တပ္မေတာ္ အာဏာသိမ္းမႈ နဲ႔ ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)က ေၾကျငာခ်က္ ထုတ္လိုက္ၿပီ

တပ္မေတာ္က အာဏာသိမ္းၿပီး အေရးေပၚ အေျခအေန ေၾကညာတယ္ ဆိုတာ ၂၀၀၈ ခုႏွစ္မွာ ျပ႒ာန္းခဲ့တဲ့ အေျခခံ ဥပေဒပါ သတ္မွတ္ ခ်က္ေတြကို ေလးစားလိုက္နာမႈ မရွိတဲ့ သေဘာလို႔ ICJက ေထာက္ျပပါတယ္။အေျခခံ ဥပေဒ ပုဒ္မ ၄၁၇ အရ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာ ဏာကို ထိပါးလာႏိုင္တဲ့ အေျခအေနမ်ိဳးမွာ သမၼတက အေရးေပၚ အေျခအေန ေၾကညာရတာ ျဖစ္ပါတယ္။ပုဒ္မ ၄၁၈ အရ သမၼတက သာ ကာကြယ္ေရး ဦးစီးခ်ဳပ္ဆီ ႏိုင္ငံအာဏာ လႊဲေျပာင္း ေပးအပ္ရ တာပါ။ဒါေပမဲ့ တပ္မေတာ္က အာဏာသိမ္းယူတဲ့ ျဖစ္ရပ္မွာေတာ့ သမၼတ ဦးဝင္းျမင့္ကို ထိန္းသိမ္းလိုက္ၿပီးမွ ဒုတိယ သမၼတက အေရးေပၚ အေျခအေန ေၾကညာသြားတာ ျဖစ္ပါတယ္။

တပ္မေတာ္ အာဏာသိမ္းမႈဟာ ဥပေဒ နဲ႔ မညီၫြတ္ဘူးလို႔ ICJ (International Court of Justice)က သေဘာထား ထုတ္ျပန္လိုက္ ပါတယ္။တပ္မေတာ္ရဲ႕ အာဏာသိမ္းမႈဟာ ဖြဲ႕စည္းပုံ ဥပေဒနဲ႔ မညီ ၫြတ္သလို အေျခခံ ဥပေဒ နည္းလမ္း အားလုံးနဲ႔လည္း ကိုက္ညီမႈ မရွိေၾကာင္း အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ)က ေၾကညာခဲ့ပါတယ္။ေဖေဖာ္ဝါရီ ၁ ရက္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦး ေဆာင္ တဲ့ တပ္မေတာ္က အာဏာသိမ္းယူလိုက္တာနဲ႔ ပတ္သက္လို႔ ICJရဲ႕ သေဘာထား ယူဆခ်က္ကို ေနာက္ထပ္ တစ္ပ တ္အၾကာ ေဖေဖာ္ဝါရီ ၈ ရက္မွာ အတည္ျပဳ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

အာဏာသိမ္းတယ္ ဆိုတာက ၂၀၀၈ ခုႏွစ္မွာ တပ္မေတာ္က ဦးေဆာင္ ေရးဆြဲ ျပ႒ာန္းခဲ့ၿပီး အားနည္းခ်က္ေတြ ရွိေနတယ္ဆိုတဲ့ အေျခခံ ဥပေဒကို တပ္မေတာ္ကပဲ ခ်ိဳးေဖာက္လိုက္တဲ့ လုပ္ရပ္မ်ိဳးလို႔ ICJရဲ႕ အေထြေထြ အတြင္းေရးမႉး ဆမ္ ဇာရီဖီက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မူမမွန္တဲ့ အေျခအေနေတြ ရွိခဲ့ေၾကာင္း မၾကာေသးခင္ ကာလေတြအတြင္း တပ္မေတာ္က စြပ္စြဲခဲ့ေပမယ့္ ဒီအ ေျခအေနေၾကာင့္ အေရးေပၚ အေျခအေန ေၾကညာတယ္ ဆိုတဲ့အေပၚ တရားမွ်တတယ္လို႔ ယူဆလို႔ မရေၾကာင္း၊အခုလုပ္ရပ္ဟာ ျပည္ တြင္းမွာ အားနည္းမႈေတြ ရွိေနခဲ့တဲ့ တရားဥပေဒ စိုးမိုးေရး က႑ကို ပိုမို လႈပ္ခတ္သြားေစေၾကာင္း ဇာရီဖီက ဆိုပါတယ္။

