လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူ၏အမြင် ကို ဖွင့်ပြော လာတဲ့ အောင်လအန်ဆန်း

ကျွန်တော်ရဲ့သဘောထားခံယူချက်က မြန်မာနိုင်ငံသား အားလုံးနဲ့အတူတူပဲဆိုတဲ့ ကျွန်တော့်ခံစားချက်ကိုဖော်ပြဖို့အတွက် ကျွန်တော်အ နေနဲ့ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာလုံးဝမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်မှာလဲ ကျွန်တော့်အခက်အခဲနဲ့ ကျွန်တော် ရှိတယ်ဆိုတာကို နား လည်ပေးဖို့မေတ္တာရပ်ခံပါတယ်။မြန်မာနိုင်ငံမှာတရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေလို့ကျွန်တော် ဆန္ဒပြုဆုတောင်းပါတယ်။ ချစ်ခင် ရပါသောမြန်မာနိုင်ငံသားများ ခင်ဗျား။ အခုအချိန်မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေ တွေဖြစ်နေတယ်ဆိုတာ ကျွန်တော်မြင်တွေ့ကြား သိနေပါတယ်။ အားလုံးပေးပို့တဲ့ သတင်းစကားတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။

ကျွန်တော်ကမြန်မာနိုင်ငံမှာ တပ်မတော်(စစ်တပ်)ကအာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့ လုံးဝသဘောမတူပါဘူး။ ပြီးတော့အား လုံးလည်းပဲဖြစ်ပေါ်လာတဲ့ အခြေအနေအဖြစ်အပျက်တွေကြောင့်စိတ်ပျက်လက်ပျက်ဖြစ်နေကြမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ဒေသ နဲ့ကျွန်တော့်မိသားစုအကြောင်းအားလုံးသိမယ်ဆိုရင် ကျွန်တော့်နှလုံးသားကအားလုံးနဲ့ အတူတူ ပဲဆိုတာသိမှာပါ။ကျွန်တော်ကမြန်မာနိုင်ငံကကချင် တိုင်းရင်းသားတယောက်ဖြစ်ပြီး၊ ကျွန်တော်ကလေးကတည်းက ဒီလိုအခြေအနေ တွေကိုကြုံတွေ့ ခံစားခဲ့ရတာပါ။ ဒီအခြေအနေအဖြစ်အပျက်တွေက ကျွန်တော့်လုပ်နိုင်စွမ်း ထက်အများကြီး ပိုတဲ့အခြေအနေပါ။

ကျွန်တော်ကကိုယ်ခံပညာပေါင်းစုံအားကစားသမားတစ်ဦးပဲဖြစ်ပြီးတော့၊နိုင်ငံရေးသမားတယောက်လဲမဟုတ်ပါဘူး။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်းသည် အဖြစ်အပျက်တွေမှာပါဝင်လုပ်ဆောင် အဖြေရှာနေကြပါတယ်။ဒါပေမယ့်အားလုံးက စိတ်ပျက် လက်ပျက်ဖြစ် နေပြီး စိတ်ထွက်ပေါက်ပေးဖို့ အတွက်လိုအပ်တယ်ဆိုရင်တော့၊အားလုံးအတွက်ကျွန်တော်အမြဲ ရှိနေပါတယ်။ ကျွန်တော့်ကိုဝေဖန် ထောက်ပြပြီး သတင်းစကားပေးပို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျွန်တော်သိကျွမ်းတဲ့အရာက အားကစားပါ။ကျွန်တော်က အားကစား သမားပါ၊နိုင်ငံရေးသ မားတယောက်မဟု တ်ပါဘူး။မြန်မာနိုင်ငံမှာဘ ယ်လိုနိုင်ငံရေး အခြေအနေဖြစ်နေပါစေ၊

မြန်မာနိုင်ငံကိုအကောင်း ဆုံးပဲဖြစ်စေချင်ပါတယ်။ ဒီလိုမသေချာမရေရာတဲ့ အခြေအနေမှာ၊ အားလုံးစည်းစည်းလုံးလုံး ရှိနေဖို့ကအရမ်း အရေးကြီးပါတယ်။ ကျွန်တော်အများကြီး မလုပ်ဆောင်နိုင်ပေမယ့်၊ ကျွန်တော်တို့ရဲ့ လူမှူအဖွဲ့အစည်းကို ပိုမိုမျှတကောင်းမွန်တဲ့ အဖွဲ့အ စည်းဖြစ်လာစေဖို့ ကျွန်တော် တတ်စွမ်းတဲ့ဘက်ကနေ အကောင်းဆုံး လုပ်ဆောင်မယ် ဆိုတာကိုတော့ ကျွန်တော်အားလုံးကို ကတိပြု ပါတယ်။ အားလုံးကိုချစ်ခင်တဲ့ အောင်လအင်ဆန်။

Add a Comment

Your email address will not be published. Required fields are marked *