ညအိပ်ဝတ်စုံလေးနဲ့ စည်းချက် ကျကျ လှုပ်ခါပြီး အပီအပြင်ကပြထားတဲ့ ဖူးပွင့်သခင်ရဲ့ဗီဒီယို





UNICODE

မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ ပြုံးလိုက် တိုင်းမှာ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ သူမတူအောင်လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။ ဖြူဖွေးဝင်းဥတဲ့အသားအရေပိုင်ရှင်လေးဖြစ်တဲ့ ဖူးပွင့်သခင်က အပြစ်ပြောစရာမရှိအောင် အချိုးအစားပြေပြစ်တဲ့ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင် ထားပါသေးတယ်။ ဖူးပွင့်သခင်အနေနဲ့ တစ်ချိန်က ဗီဒီယို ဇာတ်ကားတွေ တော်တော်များများကို ရိုက်ကူးခဲ့ရသလို လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

လတ်တလောမှာဆိုရင် ဖူးပွင့်သခင်က Photo Shooting လေးတွေ အများအပြားရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် ။ အမြဲတမ်း ဖက်ရှင်ကျကျဝတ်ဆင်လေ့ရှိပြီး အပြတ်လန်းနေတဲ့ ဖူးပွင့်သခင်က ယောက်ျားလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ပိုမိုရရှိထားသူလေး ဖြစ်ပါတယ် ။ အခုလည်း ဖူးပွင့်သခင်က အသည်း ယားစရာကောင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အပီအပြင် Tik Tok ကစားထားတာ ဖြစ်ပါတယ် ။

ဖူးပွင့်သခင်က အိမ်နေရင်းပုံစံလေးနဲ့တောင် ဆွဲဆောင်မှု ရှိရှိလှနေသလို သီချင်းတီးလုံးအတိုင်း စည်းချက်ကျကျလှုပ်ခါပြီး ကပြထားတာလည်း ဖြစ်ပါတယ် ။ ကြွေချင်စရာကောင်းလောက်အောင် အမိုက်စားရိုက်ကူးထားတဲ့ ဖူးပွင့်သခင်ရဲ့ဗီဒီယိုလေးတွေကတော့ Tik Tok မှာ ကြည့်ရှုသူများပြားနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖူးပွင့်သခင်ရဲ့အလန်းစား Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Phoo Pwint Thakhin’s Tik Tok Acc

Add a Comment

Your email address will not be published. Required fields are marked *