အရပ္သား စီမံအုပ္ခ်ဳပ္မႈအေပၚ တပ္မေတာ္ရဲ႕ တာဝန္ယူ၊ တာဝန္ခံမႈဆိုတာ တရားဥပေဒ စိုးမိုးေရး အေျခခံ စည္းမ်ဥ္းေတြရဲ႕ အႏွစ္သာ ရျဖစ္ေၾကာင္း၊ျမန္မာစစ္ဘက္ အႀကီးအကဲေတြဟာ ႏိုင္ငံအာဏာကို ေနာက္တစ္ႀကိမ္ အတင္းအက်ပ္ သိမ္းယူဖို႔အတြက္ ဒီအေျခခံ စည္းမ်ဥ္းေတြကို ေျပာင္းလဲပစ္ခဲ့ေၾကာင္း ဇာရီဖီက ေျပာၾကားသြားပါတယ္။အာဏာသိမ္းမႈအၿပီး ျမန္မာ့ ဖြဲ႕စည္းပုံ ဥပေဒပါ လြတ္လပ္ စြာ ဆႏၵေဖာ္ထုတ္ခြင့္လိုမ်ိဳး လူ႔အခြင့္အေရး စံႏႈန္းေတြ ဆိုင္းငံ့ခံရတာမ်ိဳး ႀကဳံလာမွာကိုလည္း ICJက စိုးရိမ္ေနေၾကာင္း သိရပါတယ္။ ဇာဖီရီက ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပ လႈပ္ရွားေနမႈေတြ ကိုလည္း အသိအမွတ္ ျပဳခဲ့ပါတယ္။

တုန္လႈပ္စရာ အာဏာသိမ္းမႈ သတင္းကို ၾကားသိၿပီးတဲ့ေနာက္ အခုအခါ ရဲရင့္တဲ့ ဥပေဒ ပညာရွင္ေတြ၊ လူမႈအသင္းအဖြဲ႕နဲ႔ တက္ႂကြ လႈပ္ရွားသူေတြက သူတို႔ရဲ႕ အခြင့္အေရးေတြကို ေတာင္းဆိုဖို႔အတြက္ ၿငိမ္းခ်မ္းတဲ့ နည္းလမ္းေတြနဲ႔ အားထုတ္ေနတာ ေတြ႕ရေၾကာင္း၊ ဒီလႈပ္ရွားမႈဟာ တစ္စုံတစ္ရာ၊ ဒါမွမဟုတ္ ပါတီတစ္ရပ္ကို ဦးတည္တာမ်ိဳး မဟုတ္ဘဲ ျမန္မာျပည္သူေတြက ကိုယ့္ကိုယ္ကိုယ္ စီမံခြင့္ ရွိၿပီး ကိုယ္ပိုင္ အနာဂတ္အတြက္ ဆုံးျဖတ္ႏိုင္တယ္လို႔ ယုံၾကည္ ယူဆဖို႔ျဖစ္ေၾကာင္း ဇာဖီရီက ေျပာၾကားသြားပါတယ္။

UNICODE

တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ် အခြေအနေ ကြေညာတယ် ဆိုတာ ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံ ဥပဒေပါ သတ်မှတ် ချက်တွေကို လေးစားလိုက်နာမှု မရှိတဲ့ သဘောလို့ ICJက ထောက်ပြပါတယ်။အခြေခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံရဲ့ အချုပ်အခြာ အာ ဏာကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ သမ္မတက အရေးပေါ် အခြေအနေ ကြေညာရတာ ဖြစ်ပါတယ်။ပုဒ်မ ၄၁၈ အရ သမ္မတက သာ ကာကွယ်ရေး ဦးစီးချုပ်ဆီ နိုင်ငံအာဏာ လွှဲပြောင်း ပေးအပ်ရ တာပါ။ဒါပေမဲ့ တပ်မတော်က အာဏာသိမ်းယူတဲ့ ဖြစ်ရပ်မှာတော့ သမ္မတ ဦးဝင်းမြင့်ကို ထိန်းသိမ်းလိုက်ပြီးမှ ဒုတိယ သမ္မတက အရေးပေါ် အခြေအနေ ကြေညာသွားတာ ဖြစ်ပါတယ်။

