ္ေတြဆီ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

Source: Phway Phway’s fb

UNICODE

ဖွေးဖွေးရဲ့ သီချင်းလေးကတော့ တစ်ယောက်တည်း ရှိနေချိန် တွေမှာ နားထောင်ရင်း ဆွေးလို့ကောင်းမယ့် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ “င့ါကမ္ဘာထဲ” သီချင်း MV လေးကို ကြည့်ရှုခံစားရင်း ခံစားချက်တစ်စုံတစ်ရာရရှိစေမှာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ ငယ်ဘ ဝအိပ်မက်ကတော့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမဆယ်ကျော်သက်အရွယ်က Art Of Depression အဖွဲ့နဲ့ သီချင်းတွေသီဆိုခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဖွေးဖွေးက သရုပ်ဆောင်ဘက် ကို ပိုမို လုပ်ကိုင်ဖြစ်ပြီး အခု ဆိုရင် တစ်နိုင်ငံလုံးက ချစ်ရတဲ့ အကယ်ဒမီသုံးဆုရှင် ဖွေးဖွေးရယ် လို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ငယ်ဘဝအိပ်မက်လေး ကတော့က သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို Music Video အဖြစ် ရိုက်ကူးပြီး ပရိ သတ်တွေဆီ ချပြချင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ အိပ်မက်လေးတစ်ခုကို အကောင်အထည်ဖော်လုပ်ဆောင်ရင်း Music Video လေးတစ်ပုဒ်ကို ချပြလာပါတယ်။ ဖွေးဖွေးက ထွန်းနောင်ဆင့် ရေးပေးပြီး သူမ ကိုယ်တိုင်သီဆိုထားတဲ့ “င့ါကမ္ဘာထဲ” သီချင်းလေးကို အခုလိုပဲ ပရိသတ်တွေဆီ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source: Phway Phway’s fb