ရင္ဘက္ခ်င္း တူတဲ့ ဘက္ေတာ္သားမ်ားကို ေန႔စဥ္တတ္ႏိုင္ သေလာက္ ကူညီမယ္ ဆိုတဲ့ ပိုးၾကာျဖဴခင္

ပရိသတ္ႀကီးေရ……သ႐ုပ္ေဆာင္ မင္းသမီးတစ္လက္ျဖစ္တဲ့ ပိုးၾကာျဖဴခင္က သူမရဲ႕လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္လည္း “ေန႔ လည္ ၁၂ နာရီ ဆူးေလ ရင္ဘက္ခ်င္းတူတဲ့ ဘက္ေတာ္ သားမ်ားအတြက္ အခ်ိဳရည္ မုန႔္ နဲ႔ သၾကားလုံး မ်ားေပးေဝခဲ့ပါတယ္ စုထားတဲ့ အႏုပညာေၾကးေလးေတြနဲ႔ ေန႔စဥ္ ႏိုင္သေလာက္ ကူညီေပးပါမယ္ ”ဆိုတဲ့ ၾကည္ႏူးစရာ စာသားေလးနဲ႔ အတူ ပုံရိပ္ေလးေတြကို ေဝမွ်ေပး လာတာ ျဖစ္ပါတယ္။ကဲ…..ခ်စ္ပရိသတ္ ေတြကလည္း ပိုးၾကာျဖဴခင္ရဲ႕ စိတ္ထားေလးကို သေဘာက် ႏွစ္သက္မွာအမွန္ပဲမို႔ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

ပိုးၾကာျဖဴခင္ကေတာ့ အႏုပေလာက ထဲကို MRTV-4 ဇာတ္လမ္းတြဲေတြ ကေန တစ္ဆင့္ ဝင္ေရာက္လာတာ ျဖစ္ၿပီး သူမရဲ႕ သ႐ုပ္ ေဆာင္ပီျပင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြ ရင္ထဲမွာ ေနရာတစ္ေနရာကို အခိုင္အမာ ရယူထားႏိုင္တဲ့ မင္းသမီးေခ်ာေလး ဆိုလည္း မမွားပါဘူးေနာ္……။သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “မိုးေကာင္းကင္အိမ္မက္” ဇာတ္လမ္းတြဲဟာ ဆိုရင္လည္း လက္ရွိမွာျပန္လည္ ျပသေနတာျဖစ္ၿပီး ပရိသတ္ေတြ ရဲ႕ တစ္ခဲနက္ အားေပးမႈကို ထပ္မံ ရရွိထားတာ ပဲျဖစ္ပါတယ္။

ပိုးၾကာျဖဴခင္ဟာ အႏုပညာအလုပ္အေပၚကို တန္ဖိုးထား လုပ္ကိုင္သူေလး ျဖစ္တဲ့အျပင္ သူမခ်စ္တဲ့ ပရိသတ္ေတြကိုလည္း ေလးစား ကာ ဘာလုပ္လုပ္ ပရိသတ္ေတြကို ခ်ၾကေလ့ရွိတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။လတ္တေလာမွာ ျဖစ္ေပၚေနတဲ့ အေျခအေန တစ္ရပ္ေၾကာင့္ သူမဟာ ျပည္သူေတြနဲ႔အတူ လမ္းမထက္တြင္ တစ္သားတည္း ရပ္တည္ ေဆာင္႐ြက္ကာ တစ္ဖက္ တစ္လမ္းက ေနလည္း ျပည္သူေတြ အတြက္ အခ်ိဳရည္၊မုန႔္၊သၾကားလုံးေတြကို တတ္ႏိုင္သေလာက္ ကူညီလႉဒါန္းေနတာလည္း ေတြ႕ရပါတယ္ ေနာ္……။

Photo Credit -Poe Kyar Phyu Khin FB Page

UNICODE

ပရိသတ်ကြီးရေ……သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ ပိုးကြာဖြူခင်က သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင်လည်း “နေ့ လည် ၁၂ နာရီ ဆူးလေ ရင်ဘက်ချင်းတူတဲ့ ဘက်တော် သားများအတွက် အချိုရည် မုန့် နဲ့ သကြားလုံး များပေးဝေခဲ့ပါတယ် စုထားတဲ့ အနုပညာကြေးလေးတွေနဲ့ နေ့စဉ် နိုင်သလောက် ကူညီပေးပါမယ် ”ဆိုတဲ့ ကြည်နူးစရာ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ဝေမျှပေး လာတာ ဖြစ်ပါတယ်။ကဲ…..ချစ်ပရိသတ် တွေကလည်း ပိုးကြာဖြူခင်ရဲ့ စိတ်ထားလေးကို သဘောကျ နှစ်သက်မှာအမှန်ပဲမို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ပိုးကြာဖြူခင်ကတော့ အနုပလောက ထဲကို MRTV-4 ဇာတ်လမ်းတွဲတွေ ကနေ တစ်ဆင့် ဝင်ရောက်လာတာ ဖြစ်ပြီး သူမရဲ့ သရုပ် ဆောင်ပီပြင်ချက်တွေကြောင့် ပရိသတ်တွေ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီးချောလေး ဆိုလည်း မမှားပါဘူးနော်……။သူမပါဝင်သရုပ်ဆောင်ထားတဲ့ “မိုးကောင်းကင်အိမ်မက်” ဇာတ်လမ်းတွဲဟာ ဆိုရင်လည်း လက်ရှိမှာပြန်လည် ပြသနေတာဖြစ်ပြီး ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေးမှုကို ထပ်မံ ရရှိထားတာ ပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်အပေါ်ကို တန်ဖိုးထား လုပ်ကိုင်သူလေး ဖြစ်တဲ့အပြင် သူမချစ်တဲ့ ပရိသတ်တွေကိုလည်း လေးစား ကာ ဘာလုပ်လုပ် ပရိသတ်တွေကို ချကြလေ့ရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တစ်ရပ်ကြောင့် သူမဟာ ပြည်သူတွေနဲ့အတူ လမ်းမထက်တွင် တစ်သားတည်း ရပ်တည် ဆောင်ရွက်ကာ တစ်ဖက် တစ်လမ်းက နေလည်း ပြည်သူတွေ အတွက် အချိုရည်၊မုန့်၊သကြားလုံးတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းနေတာလည်း တွေ့ရပါတယ် နော်……။

Photo Credit -Poe Kyar Phyu Khin FB Page