တပ်မတော် အာဏာသိမ်းမှုဟာ ဥပဒေ နဲ့ မညီညွတ်ဘူးလို့ ICJ (International Court of Justice)က သဘောထား ထုတ်ပြန်လိုက် ပါတယ်။တပ်မတော်ရဲ့ အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီ ညွတ်သလို အခြေခံ ဥပဒေ နည်းလမ်း အားလုံးနဲ့လည်း ကိုက်ညီမှု မရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ကြေညာခဲ့ပါတယ်။ဖေဖော်ဝါရီ ၁ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင် တဲ့ တပ်မတော်က အာဏာသိမ်းယူလိုက်တာနဲ့ ပတ်သက်လို့ ICJရဲ့ သဘောထား ယူဆချက်ကို နောက်ထပ် တစ်ပ တ်အကြာ ဖေဖော်ဝါရီ ၈ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းတယ် ဆိုတာက ၂၀၀၈ ခုနှစ်မှာ တပ်မတော်က ဦးဆောင် ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့ အခြေခံ ဥပဒေကို တပ်မတော်ကပဲ ချိုးဖောက်လိုက်တဲ့ လုပ်ရပ်မျိုးလို့ ICJရဲ့ အထွေထွေ အတွင်းရေးမှူး ဆမ် ဇာရီဖီက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မူမမှန်တဲ့ အခြေအနေတွေ ရှိခဲ့ကြောင်း မကြာသေးခင် ကာလတွေအတွင်း တပ်မတော်က စွပ်စွဲခဲ့ပေမယ့် ဒီအ ခြေအနေကြောင့် အရေးပေါ် အခြေအနေ ကြေညာတယ် ဆိုတဲ့အပေါ် တရားမျှတတယ်လို့ ယူဆလို့ မရကြောင်း၊အခုလုပ်ရပ်ဟာ ပြည် တွင်းမှာ အားနည်းမှုတွေ ရှိနေခဲ့တဲ့ တရားဥပဒေ စိုးမိုးရေး ကဏ္ဍကို ပိုမို လှုပ်ခတ်သွားစေကြောင်း ဇာရီဖီက ဆိုပါတယ်။

အရပ်သား စီမံအုပ်ချုပ်မှုအပေါ် တပ်မတော်ရဲ့ တာဝန်ယူ၊ တာဝန်ခံမှုဆိုတာ တရားဥပဒေ စိုးမိုးရေး အခြေခံ စည်းမျဉ်းတွေရဲ့ အနှစ်သာ ရဖြစ်ကြောင်း၊မြန်မာစစ်ဘက် အကြီးအကဲတွေဟာ နိုင်ငံအာဏာကို နောက်တစ်ကြိမ် အတင်းအကျပ် သိမ်းယူဖို့အတွက် ဒီအခြေခံ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ခဲ့ကြောင်း ဇာရီဖီက ပြောကြားသွားပါတယ်။အာဏာသိမ်းမှုအပြီး မြန်မာ့ ဖွဲ့စည်းပုံ ဥပဒေပါ လွတ်လပ် စွာ ဆန္ဒဖော်ထုတ်ခွင့်လိုမျိုး လူ့အခွင့်အရေး စံနှုန်းတွေ ဆိုင်းငံ့ခံရတာမျိုး ကြုံလာမှာကိုလည်း ICJက စိုးရိမ်နေကြောင်း သိရပါတယ်။ ဇာဖီရီက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားနေမှုတွေ ကိုလည်း အသိအမှတ် ပြုခဲ့ပါတယ်။

တုန်လှုပ်စရာ အာဏာသိမ်းမှု သတင်းကို ကြားသိပြီးတဲ့နောက် အခုအခါ ရဲရင့်တဲ့ ဥပဒေ ပညာရှင်တွေ၊ လူမှုအသင်းအဖွဲ့နဲ့ တက်ကြွ လှုပ်ရှားသူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့အတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အားထုတ်နေတာ တွေ့ရကြောင်း၊ ဒီလှုပ်ရှားမှုဟာ တစ်စုံတစ်ရာ၊ ဒါမှမဟုတ် ပါတီတစ်ရပ်ကို ဦးတည်တာမျိုး မဟုတ်ဘဲ မြန်မာပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် စီမံခွင့် ရှိပြီး ကိုယ်ပိုင် အနာဂတ်အတွက် ဆုံးဖြတ်နိုင်တယ်လို့ ယုံကြည် ယူဆဖို့ဖြစ်ကြောင်း ဇာဖီရီက ပြောကြားသွားပါတယ်။